MYSTERY ZILLION တွင် English သို့မဟုတ် Unicode ဖြင့်သာ အသုံးပြုခွင့်ရှိသည်။ ဇော်ဂျီ ၊ ဧရာ စသည်တို့ကို အသုံးပြုခွင့် မရှိ။ Unicode Guide ကို ဒီမှာ Download ချပါ။ Zawgyi to Unicode Converter
Don't share ebook or software if nobody request. You can find free book websites on here. We are welcome for discussion or asking question instead.
Essentail For Ubuntu
  • Vote Up1Vote Down saturngodsaturngod
    Posts: 4,599Administrators
    Software source အသစ်ထည့်ခြင်း
    Terminal တွင်
    $sudo gedt /etc/apt/sources.list
    လို့ရိုက်လိုက်ပါ။ password ကို ထည့်လိုက်ပါ။
    # newer versions of the distribution ကိုရှာလိုက်ပါ။
    အဲဒီ အောက်တွင်
    deb http://security.ubuntu.com/ubuntu/ hardy main
    deb http://mirror.in.th/ubuntu hardy main
    deb http://repository.cairo-dock.org/ubuntu hardy cairo-dock
    deb http://ppa.launchpad.net/googlegadgets/ubuntu hardy main
    deb-src http://ppa.launchpad.net/googlegadgets/ubuntu hardy main
    ထည့်သွင်းလိုက်ပါ။ ပြီးရင် save သွင်းပြီး ပိတ်လိုက်ပါ။ terminal တွင်
    $sudo apt-get update
    ရိုက်ထည့်လိုက်ပါ။ အဲဒါကတော့ package list အသစ်တွေပါ သိအောင် ပြုလုပ်တာပါ။
    အခု source အသစ်မှာ ထိုင်း server နဲ့ အမြဲဖွင့်ထားတဲ့ security server ထည့်သွင်းထားပါတယ်။ အဲဒါဒီအတွက် အောက်က software တွေသွင်းတဲ့အခါမှာ ပိုမို မြန်ဆန်စေမှာပါ။

    Firefox 3

    Firefox ကတော့ မဖြစ်မနေ သွင်းရမှာပါ။ Ubuntu မှာပါတဲ့ version က beta ကြီးဖြစ်နေတဲ့အတွက် firefox ကိုသွင်းကို သွင်းရမှာပါ။
    $sudo apt-get install firefox-3.0
    Ubuntu Restricted Extra
    မဖြစ်မနေသွင်းသင့်တယ်။ ဒါပေမယ့် size ကတော့ များလွန်းတယ်ဗျ။ သူကတော့ muisc တွေ video တွေနဲ့ အခြား format မျာများ ဖွင့်လို့ရအောင် သွင်းရတာပါ။
    $sudo apt-get install ubuntu-restricted-extras

    VLC

    video format တွေတော်တော်များများကို ဖွင့်နိုင်ပါတယ်။ music တွေလည်း ရတယ်။ ဒါပေမယ့် ubutnu-restricted-extras ကိုတော့ သွင်းထားသင့်တယ်။
    $sudo apt-get install vlc
    $sudo apt-get install vlc-plugin-*
    supertux
    Linux တွေမှာ Game ကောင်းကောင်းတွေ အများကြီးရှိပါတယ်။ ဒါပေမယ့် graphic card ကိုက်ဖို့တော့လိုတယ်။ Nvidia Card နဲ့ ATi Card တွေနဲ့ game တော်တော်များများ OK ကြတယ်။ ကျွန်တော့် notebook ကတော့ Intel onboard ကြီးဖြစ်တော့ ဆော့လို့မရတဲ့ game တွေအများကြီးပဲ။ ဒါပေမယ့် supertux ကတော့ စက်တိုင်းဆော့လို့ရပါတယ်။ mario လိုမျိုးပေါ့။ ဆော့လို့ကောင်းတဲ့ game လေးတစ်ခုပါ။ mario ကြိုက်တဲ့လူတွေအတွက်တော့ စိတ်ကြိုက်ပေါ့ဗျာ။
    $sudo apt-get install supertux

