မင်္ဂလာပါ!

လှိုက်လှဲစွာကြိုဆိုပါသည်။ ယခု ပထမဆုံးအကြိမ် ရောက်ဖူးခြင်းဖြစ်ပါသလား? ဝင်ရောက် ဆွေးနွေး မေးမြန်းလိုပါလျှင် အောက်တွင်ဖော်ပြထားသော button များမှတဆင့် ဝင်ရောက် ဆွေးနွေးနိုင်သကဲ့သို့ အဖွဲ့ဝင်အသစ်အနေဖြင့်လည်း လျှောက်ထားနိုင်ပါတယ်။

MYSTERY ZILLION တွင် English သို့မဟုတ် Unicode ဖြင့်သာ အသုံးပြုခွင့်ရှိသည်။ ဇော်ဂျီ ၊ ဧရာ စသည်တို့ကို အသုံးပြုခွင့် မရှိ။ Unicode fonts များမှာ Mon3,Yunghkio, Myanamr3 စသည်များ အသုံးပြုနိုင်သည်။ Unicode Guide ကို ဒီမှာ Download ချပါ။ Zawgyi to Unicode Converter
Don't share ebook or software if nobody request. You can find free book websites on here. We are welcome for discussion or asking question instead.

မြန်မာ ယူနီကုတ် ဖွန့်များကို ဖန်တီးလိုပါတယ်

edited July 2013 in Graphic
မြန်မာယူနီကုတ် ရှင်းလင်းချက်တွေမှာ ဘယ်လိုသုံးရလဲဆိုတာပဲ ပါတာများပါတယ် အခုသုံးတက်နေပါပြီ နောက်တဆင့်တက်တဲ့အနေနဲ့ font တွေကို ဘယ်လိုဖန်တီးမလဲ ဆိုတာဖြစ်နေပါပြီ လမ်းစပေးစေလိုပါတယ်
ကျနော် တချို့ eng font တွေကို fontlab studio မှာ စမ်းပြီး ဖန်တီးနေပါတယ် ဒါပေမယ့် graphic ကလွဲရင် ကျန်တဲ့ အပိုင်းသိပ်မသိတာကြောင့်ရှေ့မရောက်ဖြစ်နေပါတယ်
မြန်မာယူနီကုတ်တစ်ခု ဖန်တီးဖို့အတွက် လမ်းစလေးများ ဆွေးနွေးနိုင်မလားဗျာ ကျေးဇူးပါ

မှတ်ချက်များ

  • Administrators
    Windows နဲ့ Linux ကို ဖန်တီးဖို့ရာမှာတော့

    http://www.microsoft.com/typography/OpenTypeDev/myanmar/intro.htm

    ဖတ်နိုင်ပါတယ်။

    သိပ်လွယ်လှတော့ ကိစ္စ မဟုတ်တာတော့ အမှန်ပါ။ Apple အတွက်ဆိုရင်တော့ AAT အသုံးပြုပြီး ဖန်တီးရပါတယ်။

    အစအဆုံး မဟုတ်ပဲ Glyph တွေပဲ ဖန်တီးချင်တယ်ဆိုရင်တော့

    https://code.google.com/p/myanmar3source/downloads/list

    က source code ကို အသုံးပြုပြီး ဖန်တီးနိုင်ပါတယ်။

    vtp ကတော့ Microsoft opentype အတွက် ဖြစ်ပြီး သူနဲ့ ဖန်တီးထားတဲ့ font က windows နဲ့ linux မှာ အလုပ်လုပ်ပါလိမ့်မယ်။

    mif ကတော့ AAT အတွက်ပါ။ AAT ပါမှ mac မှာ render လုပ်ပါလိမ့်မယ်။

    Rendering ဆိုတာကတော့ ​ြ + က = ကြ ( ရရစ်အကြီး အလိုလိုပြောင်းသွား) ဖြစ်သွားအောင် ဖန်တီးပေးတဲ့ အပိုင်းပါ။
Sign In or Register to comment.