My Article - MYSTERY ZILLION
www.google.co.mm(Myanmar Unicode Version)
Forum (http://www.mysteryzillion.org/index.php)
Project (http://www.mysteryzillion.org/forumdisplay.php/10-Project)
Open Source (http://www.mysteryzillion.org/forumdisplay.php/70-Open-Source)
သင့်ဘာသာစကား အတွက် Google
အဲဒီထဲမှာရှိပါတယ်။လင့်က အဆင်မပြေဘူးဖြစ်နေတယ်။
အဲဒါက Google ကို မြန်မာလို ပြန်တဲ့ဟာပါ။ မြန်မာ ၀ီကီ တို့နဲ့ အတူ ပေါ်လာတဲ့ ပရောဂျက်ပေါ့ဗျား။ ဒါပေမယ့် ၀ီကီအတိုင်းပဲ သူလည်း unicode ပြသာနာ။ အခုရိုက်ထားတာတွေလည်းရှိပါတယ် အခုလောလောဆယ် ပြီးနေတဲ့ စာရင်းကတော့......
Main Search Site                                        93%
Google Map Maker                                       10%
Google Weather                                         44%
Groups UI                                                  7%
Knol                                                          6%
Orkut FE Templates                                     2%
User Distributed Search                                100%
Video and Video Search Front End                  55%
Video Disapproval Emails                               45%
Video Player - Flash                                     91%
Video Uploader Front End                              13%
Zipit Frontend - displaying user reviews,           100%
annotations, ratings.
အောက် ကဆိုရင် လုံး၀ပြီးသွားပါပြီ ဒါပေမယ် ့ကျွန်တော်သိချင်တာက တကယ်လို့ www.google.co.mm ဟာ မြန်မာ ယူနီကုတ်နဲ့ ပြီး သွားရင် သုံူးဦးမှာလား၊
အဲဒါလေးသိချင်လို့ Poll လေးလုပ်ထားပါတယ်။
လေးစားစွာဖြင့်
Web 1.0 to Web 2.0 မရေမရာ
Web 1.0
From http://en.wikipedia.org/wiki/Web_1.0
Web 1.0 ဆိုတာကို ၁၉၉၁-၂ဝဝ၃ အထိ ကာလလို့ပြောထားသလို www ကိုပြင်ပကို စပြီးချပေးလိုက်ချိန် ၁၉၉၁ ခုနှစ်နှစ်အစကနေ bursting of the Dot-com bubble ၂ဝဝ၁ မတိုင်ခင်ကာလ အထိ ကြားကာလကို Version 1.0 လို့ခေါ်တယ်ပြောပြန်တယ်။ Terry Flew ရဲ့ New Media မှာ personal websites တွေ blogs ဖြစ်လာတယ် ဖတ်တဲ့လူလည်း ရေးနိုင်လာတယ် အပြန်အလှန်ဆက်သွယ်မှု့ရှိလာတယ် content management systems တွေသုံးလာတယ် အဲဒါကို Web 1.0 ကနေ Web 2.0 အပြောင်းအလဲလို့ဆိုတယ် Reed Hastings ကပြောသွားတာက Web 1.0 က dial-up ဖြစ်ပြီး Web 2.0 က Broadband ဆိုရမလိုဖြစ်နေတယ် Web 3.0 ဆိုတာက 10 megabits per second ဆိုပဲ။