    Compiz Fusion

    Ubuntu ကို ပုံမှန်ထက် ထူးသွားစေဖို့။ vista ထက်သာလွန်ကောင်းမွန်တဲ့ GUI တွေမြင်ရဖို့အတွက် compiz က ဆောင်ရွက်ပေးပါတယ်။ ကိုယ့် desktop ကို လူတွေကြည့်တာနဲ့ ဟာ ။ မိုက်တယ်။ လန်းလှချည်လား လို့ ပြောလောက်အောင် ကောင်းမွန်တဲ့ desktop effect တွေပါ။
    $sudo apt-get install compiz-fusion-* compizconfig-settings-manager

    GnoChm

    chm ebook တွေကို ဖွင့်ဖို့ပါ။ chm file တွေကို ဖတ်ဖို့အတွက်တော့ သွင်းထားသင့်ပါတယ်။
    $sudo apt-get install gnochm

    Bluefish Editor

    php , html တွေရေးတော့မယ်ဆိုရင်တော့ ide တစ်ခုခုတော့ လိုပါတယ်။ ကျွန်တော်ကတော့ bluefish ဆိုတဲ့ ide ကိုအသုံးများတယ်။ webdeveloper တွေသွင်းထားသင့်ပါတယ်။
    $sudo apt-get install bluefish

    gPHPEdit

    PHPEditor တစ်ခုပါ။ သုံးလို့ကောင်းတယ်။ PHP သမားတွေအတွက် bluefish ထက်ပိုကောင်းတယ်လို့ ခံစားရစေမှာပါ။
    $sudo apt-get install gPHPEdit

    Gwget

    ကျွန်တော်တို့တွေ အင်တာနက် သုံးမယ်ဆိုရင် တောင့်တောင့်တတနဲ့ လိုအပ်တာကတော့ download manager ပါ။ firefox မှာပါတဲ့ downthemall ကို သုံးလည်းဖြစ်ပါတယ်။ gnome ရဲ့ download manager gwget ကလည်း အရမ်းမလိုအပ်ပေမယ့် သွင်းထားသင့်ပါတယ်။
    $sudo apt-get install gwget

    GFTP

    FTP software တစ်ခုပါ။ file upload တွေ အတွက် အသုံးပြုနိုင်ပါတယ်။ ဒါမှမဟုတ် firefox add-on ဖြစ်တဲ့ fireftp ကိုလည်း သုံးလို့ရပါတယ်။
    $sudo apt-get install gFTP

    LAMP

    PHP သမားတွေကတော့ မဖြစ်မနေသွင်းကို သွင်းသင့်ပါတယ်။ Apache , MySQL, PHP တွေတစ်ခါတည်းသွင်းရတော့ size က နည်းနည်းတော့ များတယ်။
    $sudo apt-get install apache2 php5-mysql libapache2-mod-php5 mysql-server php5-gd phpmyadmin php5-curl php5-xmlrpc

    Cario-Dock

    Mac Dock တွေလိုမျိုး လှပသေသပ်လှတဲ့ dock တစ်ခုပါ။ Windows မှာရှိတဲ့ dock တွေထက် ပိုမိုကောင်းမွန်ပါတယ်။ နောက်ပြီး ပိုပြီးလှပတဲ့ theme တွေ ပါဝင်တယ်လေ။ ကျွန်တော်တို့တွေ အပေါ်မှာ software source ထည့်သွင်းခဲ့ပါတယ်။ ဒါကြောင့် အခု တစ်ခါတည်း သွင်းလို့ရတာပါ။
    $sudo apt-get install cairo-dock

    Google Gadget

    Ubuntu မှာ sidebar မပါလို့ စိတ်ပျက်နေလား။ side bar တွေ widget တွေမရှိလို့ desktop ကြီးရှင်းလင်းနေတာ ရိုးရှင်းတယ်လို့ ထင်နေသလား။ ဒီအတွက် google က Ubuntu အတွက် ထုတ်ထားပေးပါတယ်။ Desktop တွေကို အလှဆင်ရတာ ဝါသနာပါတဲ့သူတွေ အကြိုက်ပေါ့ဗျာ။
    $sudo apt-get install google-gadgets

