မင်္ဂလာပါ!

လှိုက်လှဲစွာကြိုဆိုပါသည်။ ယခု ပထမဆုံးအကြိမ် ရောက်ဖူးခြင်းဖြစ်ပါသလား? ဝင်ရောက် ဆွေးနွေး မေးမြန်းလိုပါလျှင် အောက်တွင်ဖော်ပြထားသော button များမှတဆင့် ဝင်ရောက် ဆွေးနွေးနိုင်သကဲ့သို့ အဖွဲ့ဝင်အသစ်အနေဖြင့်လည်း လျှောက်ထားနိုင်ပါတယ်။

MYSTERY ZILLION တွင် English သို့မဟုတ် Unicode ဖြင့်သာ အသုံးပြုခွင့်ရှိသည်။ ဇော်ဂျီ ၊ ဧရာ စသည်တို့ကို အသုံးပြုခွင့် မရှိ။ Unicode fonts များမှာ Mon3,Yunghkio, Myanamr3 စသည်များ အသုံးပြုနိုင်သည်။ Unicode Guide ကို ဒီမှာ Download ချပါ။ Zawgyi to Unicode Converter
Don't share ebook or software if nobody request. You can find free book websites on here. We are welcome for discussion or asking question instead.

Google မှ 404 Error ပြသည့် ပြဿနာ ဘယ်လိုဖြေရှင်းရမလဲ

edited February 2012 in Blogspot
ကျနော် http://www.blogger.com မှာ blog ရေးပါတယ်...Gmail Account တစ်ခုနဲ့ Sign in ဝင်ပြီးရေးပါတယ်။ နောက်တော့ Gmail Account အသစ်လုပ်ပြီး မေးလ်အသစ်နဲ့ Sign in ဝင်ပြီး Blog ရေးဖို့အတွက် အရင်အကောင့်အဟောင်းနဲ့ ဝင်ရေးတဲ့ Blog ကို Export လုပ်လိုက်ပါတယ်...။ .xml ဖိုင်တစ်ခု Download ကျလာပြီး သိမ်းထာလိုက်ပါတယ်...။ နောက်အကောင့်အသစ်နဲ့ ဝင်ရေးဖို့အတွက် Blogger မှာ အရင် Blog ကအတိုင်း နာမည်တူတွေလည်း ပေးလိုက်ပါတယ်။ နောက်တော့ သိမ်းထားတဲ့ .xml ဖိုင်ကို အကောင့်အသစ်နဲ့ လုပ်ထားတဲ့ Blog မှာ Import ပြန်လုပ်လိုက်တယ်။ ဒါပေမယ့် အဆင်မပြေပါဘူး...Error ပြတာနဲ့ ဆက်မလုပ်တော့ပဲ ထားလိုက်ပါတယ်။ ကျနော်အတွေးက အကောင့်အသစ်နဲ့ရေးမယ့် Blog မှာ အရင်အဟောင်းက Template တွေ Post တွေ အကုန်ကူးယူပြီးမှ Blog အဟောင်းကို ဖျက်လိုက်မယ် စိတ်ကူးထားတယ်။ အဟောင်းကို မဖျက်သေးပဲ အသစ်မှာ အဟောင်းနဲ့ နာမည်တူပေးတာရော Import လုပ်လိုက်တဲ့အတွက် Google မှာ ဆင်တူရိုးမှာ Blog ဆိုက်နှစ်ခုဖြစ်သွားတဲ့အတွက် နောက်ဆုံး ဖွင့်ကြည့်လို့ရတဲ့ Blog ဆိုက်အဟောင်းက 404 Error Page ဖြစ်သွားပါတယ်။ .blogspot.com ဆိုပြီး Address Bar မှာ ရိုက်ပြီး ဖွင့်လိုက်တိုင်း Google 404 . That's an error. ဆိုတဲ့ Page ပဲ ပေါ်လာပါတယ်။ အဲဒါ ဘယ်လိုဖြေရှင်းလို့ရနိုင်မလဲဆိုတာ ကူညီကြပါဦးဗျာ....။
Tagged:

မှတ်ချက်များ

  • edited March 2012 Administrators
    You can remove search result from non existing website.

    If your own website or blog, you can add like

    <pre lang="xml">
    <meta name="robots" content="noindex">
    </pre>

    google may remove in next few week.
Sign In or Register to comment.