
zarnilee said:သူတို့ website ထဲဝင်ကြည့်တော့ paypal ကနေ ပိုက်ဆံပေးမှာပြောတယ်။
ကျွန်တော်တို့ဒီက(မြန်မာ)ကနေအဆင်ပြေပါ့မလားဗျ။
စမ်းကြည့်ပြီးပြီလား။
CalmHill said:ရေးထားတာကို အခုမှသတိထားမိလို့ ဝင်ပြောတာပါ အဲဒီ့ဆိုက်တွေအတွက် အချိန်ကုန်မခံပါနဲ့ ပိုက်ဆံတကယ်လည်းမရပါဘူး မြန်မာပြည်ကနေ သုံးနေတာဆိုရင် ပိုပြီးတော့ နှမျောစရာကောင်းပါတယ် အချိန်လည်းကုန်တယ် ဆိုက်တက်လာဖို့လည်း စိတ်ရှည်လိုက်ရတယ် ပိုက်ဆံလည်းကုန်သွားပါတယ်။ :D
အဲဒီ့လိုဆိုက်တွေက အဓိကက Information တွေကိုရောင်းစားဖို့အတွက် လုပ်ထားတာပါ လာတဲ့လူတွေကို ပိုက်ဆံပေးမယ်ပြောတယ် လူများများ Invite လုပ်ရင် ပိုက်ဆံပိုရမယ်ပြောတယ် ပြီးရင်တော့ Register လုပ်ထားတဲ့လူတွေရဲ့ Email စသည်ဖြင့်ပေါ့လေ Information တွေကိုရောင်းစားတာပါ အဲဒီတော့ ကိုယ့် Email ဟာ Spam Mail ပို့တဲ့လူတွေထဲ ရောက်သွားရင် Spam တွေရောက်လာမယ် ကြော်ငြာတွေ နောက်ပြီးတော့ ကျွန်မက အသက် ၂၁ နှစ်ပါ ရှင့်ဓာတ်ပုံကို Social Network တစ်ခုပေါ်ကတွေ့လို့ စိတ်ဝင်စားလို့ပါတို့ အဲလိုစာတွေ ရောက်လာပါလိမ့်မယ်။ အဲဒါတွေကိုပါ ထပ်ပြီးတော့ Reply ပြန်မိရင်တော့ ဘယ်တော့မှမဆုံးတော့ပါဘူး။ :D
(မလိုအပ်ပဲ မင်ဘာချင်း ပြဿနာ မဖြစ်စေချင်လို့ Post နှစ်ခု ဖျက်ထားပါတယ်)
ကြိုဆိုပါတယ်။ အခုမှ ပထမဆုံး အကြိမ် ရောက်ဖူးတာလား ? ဝင်ရောက် ဆွေးနွေး မေးမြန်းလိုလျှင် အောက်မှာ ရှိတဲ့ button တွေကနေ တဆင့် ဝင်ရောက် ဆွေးနွေးနိုင်သလို အဖွဲ့ ဝင် အသစ်အနေနဲ့လည်း လျှောက်ထားနိုင်ပါတယ်။