မင်္ဂလာပါ!

လှိုက်လှဲစွာကြိုဆိုပါသည်။ ယခု ပထမဆုံးအကြိမ် ရောက်ဖူးခြင်းဖြစ်ပါသလား? ဝင်ရောက် ဆွေးနွေး မေးမြန်းလိုပါလျှင် အောက်တွင်ဖော်ပြထားသော button များမှတဆင့် ဝင်ရောက် ဆွေးနွေးနိုင်သကဲ့သို့ အဖွဲ့ဝင်အသစ်အနေဖြင့်လည်း လျှောက်ထားနိုင်ပါတယ်။

MYSTERY ZILLION တွင် English သို့မဟုတ် Unicode ဖြင့်သာ အသုံးပြုခွင့်ရှိသည်။ ဇော်ဂျီ ၊ ဧရာ စသည်တို့ကို အသုံးပြုခွင့် မရှိ။ Unicode fonts များမှာ Mon3,Yunghkio, Myanamr3 စသည်များ အသုံးပြုနိုင်သည်။ Unicode Guide ကို ဒီမှာ Download ချပါ။ Zawgyi to Unicode Converter
Don't share ebook or software if nobody request. You can find free book websites on here. We are welcome for discussion or asking question instead.

Java GUI Compiling Error

edited December 2011 in Java
Java GUI တွေ run တဲ့အခါ
Note: filename.java uses or overrides a deprecated API.
Note: Recompile with -Xlint:deprecation for details. ဆိုပြီး error တက်နေလို့ပါ
AWT,Swing တွေသုံးတဲ့အခါ import လုပ်ပေးရုံအပြင် နောက်ထပ်ဘာတွေလိုသေးလို့ပါလဲ.
ကူညီပြီး ပြောပြပေးပါဦး.. ကျေးဇူးတင်ပါတယ်နော်..
Tagged:

မှတ်ချက်များ

  • Administrators
    That means you were using some deprecated APIs. AWT was very old and some APIs were deprecated. Swing also might has deprecated APIs.
  • Registered Users
    ဟုတ်ကဲ့.. အဲဒါဆို.. jdk version ဘယ်လောက်ကိုသုံးရမှာပါလဲ. java version နဲ့ဆိုင်တာပါလား
    အရင်တုန်းက ဒီ program တွေ run တုန်းက တခါမှဒီလိုမဖြစ်ဘူးဖူး. အခုပြန်ပြီးလေ့လာမှ တက်တာပါ..
    AWT was very old and some APIs were deprecated. ဖြစ်နေပြီဆိုတော့. ဘယ်လိုဖြေရှင်းရမလဲ ဆိုတာလေးလဲ.. ပြောပြပေးစေချင်ပါတယ်
    ကျေးဇူးတင်ပါတယ်ရှင့်.
  • Administrators
    အဲဒါက Error မဟုတ်ဘူးလေ အရင်တုံးကသုံးတဲ့ တစ်ချို့ API တွေကနောက်ဆို ထည့်မပေးတော့ဘူးဆိုပြီး Deprecated လုပ်ပါတယ် အဲဒါတွေကိုသုံးနေတဲ့အတွက် အခုကတော့ Warning Message ပြထားတယ် ဆိုလိုတာက နောက်ပိုင်း jdk တွေနဲ့ အလုပ်လုပ်ချင်မှ လုပ်မယ်ဆိုဆိုလိုသလို နောက်ဆိုပါချင်မှကို ပါလာတော့မှာပါ။ အဲဒီတော့ အဲလိုဟာတွေကို မသုံးပါနဲ့ စာဖတ်ရင် စာအုပ်အဟောင်းတွေ မဖတ်တော့တာကောင်းပါတယ် ကြည့်ရတာစမ်းနေတဲ့ ကုဒ်တွေကအရင်တုံးက အဟောင်းတွေဖြစ်နေလို့ Deprecated လုပ်ထားတဲ့ဟာတွေ သုံးနေတာဖြစ်ပါလိမ့်မယ်။ ကုဒ်တွေမမြင်ရတော့ ဘယ် Deprecated တွေသုံးနေသလဲ မပြောတတ်ဘူးလေ။
  • edited January 2012 Registered Users
    ဟုတ်ကဲ့... နားလည်သလောက်ရှိပါပြီ.. (အကုန်နားမလည်သေးမှ ထပ်မေးလို့ရဦးမှာမို့. ဟီး)
    အခုက jdk1.6.0 ကိုသုံးတာပါ.. coding ကတော့ GUI basic ပါ
    <pre lang="java">
    import java.awt.*;
    import javax.swing.*;
    import java.awt.event.*;
    public class bTest extends JFrame
    {
    private JButton b1,b2;
    public bTest()
    {
    super("Testing JButton");
    Container c=getContentPane();
    c.setLayout(new FlowLayout());
    b1=new JButton("Click");
    c.add(b1);
    show();
    }
    public static void main(String args[])
    {
    bTest tobj=new bTest();
    }
    }
    </pre>
    ရေးရမယ့်ပုံစံတွေ ပြောင်းသွားတာ လိုအပ်တာလေးတွေ ထပ်ပြီးပြောပြပေးပါဦးလို့..
    ကျေးဇူးတင်ပါတယ်
  • Administrators
    JFrame ထဲက show() က Deprecated ဖြစ်နေပါပြီ အဲဒီ့နေရာမှာ setVisible(true) နဲ့အစားထိုးပါတယ်။ ကောင်းတာကတော့ awt တွေက မသုံးပါနဲ့တော့ UI စမ်းချင်ရင် Swing ပဲစမ်းကြည့်ပါ။ တကယ်တော့ Swing တောင်သုံးတဲ့လူ မရှိသလောက် ဖြစ်သွားပါပြီ နောက်ပိုင်းတော့ UI လည်း Java နဲ့ရေးတာ အတော်ကိုနည်းသွားပါပြီ သုံးမယ်ဆိုရင်တော့ JavaFX လိုဟာတွေရှိပါတယ်။
  • Registered Users
    show(); အစား setVisible(true) ပေးပြီး compile လုပ်တော့ warning message တော့မပြတော့ပါဘူး.. ဒါပေမယ့် run တဲ့အခါကျတော့လဲ.. ဘာမှ output ထွက်မလာပါဘူး..
    ဟုတ်ကဲ့ နောက်ဆို. awt တွေအစား ပြောင်းသုံးပီးလေ့လာမှာပါ.
    အခုလို လမ်းညွှန်ပေးတဲ့အတွက်လည်း ကျေးဇူးတင်ပါတယ်.
    အခုဟာက အရင်တုန်းက သင်ထားတာလေးတွေပြန်လုပ်ကြည့်တော့
    အဆင်မပြေဖြစ်သွားတာပါ။တော်တော်တောင်ကြာနေပြီပဲ ဆိုတာ သိလိုက်ရတယ်..ဟီး ဒါပေမယ့် အခု ဘာ result မှထွက်မလာတာလေးလဲ ရှင်းပြပေးပါဦးနော်..
  • Registered Users
    အော. ပို့စ်တင်ပြီးမှ ပြန်ပီး run ကြည့်တော့ ရသွားပါပီ.. ဆောရီးပါ. အလျင်လိုသွားလို့
    show(); နေရာမှာ setVisible(true); လို့ပဲရေးရင်ရတာကို c.setVisible(true); လို့ရေးလိုက်တာ ဆိုင်မဆိုင်တော့မသိဘူး.. ဘာမှတော့ ထွက်မလာဘူးပဲ. အခုတော့ button ပေါ်သွားပီ..
  • Administrators
    ဆိုင်ပါတယ် c.setVisible(true); ဆိုတော့ Container ကို setVisible လုပ်တာပဲဖြစ်လို့ JFrame မမြင်ရသေးဘူး။ setVisible(true); ဆိုမှသာ this.setVisible(true); လို့ဆိုတာဖြစ်လို့ JFrame မြင်ရမှာပါ။
  • edited January 2012 Registered Users
    GUI ကုဒ်တင်လေးပဲဖြစ်လို့.ဒီမှာပဲ နောက်ထပ် မေးပါရစေ.
    JLabel သုံးတဲ့အခါ ပေါ်ချင်တဲ့ output အပြည့်မရလို့ပါ.. ဘာကြောင့်ဆိုတာ စဉ်းစားလို့မရလို့ပါ.
    label တွေကို container ထဲထည့်တယ်. container ကို visible ပေးတယ် l1,l2 နှစ်ခုလုံး add လုပ်ပေမယ့် label 2 အတွက်ပဲ ပေါ်လို့ပါ.. setToolTipText ကလဲ အလုပ်မလုပ်တာများလား.
    ပြောပြပေးကြပါဦးလို့. ကျေးဇူးအထူး..