    Launchy

    Alt + R လို့နှိပ်ပြီးတော့ windows က run လိုမျိုး ubuntu မှာ သုံးလို့ရပါတယ်။ ဒါပေမယ့် launchy.net ကနေ deb package ကို download ချပြီး သွင်းသင့်ပါတယ် ။ ကိုယ် run ချင်တဲ့ program လေးတွေကို စာရိုက်လိုက်တာနဲ့ icon လေးဖော်ပြပေးတယ်။ နောက်ပြီးတော့ list လေးပါ ချပေးတော့ ရွေးလို့လည်းရတယ်လေ။ ကိုယ့် စက်ထဲမျာ သွင်းထားသင့်တာ အမှန်ပဲဗျ။
    Add in Sessions
    [CENTER]
    image
    Sessions ဆိုတာကတော့ windows မှာပါတဲ့ startup လိုပါပဲ။ OS တက်တက်ခြင်း ဘယ် program တွေအလုပ်လုပ်စေချင်လဲဆိုတာကို ထည့်သွင်းထားလို့ရပါတယ်။ ကျွန်တော်တို့ကတော့ google gadget နဲ့ cairo dock ကို စတက်တက်ခြင်းမှာ ပေါ်အောင်လုပ်ဖို့လိုပါတယ်။ နောက်မို့ဆို OS တက်တိုင်း သွားသွားဖွင့်နေရလိမ့်မယ်။ ဒါကြောင့် sessions ထဲမှာ ထည့်ဖို့အတွက် Settings > Preference > Sessions ကိုသွားပါ။ Add လုပ်လိုက်ပါ။ Command ggl-gtk လို့ရိုက်ထည့်လိုက်ပါ။ ပြီးရင် OK လုပ်လိုက်ပါ။ Name ကို Google Gadget ပေးလိုက်ပါ။ ပြီးရင် OK လုပ်လိုက်ပါ။ Add ထပ်လုပ်ပါ။ Name ကို cairo-dock ပေးလိုက်ပါ။ command ကိုလည်း cairo-dock လို့ပေးလိုက်ပါ။ ပြီးရင် OK လုပ်လိုက်ပါ။ ဒါဆိုရင် နောက်တစ်ခေါက် တက်လာရင် သူ့ဘာသာသူ cairo-dock နဲ့ google gadget က တက်ပြီးသားဖြစ်နေမှာပါ။

    [/CENTER]

    Other Source
    Theme Design လှလှလေးတွေပြင်ချင်တယ်။ Login screen တွေပြင်ချင်တဲ့ သူတွေအတွက်ကတော့ http://www.gnome-look.org ရှိပါတယ်။ Software တွေကို စမ်းသွင်းမယ်။ စမ်းသုံးမယ်ဆိုသူတွေကတော့ http://www.gnomefiles.org/ ကိုသွားလိုက်ပါ။
    image
  • 8 မှတ်ချက်များ sorted by
  • Vote Up2Vote Down CalmHillCalmHill
    Posts: 1,178Super Moderators
    We normally post warning under the dedicated post. Morris did as usual. He did not intend to shame you.
  • Vote Up0Vote Down khunmkkhunmk
    Posts: 389Registered Users
    VGA Driver တွေကောဗျာ.. google ကမစွမ်းတာလား ကျွန်တော်ပဲ မရှာတတ်တာလား မသိဘူး.. နည်းတွေတော့ တွေ့တယ်.. ခက်တာက... တွေ့သမျှ အကုန် ပိတ်သွင်းလိုက်တာပဲ.. မရ... video တွေကြည့်ရင် မုန်၀ါး၀ါး ဖြစ်နေသေးတယ်.. card က nvedia ပါ..
  • Vote Up0Vote Down saturngodsaturngod
    Posts: 4,599Administrators
    အင်း... ရတယ်လေ... Nvidia ဆိုရင်တော့ Enable လုပ်ပေးလိုက်ရင် online ကနေ တိုက်ရိုက် download ချပြီး သွင်းသွားတယ်... အဲဒါမှအဆင်ပြေတာလေ...
    System > Administration > Hardware driver မှာ သွားပြီး enable လုပ်ဖို့လိုလိမ့်မယ်
  • Vote Up0Vote Down crazyjavacrazyjava
    Posts: 41Registered Users
    Command Line အား စတင်လေ့လာခြင်း
    Linux အကြောင်း မရေးတာကြာပြီ - အရင်ရေးပြီးသားတွေတောင် မပြီးသေးတာတွေလည်း ရှိပါသေးတယ် - ဒါပေမယ့် စိတ်မပါသေးတာကို ဖြစ်ညှစ်ရေးတာထက် စိတ်ဝင်စားတာလေး လေ့လာတွေ့ရှိထားတာလေးကို အရင်ရေးတော့ စာဖတ်သူ အတွက်ရော - ကိုယ့်အတွက်ပါ အကျိုးရှိနိုင်မယ်လို့ ယူဆမိတဲ့ အတွက် ဒီ Linux မှာ အရေးပါတဲ့ Command Line အကြောင်း လေး အစပျိုးဖြစ်လိုက်ပါတယ်။

