မင်္ဂလာပါ!

လှိုက်လှဲစွာကြိုဆိုပါသည်။ ယခု ပထမဆုံးအကြိမ် ရောက်ဖူးခြင်းဖြစ်ပါသလား? ဝင်ရောက် ဆွေးနွေး မေးမြန်းလိုပါလျှင် အောက်တွင်ဖော်ပြထားသော button များမှတဆင့် ဝင်ရောက် ဆွေးနွေးနိုင်သကဲ့သို့ အဖွဲ့ဝင်အသစ်အနေဖြင့်လည်း လျှောက်ထားနိုင်ပါတယ်။

MYSTERY ZILLION တွင် English သို့မဟုတ် Unicode ဖြင့်သာ အသုံးပြုခွင့်ရှိသည်။ ဇော်ဂျီ ၊ ဧရာ စသည်တို့ကို အသုံးပြုခွင့် မရှိ။ Unicode fonts များမှာ Mon3,Yunghkio, Myanamr3 စသည်များ အသုံးပြုနိုင်သည်။ Unicode Guide ကို ဒီမှာ Download ချပါ။ Zawgyi to Unicode Converter
Don't share ebook or software if nobody request. You can find free book websites on here. We are welcome for discussion or asking question instead.

Solaris Operating System

Solaris Operating System ဘယ်လိုနေရာမျိုးတွေမှာသုံးပါသလဲ။အားသာချက်တွေလည်းသိချင်ပါတယ်..

မှတ်ချက်များ

  • Administrators

    Solaris ကို ဘယ်လိုနေရာသုံးလဲဆို ပြောရတော့ခက်တယ် အများဆုံးကတော့ Sun Server တွေသုံးနေတဲ့ လူတွေပဲဖြစ်ပါလိမ့်မယ် နောက်ထပ်တမျိုးကတော့ အရင်ကတည်းက Solaris သုံးလာပြီးတော့ သုံးနေတဲ့ Software တွေဟာ Solaris ပေါ်မှာအဓိက ရည်ရွယ်ပြီးတော့ Develop လုပ်ထားတဲ့ Software တွေကို မဖြစ်မနေ ဆက်သုံးနေဖို့ရှိကြတဲ့ Enterprise တွေကတော့ Solaris ဆက်ပြီးသုံးနေရမှာပါ။ အခုမှအသစ်စမယ့် လူတွေဆိုရင်တော့ Solaris သုံးဖို့တော့ မရှိသလောက် ဖြစ်လာမယ်ထင်တယ်။ နောင်လည်း အကြီးအကျယ်သုံးဖို့ မျှော်လင့်ဖို့တော့ မဖြစ်နိုင်တော့ပါဘူး။

    အားသာချက်ကတော့ Features တွေ အနေနဲ့ကြောင့် Solaris သုံးကြတယ်လို့တော့ မရှိပါဘူး။ Solaris ရယ်မှမဟုတ်ဘူး Commercial ကိုသုံးရတဲ့ ရည်ရွယ်ချက်က အဓိကတခုပဲရှိတယ် အဲဒါက အာမခံချက် လိုချင်တာတခုပါပဲ။ Free ရတဲ့ Linux Distribution တွေရှိတာပဲ ဒါပေမယ့် Commercial Linux တွေကိုပဲ Enterprise တွေက သုံးတာပါပဲ။ အဲဒီတော့ Solaris ကလည်း Commercial Unix ဆိုတော့ Unix ပဲသုံးမှရမယ့် Environment မှာ ဝယ်သုံးဆိုလည်း ရွေးစရာလည်း အများကြီးမှမရှိတာပဲ။ Commercial ရဲ့ အဓိကအားသာချက်က ဘာလဲဆိုရင် Commercial ဆိုတဲ့အချက်ဟာ အဓိကအားသာချက်ပါပဲ။

Sign In or Register to comment.