    <pre lang="java">
    import java.awt.*;
    import javax.swing.*;
    import java.awt.event.*;
    public class labelTest extends JFrame
    {
    private JLabel l1,l2;
    public labelTest()
    {
    super ("Simple Frame");
    Container c=getContentPane();
    c.setLayout(new FlowLayout());
    l1=new JLabel("This is label 1");
    l1.setToolTipText("This is ToolTip");
    c.add(l1);
    l2=new JLabel();
    l1.setText("This is lable 2");
    c.add(l2);
    }
    public static void main(String args[])
    {
    labelTest tobj=new labelTest();
    tobj.setVisible(true);
    }
    }
    </pre>
  • edited January 2012 Administrators
    အင်း ခရီးထွက်နေတယ်ဗျ မေးထားတာ အခုမှမြင်တယ် ရေးထားတာ မှားနေတယ်လေ

    label 2 ပဲ ပေါ်တာမဟုတ်ဘူး အဲဒါ label 1 ပဲပေါ်နေတာပါ l2=new JLabel(); ဆိုပြီးတော့ l1.setText("This is lable 2"); မှာသွားထည့်တော့ label 2 မှာ Caption မပါတော့ဘူး အဲဒါကြောင့်မမြင်ရဘူး ဖြစ်နေတာပါ။

    <pre lang="java">
    l2=new JLabel();
    l2.setText("This is lable 2");
    </pre>
    လို့ပြင်ရေးလိုက်ပါ မှန်သွားပါလိမ့်မယ်။
  • Registered Users
    ဟုတ်ကဲ့... အမှားရှာပေးမယ့်သူ.. မျှော်လိုက်ရတာ. ဟီး. အခု label 1 ကော
    lable 2 ကော ပေါ်သွားပါပြီ.. ဒါပေမယ့် ဘာလို့ l1.setToolTipText(("This is ToolTip"); က အလုပ်မလုပ်ရတာပါလဲ.. နောက်တခုမေးချင်တာက.. MZ မှာ post တင်တဲ့အခါ ဒီလို coding တွေကို
    line no: တွေနဲ့. စနစ်တကျပေါ်အောင် ဘယ်လိုတင်ရတာပါလဲ..ပြောပြပေးစေချင်ပါတယ်. အဲလိုမသိလို့ ဒီအတိုင်းပို့စ်မှာပဲ ကော်ပီကူးပီးမေးမေးနေရတာ.သူများတွေလို စနစ်မကျလို့ပါ.
    ကျေးဇူးတင်ပါတယ်..
  • Administrators
    ToolTip အလုပ်လုပ်ပါတယ် label 1 ပေါ်ကို Mouse Pointer ခဏလောက်ကြာအောင် တင်ထားလိုက်ရင် This is ToolTip ပေါ်ပါတယ်။

    Code တွေတင်တဲ့အခုမှာ

    <pre lang="java">
    Your code
    </pre>

    မှာထည့်ရေးပါ lang နေရာမှာ ကိုယ်သုံးထားတဲ့ Language ကိုထည့်ပေးလိုက်ရင် အဆင်ပြေပါလိမ့်မယ်။
Sign In or Register to comment.