    ကိုယ့်ကိုယ်ကိုယ် Linux geek တစ်ယောက်နီးပါး ဖြစ်လာဖို့ စိတ်ကူးယဉ်မိတယ် - ဒါပေမယ့် Command Line နဲ့ မယဉ်ပါးဘူး - Command Line ကို ဘယ်လိုသုံးရကောင်းမှန်းလည်း မသိဘူး - ဒီလို ဖြစ်နေပါသလား ?? ဒါဘာကြောင့်လဲဆို ကျွန်တော်တို့တွေ Command Line ကိုလေ့လာဖို့ အတွက် လွယ်ကူတဲ့ နည်းလမ်းတစ်ခုရှိပါလား ဆိုတာ မသိနိုင်ခဲ့သေးလို့ပါ။ ယုံချင်လည်း ယုံမယ် - ယုံချင်မှလည်း ယုံမယ် - တကယ်တမ်းတော့ Command Line ကို အသုံးပြုရတယ် ဆိုတာ GUI tools ကို သုံးရတာထက် ပိုပြီး လွယ်ကူပါတယ်။ ဒါ့တင်မက စိတ်ဝင်စားတယ်ဆို ကျွန်တော်တို့နဲ့ အကျွမ်းဝင်လှတဲ့ Google Apps ကိုတောင် Command Line ကနေ အသုံးပြုလို့ ရနေပါပြီ -

    ဒါပေမယ့် Command Line ဆိုတာ ဘယ်လောက်ပဲ လွယ်ပါတယ် လို့ဆိုဆို ပုံမှန်လမ်းရိုးကြီး အတိုင်း စတင်လေ့လာမယ့် သူတစ်ယောက်အတွက် ခက်ခဲမယ် ဆိုတာလည်း အမှန်ပါပဲ - ဒီအခက်အခဲကို အထိုက်လျောက် ဖြေရှင်းနိုင်ဖို့ အတွက် နည်းလမ်း ကောင်းတစ်ခု အကြံပြုကြည့်ချင်ပါတယ်။ အဲတာကတော့ CLIcompanion ဆိုတဲ့ Program တစ်ခုပါပဲ။ အဲ့ဒီ Program က ဘာကောင်းလဲဆို ကျွန်တော်တို့အတွက် လေ့လာဖို့ ခက်ခဲနေတဲ့ Command Line ကို လေ့လာတဲ့ နေရာမှာ ပုံမှန်လေ့လာ ရတာထက် ပိုပြီး လွယ်ကူအောင် ဖန်တီးပေးလိုက်ပါတယ်။ ဒီ Program နဲ့ ပတ်သတ်ပြီး Ubuntu သမားတွေ မဖြစ်မနေ လေ့လာသင့်တဲ့ ဆိုဒ်ကောင်း တစ်ခုဖြစ်တဲ့ OMG! Ubuntu! ကလည်း ဒီ Program ဟာ Ubuntu command line ကို လေ့လာမယ့် သူတွေ အတွက် အလွယ်တကူ လေ့လာသင်ယူနိုင်အောင် ဘယ်လို ပြင်ဆင်ပေးထားတယ် ဆိုတာ ဖော်ပြပေးထားပါတယ်။