ဖတ်ရတာသိပ် အဆင်မပြေလှဘူး သူပြောသလို ၁၉၉၁ မှာစထုတ်လို့ Version 1.0 ဆိုရင် အရင်က အဲဒီ့အချိန်က Version 1.0 လို့ပြောခဲ့တဲ့လူ ဘယ်သူရှိပါသလဲ အခု Version 2.0 ဆိုမှအရင်က Version 1.0 လို့အော်နေတယ်လို့ ပြောရင်ငြင်းရာ အချက်အလက် မရှိသေးဘူး။ Terry Flew ပြောတာက လက်ခံနိုင်စရာရှိတယ် လက်ရှိအနေအထားနဲ့ အရင်ကအနေအထားကြားထဲမှာ အပြောင်းအလဲဖြစ်နေတာတွေက သူပြောတဲ့အချက်တွေပါနေတယ်။ Reed Hastings အဖြေကတော့ အတော်ရယ်ရတယ်ပြောရမယ် သူကတော့ Streaming လုပ်တဲ့လူဆိုတော့ မြန်လေ Version မြင့်လေလို့ခံယူထားပုံရတယ်။ ဒါပေမယ့် မှားတယ်လို့တော့ ပြောလို့မရဘူး လက်ရှိ Web နည်းပညာတွေက အရင်က Dial-up နှုန်းနဲ့ဆိုရင် အလုပ်မဖြစ်နိုင်တဲ့အရာတွေ ရှိနေတယ်။
Web 2.0
From http://en.wikipedia.org/wiki/Web_2.0
Web 2.0 ကို ၂ဝဝ၄ ခုနှစ်နောက်ပိုင်းလို့ ဆိုထားပြီးတော့ information sharing, interoperability, user-centered design and collaboration တွေကို www ပေါ်မှာ တည်ဆောက်ထားတဲ့ application လို့အဓိပ္ပာယ်ဖွင့်ထားတယ်။ ဥပမာတွေအနေနဲ့ hosted services, web applications, social-networking sites, video-sharing sites, wikis, blogs, mashups, and folksonomies လို့ပြောထားတယ်။ ရေးထားတာတွေ လက်ခံစရာကောင်းပါတယ် အချို့ပြောတဲ့ Wiki, blog ကိုလက်ညှိုးထိုးပြီး အဲဒါ 2.0 လို့ပြောတဲ့လူတွေကို Wiki, blog ဆိုတာ 2.0 ဟုတ်ပါတယ် ဒါပေမယ့် 2.0 ဆိုတာ Wiki, blog မဟုတ်ဘူးလို့ သူပြောတဲ့ အချက်အလက်မျိုး ကိုင်တွယ် ပြောနိုင်ပါတယ်။ အရေးကြီးတဲ့ အချက်တစ်ခုကို တွေ့ရတယ် Web 2.0 ဆိုတဲ့အသုံးအနှုန်းဟာ ၂ဝဝ၄ မှာလုပ်ခဲ့တဲ့ OвЂ™Reilly Media ရဲ့ Conference နဲ့သက်ဆိုင်တယ် ဆိုတာတွေ့ရတယ်။ ဒီနေရာမှာ Web New Version ဆိုတာဟာ နည်းပညာစံသတ်မှတ်ချက်ကို ပြောင်းလဲတာမဟုတ်ပဲ software developers နဲ့ end-user ရဲ့ www ကိုသုံးချပုံ ပြောင်းလဲလာတယ်လို့ ဆိုလိုတယ်လို့ ပြောထားတာဟာ အပေါ်က Web 1.0 မှာမရေမရာပြောထားပုံနဲ့ ယှဉ်ကြည့်ရင် အများကြီးလက်ခံနိုင်ပါတယ်။
Technology overview ဆိုပြီး keyword search တွေ information တွေအလွယ်တကူ Link လုပ်နိုင်ပုံတွေ Web Technology ကိုတတ်သိတဲ့လူမဟုတ်ပဲ ဝင်ရောက်ရေးသားနိုင်မယ် ရေးတဲ့လူကိုယ်တိုင် ရေးထားတဲ့ အကြောင်းအရာတွေကို ဘာအကြောင်းအရာဆိုတာ Tags လုပ်နိုင်မယ် RSS ကိုသုံးထားတဲ့ User တွေကို Content အသစ်ရောက်နေပြီလို့ အကြောင်းကြားပေးနိုင်တဲ့ Signals ပုံစံတွေကို ဆွေးနွေးထားတယ်။ ဒီနေရာမှာ သူဆွေးနွေးထားတာကို လက်ခံပါတယ် ဒါပေမယ့် အဲဒါတွေက RSS ကလွဲရင် Technology မဟုတ်ပဲ Features တွေပဲဖြစ်နေလို့ သူခေါင်းစဉ်ခွဲထားတာကို သိပ်လက်သင့်မခံချင်ဘူး။
