မင်္ဂလာပါ!

လှိုက်လှဲစွာကြိုဆိုပါသည်။ ယခု ပထမဆုံးအကြိမ် ရောက်ဖူးခြင်းဖြစ်ပါသလား? ဝင်ရောက် ဆွေးနွေး မေးမြန်းလိုပါလျှင် အောက်တွင်ဖော်ပြထားသော button များမှတဆင့် ဝင်ရောက် ဆွေးနွေးနိုင်သကဲ့သို့ အဖွဲ့ဝင်အသစ်အနေဖြင့်လည်း လျှောက်ထားနိုင်ပါတယ်။

MYSTERY ZILLION တွင် English သို့မဟုတ် Unicode ဖြင့်သာ အသုံးပြုခွင့်ရှိသည်။ ဇော်ဂျီ ၊ ဧရာ စသည်တို့ကို အသုံးပြုခွင့် မရှိ။ Unicode fonts များမှာ Mon3,Yunghkio, Myanamr3 စသည်များ အသုံးပြုနိုင်သည်။ Unicode Guide ကို ဒီမှာ Download ချပါ။ Zawgyi to Unicode Converter
Don't share ebook or software if nobody request. You can find free book websites on here. We are welcome for discussion or asking question instead.

Customize xkb key layout

Ubuntu ကို install လုပ်လိုက်ရင် မြန်မာစာအတွက် keyboard တစ်ခု Build-in ပါလာပါတယ်။ ဒါပေမယ့် အဲဒီ Keyboard က Character code တွေက လွဲနေတဲ့အတွက် သုံးလို့မရဘူး။ ဒီနေ့တော့ ကလိချင်တာနဲ့ xkb အကြောင်းတွေကို ရှာဖတ်ကြည့်တော့ /usr/share/X11/xkb/symbols/mm ဆိုတဲ့ File ထဲမှာ မြန်မာစာအတွက် Character Code တွေရေးထားတာကို တွေ့တယ်။ အဲဒီဖိုင်ထဲက Character Code တွေကိုပြန်ပြင်ချင်တယ်ဆိုရင် ဘယ်နေရာက စံသတ်မှတ်ချက်တွေကိုယူပြီးပြင်ရမလဲ၊ ဘယ်လိုနားလည်ရမလဲ သိချင်ပါတယ်။ ကျေးဇူးတင်ပါတယ်။

မှတ်ချက်များ

  • edited May 2014 Administrators

    အရမ်းရှုပ်ရှုပ် ထွေးထွေးတော့ မဟုတ်ပါဘူး ရှိတဲ့ xkb file တခုကိုဖွင့်ကြည့်ရင်ပဲ ပြင်လို့ရတဲ့အခြေအနေ ရှိပါတယ် အသေးစိတ်ဖတ်ကြည့်ချင်ရင်တော့ အောက်မှာပြထားတဲ့ Links တွေကိုကြည့်ပါ ပါလာတဲ့ Keyboard ကသုံးလို့အဆင်မပြေရင် နမူနာအနေနဲ့ ကြည့်ချင်ရင် တခြား မြန်မာကီးဘုတ်တွေကို နမူနာကြည့်လို့ရတယ် တခုတော့ရှိတယ် xkb က key တွေကို တလုံးနဲ့တလုံး Map လုပ်ချင်တာအတွက်ပဲ အဆင်ပြေတယ် မြန်မာယူနီကုဒ်လို Re-Ordering လိုတာမျိုးတွေကျတော့ လုပ်မပေးနိုင်ဘူး အဲဒါကြောင့် မူရင်းပါလာတဲ့ ကီးဘုတ်ကEnd-User အတွက် အဆင်မပြေတာပါ မှားနေတာမဟုတ်ပါဘူး

    http://www.x.org/wiki/XKB/

    http://www.charvolant.org/~doug/xkb/

    https://help.ubuntu.com/community/Howto: Custom keyboard layout definitions

    https://code.google.com/p/zawgyi-keyboard/source/browse/linux-pkgs/ubuntu/zawgyi-kb/mm

Sign In or Register to comment.