    ဒီ Program ကို သုံးမယ် ဆိုရင် ကျွန်တော်တို့ ပုံမှန် သုံးနေကျ standard command line အစား CLIcompanion ကို ဖွင့်သုံးယုံပါပဲ - အဲလိုစဖွင့်လိုက်တာနဲ့ ကျွန်တော်တို့ ဘယ်လို စသုံးနိုင်မယ် ဆိုတာကို အသုံးပြုရလွယ်ကူစေမယ့် အညွှန်းတွေနဲ့ ဖော်ပြပေးပါလိမ့်မယ်။ တကယ်လို့ ကိုယ်က Command line tricks အသစ်တွေကို လေ့လာချင်သေးတယ် ဆိုရင်လည်း Linux command line နဲ့ ပတ်သတ်ပြီး အသုံးဝင်တဲ့ Sites တွေဆီက ဖော်ပြချက်တွေကို ကူးယူပြီး ပေါင်းထည့်ထားနိုင်ပါသေးတယ်။ Linux command line နဲ့ ပတ်သတ်ပြီး အသုံးဝင်တဲ့ Sites တွေကို နောက်ဆက်တွဲ ဖော်ပြပေးသွားပါ့မယ်။ လောလောဆယ်မှာ ဒီ Program ကို Ubuntu users တွေ အသုံးပြုနေတယ် ဆိုတဲ့ အနေနဲ့ပဲ အမှတ်ထားပြီး ရှေ့ဆက်သွားပါ့မယ်။

    အသုံးပြုနည်း

    ကျွန်တော်တို့ Program ကို စဖွင့်တာနဲ့ Default အားဖြင့် အသုံးများ/အသုံးတည့်တဲ့ Commands တွေကို အရင်ဆုံး စတွေ့ရမှာပါ။ သူဖော်ပြထားတဲ့ List ကို ဟိုဒီ လျှောက်ကြည့်ရင် ဘယ် Command line ကိုသုံးပြီး ဘာလုပ်နိုင်မယ် ဆိုတာ ကျွန်တော်တို့ အကြမ်းဖျဉ်း နားလည်နိုင်ပါတယ်။
  • Vote Up0Vote Down crazyjavacrazyjava
    Posts: 41Registered Users
    အောက်မှာ ဖော်ပြထားတဲ့ ပုံကို ကြည့်ကြည့်ပါ - မြင်ရတဲ့ အတိုင်း အသင့်ယူသုံးနိုင်တဲ့ built-in command line တွေကိုလည်း တွေ့ရပါလိမ့်မယ်။ သူဖော်ပြထားတဲ့ အတိုင်း Commands ကို ကိုယ့်ဘာသာ ကြည့်ရိုက်လို့လည်း ရသလို - တကယ်လို့ အပျင်းကြီးတယ်/နားလည်ပြီးသား - အလွတ်ရပြီးသား ဖြစ်နေတယ် ဆိုရင်လည်း GUI အနေနဲ့ပဲ Command ကို သုံးလို့ ရပါတယ်။ Command ပေါ်ကို Right-click ထောက်ပြီး ကိုယ် လုပ်ဆောင်ချင်တာကို ရွေးချယ်လိုက်ပါ။
    နောက်ပြီး ကျွန်တော်တို့တွေ Command တစ်ခုခုကို တစ်ခါ ဖွင့်လိုက်တာနဲ့ အထက်ဖော်ပြပါအတိုင်း ဘာလုပ်မှာလဲ ဆိုတာမျိုးကို သူက မေးပါလိမ့်ဦးမယ်။ အဲ့မှာ ကျွန်တော်တို့ စဉ်းစားရပြီ - ရွေးချယ်စရာတွေ ပါလာပြီ - ဘယ်ကောင်ကို ရွေးလိုက်ရင် ဘာဖြစ်မလဲ ဒါလေးတွေကို ကျွန်တော်တို့ တစ်ဆက်တစ်စပ်တည်း လေ့လာသွားနိုင်ပါတယ်။ ဒါမျိုးတွေက Beginner တစ်ယောက် အတွက်တော့ တကယ်ကို အသုံးဝင်လှပါတယ်။ တကယ်လို့ လေ့လာရင်း လေ့လာရင်း Command line ရဲ့ အသုံးချနည်းလေးတွေ သိလာပြီဆို Programs လေးတွေလည်း ထပ်ပေါင်းဖြည့်ချင်လာပါလိမ့်မယ်။ ဒီလိုဆိုလည်း မခက်ပါဘူး -


    Ubuntu မှာ ကိုယ့်စိတ်ကြိုက် Software လေးတွေ ထပ်ဖြည့်ရတာ လွယ်ပါတယ်။ File > Add Command ကို ခေါ်လိုက်ရင် အောက်ဖော်ပြပါ အတိုင်း Window တစ်ခုကို တွေ့ရပါလိမ့်မယ်။



    Command အပါအဝင် လိုအပ်တဲ့ တစ်ခြား အချက်အလက်ဘေးတွေ ဖြည့်သွင်းပြီး Description နေရာမှာ နားလည်လွယ်နိုင်မယ့် Command နဲ့ ပတ်သတ်တဲ့ ဖော်ပြချက်လေး ဖြည့်သွင်းပေးပါ။ ဒါ့အပြင် Command နဲ့ တွဲပြီး ရှင်သန်လာမယ့် input နေရာမှာ လည်း ဘာရိုက်ရမယ် ဆိုတာ သိသာစေမယ့် ဖော်ပြချက်မျိုး ရေးသားပေးပါ။ ဒီလိုလုပ်ဆောင်ထားမှ နောက် တစ်ကြိမ် ဒီ Command ကို အသုံးပြုတဲ့ အချိန်မှာ ဘာကြောင့်သုံးတယ် - ဘာအတွက် သုံးတယ် ဆိုတာကို နှစ်ခါပြန် စဉ်းစားစရာ မလိုပဲ နားလည် လွယ်နိုင်မှာ ဖြစ်ပါတယ်။ ဖော်ပြပါ အတိုင်း Command တစ်ခုကို Create လုပ်ပြီးတဲ့ အခါ ဒါကို ကျွန်တော်တို့ စသုံးနိုင်ပါပြီ။ ကိုယ်ဖန်တီးထားတဲ့ Command ကို စဖွင့်လိုက်တဲ့ အချိန်မှာ အောက်ပါအတိုင်း မြင်တွေ့ရပါလိမ့်မယ်။
  • Vote Up0Vote Down crazyjavacrazyjava
    Posts: 41Registered Users
    ဖော်ပြချက်အတိုင်း တွေ့ရတော့ ငါ packages နာမည် ရိုက်ရမှာပါလား - ငါ install လုပ်ချင်တာ ဘာများလဲ ဆိုတာ အလွယ်တကူ နားလည် သိရှိနိုင်ပြီး သုံးရတာလည်း ပိုပြီး မြန်ဆန်လာပါလိမ့်မယ်။ လောလောဆယ် အခြေအနေမှာ ဒီလို Custom Command ဖြည့်သွင်းပုံကို ဖတ်ပြီး ငါက Command နဲ့ ပတ်သတ်ပြီး ဘာမှမှ မသိသေးတာ ဘယ်လိုလုပ်ဖြည့်တတ်ပါ့မလဲ လို့ စိတ်ထဲ ခံစားရကောင်းလည်း ခံစားရပါလိမ့်မယ်။ မပူပါနဲ့ - သူဖော်ပြထားတဲ့ Default commands တွေကိုသာ ဘယ်ကောင်က ဘယ်လိုသုံးတယ် ဆိုတာ အရင် သိရှိနိုင်ဖို့ လေ့လာကြည့်လိုက်ပါ။ နောက်ပိုင်းမှာ ဒီ့ထက်ပိုပြီး နားလည်လာပါလိမ့်မယ်။

    CLIcompanion အားရယူခြင်း


    ဖော်ပြချက်တွေကို ဖတ်ရှုပြီးလို့ CLIcompanion ကို လိုချင်နေပြီ ဆိုရင် CLIcompanion ရဲ့ LaunchPad page ကို သွားလိုက်ပါ။ အဲဒီမှာ install လုပ်ဆောင်ရ လွယ်ကူတဲ့ DEB file ကို ရယူနိုင်ပါတယ်။ တကယ်လို့ Terminal ထဲကနေ install လုပ်ချင်တယ် ဆိုရင် အရင်ဆုံး Applications -> Accessories --> Terminal ကိုသွားပြီး အောက်ဖော်ပြပါ Command line နဲ့ CLI Companion PPA ကို အရင် ပေါင်းထည့်လိုက်ပါ။

    Quote:
    sudo add-apt-repository ppa:clicompanion-devs/clicompanion-nightlies
    CLI Companion PPA ကို ပေါင်းထည့်ပြီးသွားရင် နောက်တစ်ဆင့် အနေနဲ့ အောက်ဖော်ပြပါ Command ကို အသုံးပြုပြီး CLI Companion ကို install လုပ်ဆောင်လိုက်ပါ။

