မင်္ဂလာပါ!

လှိုက်လှဲစွာကြိုဆိုပါသည်။ ယခု ပထမဆုံးအကြိမ် ရောက်ဖူးခြင်းဖြစ်ပါသလား? ဝင်ရောက် ဆွေးနွေး မေးမြန်းလိုပါလျှင် အောက်တွင်ဖော်ပြထားသော button များမှတဆင့် ဝင်ရောက် ဆွေးနွေးနိုင်သကဲ့သို့ အဖွဲ့ဝင်အသစ်အနေဖြင့်လည်း လျှောက်ထားနိုင်ပါတယ်။

MYSTERY ZILLION တွင် English သို့မဟုတ် Unicode ဖြင့်သာ အသုံးပြုခွင့်ရှိသည်။ ဇော်ဂျီ ၊ ဧရာ စသည်တို့ကို အသုံးပြုခွင့် မရှိ။ Unicode fonts များမှာ Mon3,Yunghkio, Myanamr3 စသည်များ အသုံးပြုနိုင်သည်။ Unicode Guide ကို ဒီမှာ Download ချပါ။ Zawgyi to Unicode Converter
Don't share ebook or software if nobody request. You can find free book websites on here. We are welcome for discussion or asking question instead.

Print Spooler Error

edited September 2008 in Hardware
:):):) မိတ်ဆွေတို ့မှာ print spooler error ကြောင့်ပဲဖြစ်ဖြစ်၊ Document တခုခုကို Print ပေးလိုက်တာနဲ ့ ဟမ်းနေတာပဲဖြစ်ဖြစ်၊ မိမိရဲ့စက်မှာ ဘယ်လိုပဲ printer driver တင်တင် တင်လို ့မရတာပဲဖြစ်ဖြစ်၊ local network ပေါ်မှာ Printer ုထုတ်မရတာပဲဖြစ်ဖြစ် ကြုံတွေ ့လာခဲ့ရင် ပြုလုပ်နိုင်ဖို ့ အတွက် print spooler Error များ ဖြေရှင်းနည်းကို ရေးသားမှတ်တမ်းပြုစုလိုက်ရပါသည်။
၁။ start>>run, run box ထဲမှာ services.msc လို ့ရိုက်ထဲ့၊ Enter ခေါက်။
၂။ အဲဒီ services တွေထဲမှာ print spooler service ကို ရှာတွေ ့ရင် Right Click နှိပ်>> start လို ့ပြော။ ok နဲ ့ထွက်။ ဒါနဲ ့တင် မလုံလောက်သေးဘူး၊ မပြီးသေးဘူး....
၃။ စက်ကို Restart ချ။ ပြန်တက်တက်ချင်း ကီးဘုတ် ကနေ F8 ကိုနှိပ်ထား မလွတ်နဲ ့စာတွေအများကြီးကျလာလိမ့်မယ်။ အဲဒီစာတွေထဲမှာမှ Safe Mode ဆိုတာကို ရွေး။ Enter ခေါက်။ ( Windows ကို Normal မတက်ခိုင်းပဲ၊ Safe Mode နဲ ့တက်ခိုင်းခြင်းဖြစ်သည်။)
၄။ C:\WINDOWS\system32\spool\PRINTERS နှင့် C:\WINDOWS\system32\spool\drivers အခုပေးထားတဲ ့လမ်းကြောင်း ၂ ခုလုံးကို ရောက်အောင်သွားပြီးတော့ အဲဒီ Folder တွေထဲမှာရှိတဲ့ file တွေ၊ folder တွေ အားလုံးကို delet လုပ်လိုက်ပါ။
၅။ start>>run, run box ထဲမှာ regedit လို ့ရိုက် Enter ခေါက်။ registry ထဲမှာ ၀င်မွှေတော့မှာဆိုတော့ ကြိုပြီးတော့ registry ကို Backup လုပ်ထားဖို ့လိုလာပြီ။ Backup လုပ်ချင်ရင် File Menu>>Export ပြီးရင် save လုပ်။
၆။ HKEY_LOCAL_MACHINE\SYSTEM\CurrentControlSet\Control\Print\Environments\Windows NT x86\Drivers အခုရေးထားတဲ ့လမ်း ကြောင်းအတိုင်းသွားပါ။ အဲဒီထဲမှာ Version- 2 or 3 ဆိုတဲ့ folder ရှိလိမ့်မယ်။ အဲဒါကို expand ဖျန် ့ချပါ။ ပေါ်လာတဲ့ printer folder တွေကို delete လုပ်ပြစ်ပါ။

၇။ HKEY_LOCAL_MACHINE\SYSTEM\CurrentControlSet\Control\Print\Monitors အခုရေးထားတဲ ့လမ်း ကြောင်းအတိုင်းသွားပါ။ Monitors ကို expand ဖျန် ့ချပါ။ ပေါ်လာမဲ့ Folder List ထဲမှာ အခုရေးပြမဲ့ List ပဲ ရှိရပါမယ်။ ကျန်တာတွေရှိရင် delete လုပ်ပြစ်ပါ။
  • BJ Language Monitor
  • Local Port
  • PJL Language Monitor
  • Standard TCP/IP Port
  • USB Monitor
ကဲ... ဒီအထိအားလုံးမှန်ပြီဆိုရင်တော့ ... စက်ကို Restart ချပြီး Windows ကို Normal အတိုင်းပြန်တက်လိုက်နော်... ဒီနည်းလေးနဲ ့ မိတ်ဆွေတို ့၏ Printer ပြဿနာများ အဆင်ပြေခဲ့ပါသည်ဟု ကြားသိရုံဖြင့် ၀မ်းသာပီတိ ဖြစ်ရပါသည်။

By nnyioo.googlepages.com :103::103::103:
Sign In or Register to comment.