ကျွန်တော်ကလည်း Huawei c8600 အသုံးပြုနေသူတစ်ယောက်ဖြစ်ပါတယ်။
ကျွန်တော်ကြုံတွေ့ခဲ့ရတဲ့ အခက်အခဲ ကတော့ ဂျီတော့ နဲ့ဂျီမေးလ် ကို ဘယ်လိုမှ ထည့်မရတာပါပဲ။ နည်းပေါင်းလည်းစုံခဲ့ပါတယ်။ နောက်ဆုံး Android 2.2.1 ကို တင်လိုက်ရတာပါပဲ ကျန်တာအကုန်အဆင်ပြေပါတယ်။ Gtalk ဝင်လို့မရပါဘူး နောက်ဆုံးအဆင်ပြေမယ့် နည်းလမ်းလေးတစ်ခုတွေ့ပါတယ်။
အဲ့ဒါကတော့ Meebo IM နဲ့ google talk mobile ဖြစ်ပါတယ်။
Meebo IM for android ကိုတော့ ဒီမှာ ဒေါင်းလုလုပ်နိုင်ပါတယ်။
web ကတော့ http//www.meebo.com/android/ ဖြစ်ပါတယ်။
Meebo မှာ AIM, Facebook, google talk, ICQ, Jabber, Meebo, MSN, MySpace နဲ့ yahoo တို့ကို တစ်ပြိုင်တည်း အသုံးပြုနိုင်တာ အားသာချက်ပါ။ Minimize လုပ်နိုင်တာကလည်း နှစ်သက်ဖွယ်တစ်ခုပါပဲ
နောက်တစ်ခုကတော့ google talk mobile ဖြစ်ပါတယ်။ သင့်ဖုန်း browser ကနေတစ်ဆင့် ဖွင့်ရမှာပါ လင့်ကို ဖွင့်ပြီးရင် Bookmarks လုပ်ထားလိုက်ပေါ့ အဲ့ဒီဆိုက်မှာရှိတဲ့ Lunch Now ကို နှိပ်ပြီး google talk Login လုပ်နိုင်ပါတယ်။
http://m.google.com/talk?hl=en&session=6934396780&dc=gorganic
မှတ်သလောက် တင်ပြခြင်းဖြစ်ပါတယ်။ အမှားပါရင် ခွင့်လွတ်ပေးပါ။ ဝေဖန်ပေးကြပါ။ ကျေနပ်စွာ လက်ခံနိုင်ပါတယ်။
လှိုက်လှဲစွာကြိုဆိုပါသည်။ ယခု ပထမဆုံးအကြိမ် ရောက်ဖူးခြင်းဖြစ်ပါသလား? ဝင်ရောက် ဆွေးနွေး မေးမြန်းလိုပါလျှင် အောက်တွင်ဖော်ပြထားသော button များမှတဆင့် ဝင်ရောက် ဆွေးနွေးနိုင်သကဲ့သို့ အဖွဲ့ဝင်အသစ်အနေဖြင့်လည်း လျှောက်ထားနိုင်ပါတယ်။