    Quote:
    sudo apt-get update; sudo apt-get install clicompanion
    တစ်ခုရှိတာ ဒီ program က Ubuntu users တွေ အတွက်ပဲ အသုံးပြုရ လွယ်ကူစေဖို့ အဓိက ရည်ရွယ်ချက် ထားတာ ဖြစ်ပြီး Fedora တို့ SUSE တို့ စသဖြင့် တစ်ခြား Distros သမားတွေအတွက် ဘာမှ ဖော်ပြထားချက် မရှိသေးပါဘူး - အခု ဖော်ပြခဲ့သလောက်ဆို CLIcompanion ရဲ့ အသုံးပြုပုံ အသုံးဝင်ပုံ တစ်ချို့ကို နားလည်နိုင်ကြလိမ့်မယ်လို့မျှော်လင့်မိပါတယ်။ နောက်တစ်ဆင့် အနေနဲ့ အထက်မှာ ဖော်ပြခဲ့တဲ့ အတိုင်း Linux command line နဲ့ ပတ်သတ်ပြီး အသုံးဝင်တဲ့ Sites တွေ အကြောင်း အကျဉ်းချုံး မိတ်ဆက်ပေးချင်ပါသေးတယ်။

    လေ့လာသင့်သော Websites များ

    - LinuxCommand - LinuxCommand ဟာ Command Line ကို စတင်လေ့လာသူ တစ်ယောက် အတွက် ဘယ်လို အသုံးပြုနိုင်မယ် ဆိုတာ ဖြည်းဖြည်းချင်း သင်ပြပေးပါတယ်။
    - O’Reilly’s Linux Command Directory - သူကတော့ Reference guide သဘောမျိုး အသုံးဝင်မယ့် Site တစ်ခုပါ။ သူ့စာမျက်နှာမှာ ဆိုရင် built-in commands တွေတင်မက တစ်ခြား Linux distributions အားလုံးအတွက်လည်း အသုံးဝင်မယ့် အရာတွေ ဖော်ပြပေးထားပါတယ်။ ဒါ့ကြောင့် Beginner သာမက advanced users တွေအတွက်ပါ လေ့လာနိုင်သလောက် အသုံးဝင်ပါတယ်။
    - The Linux Cookbook - သူကတော့ လေ့လာရင် လေ့လာနိုင်သလောက် နက်နက်ရှိုင်းရှိုင်း ဖော်ပြထားတဲ့ နေရာပါ။
    - Commandlinefu - သူကတော့ Command line နဲ့ ပတ်သတ်လာရင် ဟင်းလေးအိုးကြီး တစ်အိုးလိုပါပဲ။ ဒါပေမယ့် စတင်လေ့လာသူ တစ်ယောက် အတွက်တော့ လေ့လာဖို့ အခက်အခဲ ရှိနိုင်ပါတယ်။
    - ss64.com - သူကတော့ Database and Operating Systems နဲ့ ပတ်သတ်တဲ့ Command line reference ပါ။
    - IBM - သူကတော့ LPIC ( Linux Professional Institute Certification ) အတွက် ပြင်ဆင်ထားတဲ့ tutorials ကောင်းတွေနဲ့ ပြည့်နေတဲ့ Site တစ်ခုပါ။

