မင်္ဂလာပါ!

လှိုက်လှဲစွာကြိုဆိုပါသည်။ ယခု ပထမဆုံးအကြိမ် ရောက်ဖူးခြင်းဖြစ်ပါသလား? ဝင်ရောက် ဆွေးနွေး မေးမြန်းလိုပါလျှင် အောက်တွင်ဖော်ပြထားသော button များမှတဆင့် ဝင်ရောက် ဆွေးနွေးနိုင်သကဲ့သို့ အဖွဲ့ဝင်အသစ်အနေဖြင့်လည်း လျှောက်ထားနိုင်ပါတယ်။

MYSTERY ZILLION တွင် English သို့မဟုတ် Unicode ဖြင့်သာ အသုံးပြုခွင့်ရှိသည်။ ဇော်ဂျီ ၊ ဧရာ စသည်တို့ကို အသုံးပြုခွင့် မရှိ။ Unicode fonts များမှာ Mon3,Yunghkio, Myanamr3 စသည်များ အသုံးပြုနိုင်သည်။ Unicode Guide ကို ဒီမှာ Download ချပါ။ Zawgyi to Unicode Converter
Don't share ebook or software if nobody request. You can find free book websites on here. We are welcome for discussion or asking question instead.

MS Office 2013 မှာ Myanmar3 လက်ကွက် သံုးလို့မရပါ။

edited November 2013 in DTP
ယူနီကုဒ် ဖြစ်တဲ့ မြန်မာ ၃ လက်ကွက်ကို ပြောင်းမယ်၊ ပြောင်းမယ်နဲ့ လွန်ခဲ့တဲ့ တစ်လလောက်ကမှ အပြည့်အဝ စပြောင်းဖြစ်ခဲ့တယ်။ အားလံုး အဆင်ပြေပါတယ်။ "ှ" ဟပ်ထိုးကို Ctrl+v ရိုက်ရေးရတာက လွဲလို့ပေါ့။ လွန်ခဲ့တဲ့ ၃ ရက်က Office 2010 ကနေ 2013 ကို ပြောင်းတာက စကွိုင်တာပဲ။ လက်ကွက်စာလံုးတစ်လုံးချင်း အကုန်လံုးကိုပေါ်နေတာ။ အ ဲ ဒ ီ လ ိ ု က ိ ု ကွက်လပ်(Space) မခြားဘဲ ပေါ်တာပါ။ ရိုက်ထားသမျှ အကုန် အဲဒီလိုပေါ်တော့ လန့်သွားတာပေါ့။ ပျက်သွားပြီလားပေါ့။ ဇော်ဂျီနဲ့ ရိုက်ထားတာတွေကြတော့ အဆင်ပြေလို့။ အခု ဇော်ဂျီကိုတောင် မရိုက်တတ်တော့ဘူး။ မြန်မာ ၃ ကလည်း သုံးမရ၊ ဘာဆက်လုပ်ရမှန်းကို မသိတော့ပါဘူးဗျာ။ သိသမျှ၊ ရှိသမျှ နေရာချ(Setting) လို့ရတာတွေလည်း မွှေနှောက်ပြီးပြီ။ အကြံကုန်လို့ တင်လိုက်တာပါ။ Office 2013 က ပြတင်းပေါက် ၈ စနစ်အတွက် ရည်ရွယ်ထုတ်ထားတာဆိုတော့ ပြတင်းပေါက် ၈ မှာရော အဲဒီပြဿနာ တက်ဦးမှာလား။ ဘာကြောင့်ဖြစ်တာလဲ ဆိုတာနဲ့ ဟပ်ထိုးလက်ကွက်ကိုလည်း လမ်းကြုံ ညွှန်ပြပေးသွားပါဦးလို့။ (လောလောဆယ်တော့ အခြား လက်ဆွဲကွန်ပြူတာမှာ ပါတဲ့ Office 2007 နဲ့ နှစ်ပါးသွား ကနေပါကြောင်း)

