MYSTERY ZILLION တွင် English သို့မဟုတ် Unicode ဖြင့်သာ အသုံးပြုခွင့်ရှိသည်။ ဇော်ဂျီ ၊ ဧရာ စသည်တို့ကို အသုံးပြုခွင့် မရှိ။ Unicode Guide ကို ဒီမှာ Download ချပါ။ Zawgyi to Unicode Converter
Don't share ebook or software if nobody request. You can find free book websites on here. We are welcome for discussion or asking question instead.
ဘယ် Programming စလေ့လာသင်သလဲ
  • Vote Up0Vote Down saturngodsaturngod
    Posts: 4,597Administrators
    အခုမှ Programming လေ့လာမယ့်သူတွေကို ဘယ် programming လေ့လာဖို့ အကြံပေးချင်လဲ။ ဘာကြောင့်လဲ ?

    ကျွန်တော်ကတော့ Python ကို စလေ့လာသင့်တယ်လို့ ထင်တယ်။ လေ့လာရတာလွယ်တယ်။ ပျော်ဖို့ ကောင်းတယ်။ နောက်ပြီး Learning အတွက် သီးသန့်လုပ်ထားတဲ့ site တွေ အများကြီးရှိတယ်။ ခိုးကူမဟုတ်တဲ့ တရားဝင် Free ebook တွေလည်း အများကြီးရှိတယ်။

    Web ပိုင်းကို နောက်ပိုင်းပြောင်းချင်တဲ့သူတွေအတွက် Google App Engine ကို အသုံးပြုပြီး လွယ်လင့်တကူရေးနိုင်တယ်။ Django ကလည်း Web Framework တွေထဲမှာ အားကောင်းတာပဲ။ ဒါကြောင့် programming မြန်မြန် ဆန်ဆန် တတ်ချင်တဲ့သူတွေကို C++ ထက်စာရင် python ကို စပြီးလေ့လာစေချင်တယ်။
  • 3 မှတ်ချက်များ sorted by
  • Vote Up2Vote Down CalmHillCalmHill
    Posts: 1,177Super Moderators
    အင်း.. ပရိုဂရမ်းမင်းတတ်ချင်တာလား မြန်မြန်လုပ်စားလို့ရချင်တာလား မြန်မြန်ခိုင်းစားလို့ရချင်တာလား အဲဒါတွေနဲ့ချင့်ချိန်ပြီး ဘယ်ဟာသင်ရမလဲစဉ်းစားပေါ့ တကယ်တော့ ပရိုဂရမ်မာအတွက် Language ဆိုတာအရေးမကြီးပါဘူး အင်္ဂလိပ်လိုပြောတတ်တယ်၊ ဗမာလိုပြောတတ်တယ်၊ တရုတ်လိုပြောတတ်တယ် ဘယ်လောက်တတ်တတ် ပြောစရာစကားမရှိရင် ဘာမှမထူးပါဘူး။ :D
  • Vote Up0Vote Down rhythmrhythm
    Posts: 7Registered Users
    ကျွန်တော်ကတော့ system ပိုင်းရေးရတာပဲ စိတ်၀င်စားတော့ Web programming language တွေကို မလေ့လာချင်ဘူး။ ဒါပေမယ့် ဘယ်ဘာသာစကားပဲဖြစ်ဖြစ် လုံခြုံမှုပေးနိုင်တဲ့ ပရိုဂရမ်ဘာသာစကားတွေကို စိတ်၀င်စားပါတယ်။ နို့မို့ဆိုရင် ကိုယ်အားထည့်ရေးထားတဲ့ကုဒ်တွေ၊ သူများယူသုံးတာဆိုရင် ရေးရကျိုးမနပ်ဘူး။ မြန်မာပြည်ထွက်ဆော့ဖ်၀ဲလ်တော်တော်များများ ရောင်းအားကျရတာကလဲ အလွယ်ရေးလို့ရတဲ့ ပရိုဂရမ်ဘာသာတွေကို လေ့လာတာကြောင့်ဖြစ်ပါတယ်။ (VB, C#, Java ပရိုဂရမ်တွေဟာ Decompiler တွေနဲ့တွေ့ရင် ကိုယ်ရေးထားတဲ့ မူရင်းကုဒ်ကို အလွယ်တကူ ပြန်ဖော်နိုင်ပါတယ်။)
    ဒါကြောင့် C ကို စတင်လေ့လာသင့်တယ်လို့တော့ မဲပေးထားပါတယ်။ ပြီးရင်တော့ C++၊ Visual C++ ပေါ့။ :smile:
  • Vote Up0Vote Down KK
    Posts: 1,006Moderators
    ကျွန်တော်က အားလုံးကို မသင်ဖူးတော့ ဘယ်ဟာက ပိုကောင်းသလဲ မကြံမပေးတတ်ဘူးအစ်ကို။ ကိုယ် အားသန်ရာ သန်ရာပေါ့ .. ကျွန်တော် Programming စသင်ဖူးတာ OOP: C++ ပေ့ါ။ နောက်တော့ Java, VB, ပေါ့.. Python တော့မသင်ဖူးတော့မသိဘူး။ ဒါပေမယ့် လေ့လာချင်တယ်။ ကျွန်တော်သင်ဖူးသမျှမှာတော့ C++ တော့ တော်တော်လေးကြိုက်တယ်။ Python ကိုတော့မသိပေမယ့် Python မပါရင်တော့ C++ ကိုသင်စေချင်တယ်။

ဆွေးနွေးမေးမြန်းခြင်းစတင်ရန်

မင်္ဂလာပါ!

လှိုက်လှဲစွာကြိုဆိုပါသည်။ ယခု ပထမဆုံးအကြိမ် ရောက်ဖူးခြင်းဖြစ်ပါသလား? ဝင်ရောက် ဆွေးနွေး မေးမြန်းလိုပါလျှင် အောက်တွင်ဖော်ပြထားသော button များမှတဆင့် ဝင်ရောက် ဆွေးနွေးနိုင်သကဲ့သို့ အဖွဲ့ဝင်အသစ်အနေဖြင့်လည်း လျှောက်ထားနိုင်ပါတယ်။

Facebook ဖြင့်ဝင်ရန် Google ဖြင့်ဝင်ရောက်ရန် OpenID ဖြင့်ဝင်ရောက်ရန် Twitter ဖြင့်ဝင်ရောက်ရန်

အမျိုးအစားများ

In this Discussion