    ဒီအကြောင်းအရာကို နည်းပညာအကြောင်းတွေ ရေးသားရာမှာ တောက်တိုမယ်ရာကနေ စပြီး ကြီးကြီးမားမားထိ စေတနာထား ဖော်ပြပေးနေတဲ့ Makeuseof.com ကနေ ဖတ်ရှုပြီး လိုအပ်နေတဲ့ အကြောင်းအရာတွေကို ပေါင်းစပ်ဝေမျှ ခဲ့တာ ဖြစ်ပါတယ်။ ကျွန်တော် အရင်တုန်းက ရေးခဲ့ပြီးတဲ့ အကြောင်းအရာတွေမှာ ကိုယ်ကိုယ်တိုင် ရေးခဲ့တာတွေလည်း ရှိသလို - တိုက်ရိုက်ဘာသာပြန် ဖော်ပြခဲ့တာတွေ - ဖတ်ပြီး ဖတ်ရှုနားလည်တာကို ကိုယ်နားလည်ထားတာတွေနဲ့ ပေါင်းစပ်ရေးသားခဲ့တာတွေလည်း ရှိပါတယ်။ ခုနောက်ပိုင်းမှာတော့ တတ်နိုင်သမျှ ဖတ်ခဲ့တာတွေကို မျှဝေချင်ပေမယ့် ကျွန်တော် ထင်သလောက် အချိန်မပေးနိုင် ဖြစ်နေပါတယ်။ ဒါ့ကြောင့် နောက်ပိုင်း ရေးသားသွားမယ့် အကြောင်းအရာတွေမှာ အကြောင်းအရာနဲ့ ပတ်သတ်နေတဲ့ မူရင်း Website - နောက် ဆက်စပ်လေ့လာ နိုင်မယ့် Sites တွေကိုပါ ထည့်သွင်းဖော်ပြပေးသွားပါ့မယ်။ ဖော်ပြပေးမယ့် နေရာတွေကို သွားရောက်ပါ - လေ့လာကြည့်ပါ - လေ့လာမိတာတွေကိုလည်း နားလည်သလောက် တစ်ခြားသူအတွက် ဖိုရမ်မှာ ပြန်လည်ဝေမျှပေးကြပါ။ ဒီလို တစ်ယောက် တစ်လက် နဲ့ တစ်တပ်တစ်အား ကူကြရင် များမကြာခင်မှာ ကျွန်တော်တို့တွေ ဒီ့ထက်မြင့်မားတဲ့ စွမ်းရည်တစ်ခုကို ဆုပ်ကိုင် နိုင်လိမ့်မယ်လို့ ယုံကြည်မိပါတယ်။
  • Vote Up0Vote Down MorrisMorris
    Posts: 1,740Moderators
    @crazyjava ခင်ဗျား ကိုယ်တိုင်မဟုတ်တဲ့ သူများဆိုဒ်က ကူးယူးထားတဲ့ Content တွေဆိုရင် credit ပေးပါခင်ဗျာ။ ခင်ဗျားရေးတဲ့ ပိုစ်တွေက 11dreams ကပိုစ်တွေပါ။ မူရင်းလင့်က ဒီမှာပါ။
  • Vote Up-2Vote Down crazyjavacrazyjava
    Posts: 41Registered Users
    ကျေးဇူးပါဘဲမူရင်ပို ့စ်ကိုရှာပေးတဲ့အတွက်
    ဒီပို ့စ်ကကျွန်တော်မှာရှိတာကြားပြီး credit ပေးမလို ့ဘဲ
    ဘယ်သူရေးမှန်ကိုမသိတာဒါကြောင့်မပေးဖြစ်ပါတာဒီအတွက်ကြောင့်ကိုစေတန်ကိုတောင်ပန်းပါတယ်
    ဒါပေမဲ့mrMorris ခင်ဗျာကျွန်တော်တစ်ခုလောက်အကြံပေးပြရစေသတိပေးခြင်းကိုမထမအကြိမ်းအဖြစ်
    ပီအမ်ပို ့ပြီးသတိတာဖြစ်သင့်ပါတယ်(ကျွန်တော်သည်တစ်ကြိမ်တစ်ခါမှmzမှာသတိပေးခြင်းမခံရဖူးပါ)က
    နောက်တစ်ခုကသတိမပေးချင်ရင် ပိုစ့်ကိုဖျက်လိုက်တာလဲကောင်းပါတယ်နှစ်ဦးနှစ်ဘက်အတွက်အကောင်းဆုံးပေါ့
    အခုတော့တမင်သက်သက်အရှက်ကွဲသလို ့ဖြစ်သွားတယ်
    (11dreams ဆိုတာကိုကျော်ဇင်သန် ့ပါ)
ဆွေးနွေးမေးမြန်းခြင်းစတင်ရန်

မင်္ဂလာပါ!

လှိုက်လှဲစွာကြိုဆိုပါသည်။ ယခု ပထမဆုံးအကြိမ် ရောက်ဖူးခြင်းဖြစ်ပါသလား? ဝင်ရောက် ဆွေးနွေး မေးမြန်းလိုပါလျှင် အောက်တွင်ဖော်ပြထားသော button များမှတဆင့် ဝင်ရောက် ဆွေးနွေးနိုင်သကဲ့သို့ အဖွဲ့ဝင်အသစ်အနေဖြင့်လည်း လျှောက်ထားနိုင်ပါတယ်။

Facebook ဖြင့်ဝင်ရန် Google ဖြင့်ဝင်ရောက်ရန် OpenID ဖြင့်ဝင်ရောက်ရန် Twitter ဖြင့်ဝင်ရောက်ရန်

အမျိုးအစားများ

In this Discussion