ကျေးဇူးတင်စွာဖြင့်
NCPS

မှတ်ချက်များ

  • Administrators
    Office 2013 မသုံးတော့ စမ်းပေးလို့မရဘူး ရှာတော့ပေးလိုက်တယ် Indian တချို့ သူတို့စာတွေလည်း Rendering မလုပ်ဘူး ပြောနေတဲ့နေရာတွေ့တယ် OpenType တချို့ Features တွေ Disable ဖြစ်နေလို့လို့ပြောတယ်။ Ligature option ပြောင်းပေးရင် ရတယ်ပြောတယ် စမ်းကြည့်ပါ။ Ligature options ကိုအောက်မှာ ပြထားတဲ့ URL မှာ ဘယ်လိုပြောင်းရမယ် ပြောထားတယ် အမျိုးမျိုးပြောင်းကြည့်ပါ Indain Complex Scrips တွေရရင် ဗမာစာလည်းရပါလိမ့်မယ်။

    http://office.microsoft.com/en-001/word-help/opentype-options-in-the-font-dialog-box-HA101809106.aspx
  • Registered Users
    လက်ရှိ ကျွန်တော် Windows 8 မှာ Office 2013 နဲ့ တွဲပြီး သုံးနေတာတော့ ဘာပြဿနာမှ မရှိဘူး။ သုံးလို့ အဆင်ပြေတယ်။ ဒါပေမယ့် လက်ကွက်စာလံုးတစ်လုံးချင်း ပေါ်တာမျိုး အရင်က ဖြစ်ဖူးတယ်။ အဲ့တာက Office 2013 ကို Clean Install တင်တာမျိုး မဟုတ်ရင် အဲ့လို ပြဿနာတတ်တယ်။ အဲ့တာ အတွေ့အကြံုအရ ပြောတာ။ အရင်က Office 2010 တင်ထားတာကို ဖြုတ်ချပြီး Office 2013 တင်ရင် အဲ့လို Unicode နဲ့ ရိုက်ထားတဲ့ မြန်မာစာလုံးတွေ လက်ကွက်စာလံုး တစ်လုံးချင်း ပေါ်တဲ့ပြဿနာ တက်တာ လေးငါးကြိမ် ကြံုဖူးတယ်။ ခုနောက်ပိုင်း Office 2013 ကို Clean Install နဲ့ချည်းတင်တော့ အဲ့လို ပြဿနာ မကြံုရတော့ဘူး။

    47sd.gif
  • Registered Users
    ကျွန်တော်လည်း ဖြစ်တယ်။ ၂၀၁၀ ကနေ အဆင့်မြှင့်တာ တင်လို့မရဘူး။ Express install လုပ်မှ ရသွားတာ။ တစ်ခု သံသယ ဝင်တာက ၂၀၁၀ တုန်းက စာလံုးမှားရိုက်ရင် Mymyanmar လက်ကွက်ကို ပြောင်းပြောင်းသွားတယ်။ အဲဒါနဲ့ အဲဒီ လက်ကွက်ကို ဖြုတ်ဖို့ ဖြုတ်မရခဲ့ဘူး။ အခု တင်တော့ ကလိရင်းနဲ့ ဖြုတ်လိုက်တော့ ပြုတ်သွားရော။ ပြုတ်သွားတော့ အခု လက်ကွက် ရွေးတဲ့နေရာမှာ သူ့ ပံုသေလက်ကွက်(Calibri)ရယ်၊ Mymyanmar လက်ကွက်ပဲ ရွေးလို့ရတော့တယ်။ ကောင်းတဲ့အချိန် ကောင်းနေပြန်ရော။ အဲဒီမှာ ဖြုတ်ထားတဲ့ Mymyanmar က ဘာလို့ ဆက်ပေါ်နေတာလဲ ဆိုတာက စဉ်းစားစရာ။ Font ထဲမှာတောင် မရှိတော့တဲ့ဟာကြီးကို။

    နောက်၊ အဒိုဘီ AI ထဲ ဝင်လိုက်တော့ Office မှာ ဖြစ်တဲ့အတိုင်း အပေါ်ကလို တစ်လုံးချင်းစီ ဖြစ်နေပြန်ရော။ Visio ထဲကျတော့ မဖြစ်ဘူးဗျ။ အကိုတို့ ပေးတဲ့ လမ်းညွှန်ကတိုင်းလုပ်တယ်။ ရပါတယ်။ အသစ်ကရေးရင်ပေါ့လေ။ အရင်တုန်းက ရေးထားတဲ့ဟာတွေကြတော့ ဖတ်လို့ရဘူး။ တစ်လုံးချင်းစီ ပေါ်နေတုန်းပဲ။ အဲဒါကရော ဘယ်လိုပြန်လုပ်ရင် ရနိုင်မလဲဟင်။ AI ထဲကျတော့ အသတ်" ်" နဲ့ ဟပ်ထိုး" ှ" က အခုအတိုင်း ပေါ်နေတုန်းပဲ။ အကြံ`ဉာဏ်လေးများလည်း မစပါအုံး။

    ဟပ်ထိုးကိစ္စလည်း လုပ်ပေးပါအုံး။ လက်ကွက်ပုံစံအတိုင်း ရိုက်တာ မပေါ်ဘူးဗျ။ အခုထိ Ctrl+v နဲ့ ရိုက်နေရတုန်း။

  • Registered Users
    အောက်ကမြင့် "့" ကလည်း အောက်တည့်တည့်ကို ရောက်နေတယ်။ နေ့ ဆိုရင် နငယ် အောက်တည့်တည့်ကို ရောက်နေတယ်ဗျ။ လုပ်ပါအံုး။
  • Registered Users

    Windows 8 မှာ rendering engine ကို Uniscribe က နေ DirectWrite ကိုပြောင်းတယ်။ DirectWrite က မြန်မာ ယူနီကုဒ် ၆.၂ (အခုတော့ ၆.၃ ဖြစ်မှာပါ ) ကို အပြည့်အဝ လက်ခံတယ်ဆိုပါတယ်၊

    Windows 8 ထည့်ပြီး control panel မှာ မြန်မာ စာ ကို ထည့်ထားရင်၊ အဆင်ပြေသွားမယ်ထင်ပါတယ်။ တကယ်လို့ပြဿနာဖြစ်နေသေးရင် Microsoft သွားပြီး bug report လုပ်ရင်ကောင်းမလားလို့ပါ။

  • Registered Users

    ကျွန်တော်လည်း window 8.1 ကိုသုံးနေတာပါ အဲဒီ MS Office 2013 က အ ဲ ဒ ီ လ ိ ု က ိ ု အထက်က အစ်ကိုပြောသလိုပဲ ဖြစ်နေတယ်ဗျာ သုံးလည်းသုံးချင်တယ် Clean Install ဆိုတာဘာကိုပြောတာလည်းမသိဘူး ခုတော့ Office 2010 နဲ့ပဲသုံးနေရတယ် အကြံဉာဏ်လေးပေးကြပါအုံးဗျာ :'(

  • Administrators

    မြန်မာ ၃ နောက်ဆုံး font https://code.google.com/p/myanmar3source/downloads/detail?name=mm3-multi-os(16-08-2011).ttf&can=2&q= ကို သုံးကြည့်ပါလား ?

  • edited February 2014 Registered Users

    ရုံးက MS office 2013 License နဲ့ သုံးနေတာ -Win---Kalaw , Win---Researcher စတဲ့ --- ပါတဲ့ဖောင့်နဲ့ ရိုက်မရတဲ့အပြင် အရင်ရိုက်ထားတာတွေ လည်းဖွင့်မရဘူးဖြစ်နေတယ်
    အင်္ဂလိပ်စာလုံးတွေပဲပေါ်နေတယ်
    ဘယ်နေရာမှာ setting ပြောင်းပေးရမလဲ

  • Registered Users

    Home ထဲက Fonts ရွေးတဲ့နေရာမှာ Myanmar3 ကိုရွေးပါ..
    ၄င်း Tab ညာဖက်အောက်ဒေါင့်မှ မျှားလေးကို နှိပ်ပါ.. Fonts Menu ပေါ်လာပါလိမ့်မယ်…
    Font နဲ့ Advanced ဆိုပြီး Tab နှစ်ခုရှိပါလိမ့်မယ်..
    Advanced Tab ကိုသွားပါ..
    OpenType Features အောက်က ကို CalmHill ပြောတဲ့ Ligatures ဆိုတာတွေ့ပါလိမ့်မယ်..
    အဲ့ဒီ့ Ligatures နေရာမှာ ALL ကိုရွေးပေးရင်ရပါပြီ.. mm3 unicode ကိုပုံမှန်သုံးလို့ရပါလိမ့်မယ်…

  • Registered Users

    ကျွန်တော်ရုံးမှာသုံးနေတာ Windows 8 , MS Office 2013 ပါ နှစ်ခုလုံးလိုင်စင်နဲ့ပါ အစပိုင်းမှာ အဆင်မပြေလို့
    ရှာကြည့်လိုက်တော့ Keyman 9.0 ကို Myanmar 3 Multi Os Font နဲ့ တွဲသုံးရင် အဆင်ပြေတာ တွေ့ရပါတယ်
    စမ်းသုံးကြည့်ပါ။

Sign In or Register to comment.