ဘယ်လိုအလုပ်လုပ်သလဲဆိုပြီးတော့မှ လက်ရှိအသုံးပြုနေတဲ့ Technologies တွေဖြစ်တဲ့ Ajax, Adobe Flash, Adobe Flex, XML, JSon စသည်ဖြင့်တင်ပြထားတာ တွေ့ရပါတယ်။ အဲဒီ့ Technologies တွေကို Client ဘက်မှာအသုံးပြုတယ်လိုဆိုပြီး Server Site မှာတော့ ယခင်နည်းပညာ အဟောင်းများဖြစ်တဲ့ CGI, Database စသည်ဖြင့်ပဲ မပြောင်းလဲပဲ အသုံးပြုနေတာကို တင်ပြထားပါတယ်။ ဒီနေရာမှာ ပြန်သုံးသပ်မယ်ဆိုရင်လည်း CGI, Database နဲ့ Dynamic Website တွေ ရေးနေခဲ့တာ အရင်ကတည်းကပါ အခုမှမဟုတ်ပါဘူး Web 2.0 လို့စပြီးအော်ချိန်ကနေ အခုအချိန်အထိ အပြောင်းအလဲဟာ Web Application တွေဟာ အရင်လို Thin Client နည်းသွားပြီး အပေါ်မှာပြထားတဲ့ Technologies တွေနဲ့ Rich Client ကိုဖန်တီးထားတာပဲ ပိုလာတာကို မြင်နိုင်ပါလိမ့်မယ်။ ဒါ့ကြောင့် Web 2.0 ဆိုတာဘာလဲ စဉ်းစားတဲ့နေရာမှာ မြင်သာတဲ့ Rich Client ကိုသာလက်ညှိုးထိုးပြီး အဲဒါတွေက Web 2.0 လို့ပြောကြတဲ့လူတွေ ရှိလာတာပါ။
Web 1.0 vs. Web 2.0
From http://blog.vovici.com/blog/bid/18085/Web-1-0-vs-Web-2-0
Jeffrey Henning ကတော့ Web 1.0 နဲ့ Web 2.0 ကိုအောက်မှာဖော်ပြထားတဲ့ ဇယားတစ်ခုနဲ့ တင်ပြထားပြန်ပါတယ်။
Web 1.0        Web 2.0
One-Way        Two-Way
Authoritarian    Democratic
Passive        Active
Static        Dynamic
Closed        Collaborative
One-Way နဲ့ Two-Way ဆိုတာမှာ အရင်က Personal Website တွေ Coporate Website တွေမှာဆိုရင် ဖတ်လို့ပဲရတာများပါတယ် အနည်းဆုံး Feedback ပြန်ပေးချင်ရင် အီးမေးနဲ့ပဲလုပ်ရတာ များပါတယ်။ အခုနောက်ပိုင်းမှာတော့ ဘလော့ဖြစ်ဖြစ် Social Network ဖြစ်ဖြစ် Website တော်တော်များများမှာ Feedback လုပ်လို့ လွယ်ပါတယ် အနည်းဆုံးတော့ Comment ရေးလို့ရတယ် ဒါလည်း မြင်သာတဲ့ အနေအထားတစ်ခုပါပဲ။
Authoritarian နဲ့ Democratic ဆိုတာကတော့ အရင်ကတော့ Web မှာ Publish လုပ်ဖို့အတွက်လည်း သက်ဆိုင်ရာ Website ကခွင့်ပြုမှသာ ဖြစ်နိုင်ပါတယ် သာမန်လူတွေ အနေနဲ့က နည်းပညာချို့တဲ့မှု့တွေကြောင့် ကိုယ်တိုင် Website လုပ်ဖို့ အနည်းနဲ့အများ အခက်အခဲရှိပါတယ် အခုဆိုရင်တော့ Blog တစ်ခုလုပ်ဖို့ မခဲယဉ်းတာကြောင့် ကိုယ်တိုင် လုပ်ရပိုလွယ်တယ်။ အားနည်းချက်အနေနဲ့ ယုံကြည်နိုင်မှု့တော့ လျော့ကျပါတယ် ရေးထားတဲ့ အကြောင်းအရာ မှန်ကန်တယ်လို့ ယုံကြည်နိုင်ဖို့ အတော်လေးဆုံးဖြတ်ရမယ်။
Passive နဲ့ Active ဆိုတာကိုတော့ သူတို့အနေနဲ့ ဖတ်ရုံသက်သက်နဲ့ Interactive လုပ်လို့ရမရလို့ ပြောထားတယ်။ အရင်က Website တွေမှာက ဖတ်ဖို့များတယ်ဆိုတာ လက်သင့်ခံပါတယ် ဒါပေမယ့် သူဥပမာပြောထားတဲ့ အွန်လိုင်းက အရောင်းအဝယ်လုပ်တဲ့ Active ကိစ္စကတော့ အရင်လည်းရှိတာပါပဲ ဒါတွေကတော့ သိပ်ပြီးသိသာထင်ရှားတဲ့ အပြောင်းအလဲတော့ မဟုတ်ဘူးလို့ ယူဆပါတယ်။ Static နဲ့ Dynamic မှာလည်း ဒီလိုပဲသုံးသပ်ပါတယ် ၂ဝဝဝ ခုနှစ်များက Website များဟာ Static များတယ်လို့ဆိုပေမယ့် အရာအားလုံး Static မဟုတ်ပါဘူး အခုခေတ်လည်း Personal Page တွေရဲ့ခေတ်က ကုန်ဆုံးမသွားသေးပါဘူး အနည်းနဲ့အများရှိနေကြပါတယ် ဒါ့ကြောင့် ဘယ်လောက်အတိုင်းအတာအထိ Dynamic ဖြစ်တယ်ဆိုတာကို ပြောနိုင်မယ်ဆိုရင်တော့ လက်ခံကောင်းလက်ခံနိုင်ပါမယ်။ Closed နဲ့ Collaborative ဆိုတာကတော့ လက်သင့်ခံနိုင်ပါတယ် ဖတ်တဲ့လူတွေ ပါဝင်နိုင်မှု့ လွယ်မလွယ်ဆိုတဲ့နေရာမှာ Wiki လိုလူတိုင်း ပါဝင်ခွင့်ရတဲ့ နေရာမျိုးက သက်သေထူပါတယ် ဒါပေမယ့် Wiki မှာတောင် အချို့အကြောင်းအရာတွေက လူတိုင်းကိုပြင်ခွင့်မပေးပဲ Closed အဖြစ်ရှိနေတာတွေက Collaborative အားလုံးလုပ်ဖို့ မဖြစ်နိုင်ကြောင်း ဖော်ပြနေပါတယ်။
လူတစ်ယောက်ချင်း အမြင်အဖြစ်နဲ့ ထပ်ပြီးဖတ်ချင်ရင် Joe Drumgoole ရေးတဲ့ Web 2.0 vs Web 1.0 ကိုလည်း http://joedrumgoole.com/blog/2006/05/29/web-20-vs-web-10/ မှာဖတ်လို့ရပါတယ် သိပ်ကွာခြားမှု့မရှိလှပါဘူး။
Web 1.0 vs Web 2.0, the Difference
From http://www.sizlopedia.com/2007/08/18/web-10-vs-web-20-the-visual-difference/
အများအနေနဲ့မြင်သာမယ့် Diagram အဖြစ် Web 1.0 and Web 2.0 ကို Saad Hamid ကတော့ အောက်မှာပြထားတဲ့ ပုံနဲ့ တင်ပြထားပါသေးတယ်။
Key Differences between Web 1.0 and Web 2.0
From http://www.uic.edu/htbin/cgiwrap/bin/ojs/index.php/fm/article/view/2125/1972
First Monday မှာ Graham Cormode နဲ့ Balachander Krishnamurthy ရေးထားတဲ့ Key Differences between Web 1.0 and Web 2.0 ကတော့ Website တွေရဲ့ ကွာခြားချက်ကို Survey လုပ်ပြီး စနစ်တကျရေးထားပါတယ် Qualitative Data တွေကို Survey လုပ်ထားတာ ဖြစ်တဲ့အတွက် သူတို့သတ်မှတ်ထားတဲ့ အတိုင်းအတာများကိုတော့ မူရင်းမှာပဲ အသေးစိတ် ဖတ်လို့ရပါမယ်။ အဓိကတင်ပြထားတာက Traffic and Technology ကိုအဓိကတင်ပြထားပြီး စိတ်ဝင်စားစရာအဖြစ် တင်ပြထားပါတယ်။ သူတင်ပြထားတဲ့ Web 1.0 and Web 2.0 မှာသုံးစွဲတဲ့ Traffic ပမာဏကွာတယ်ဆိုတာ လက်ခံနိုင်ပါတယ် တစ်ခါတည်း အကုန်လုံးဆွဲချတယ် နောက်တော့ Ajex လိုတစ်ပိုင်းချင်းစီဆွဲယူတယ် အစက Information တွေက Text နဲ့ပဲရှိတယ် နောက်တော့ ရုပ်ရှင်တွေလို Information တွေပါလာတယ် ဒါတွေမှာ Technology ကိုမူတည်ပြီး Traffic လည်းကွဲပြားလာတယ်။ ဒီဆောင်းပါးကိုတော့ မူရင်းမှာအသေးစိတ် ဖတ်မှပဲ သူတို့လုပ်ထားတဲ့ Survey နဲ့ တင်ပြချက်တွေကို အသေးစိတ်ဖတ်နိုင်ပါမယ် အသေးစိတ်ဖတ်သင့်တဲ့ ဆောင်းပါးတစ်ခုပါ။ တင်ပြထားတဲ့ Survey အဖြေတွေအရ အပေါ်ကဘလော့တွေမှာ ရေးထားသလိုမဟုတ်ပဲ မှန်ကန်ကြောင်းလည်း အခိုင်အမာသက်သေခံနိုင်ပါတယ်။ ဒီနေရာမှာ Authoritarian နဲ့ Democratic ရဲ့အကျိုးအပြစ်ကို ထင်ထင်ရှားရှားတွေ့နိုင်ပါတယ် Blog or Wiki မှာရေးထားတယ် ယုံကြည်ရမလား ကိုယ်တိုင်ဆုံးဖြတ်ရမယ် Journal မှာပါဝင်ဖို့ နားလည်တဲ့ Technical ဘုတ်အဖွဲ့ပါဝင်တာကြောင့် ဆောင်းပါးရဲ့ မှန်ကန်ကြောင်း အကျိုးရှိကြောင်း အတည်ပြုချက်လိုတယ် ဒါ့ကြောင့်ပိုပြီးယုံကြည်ရတယ်။
What Is Web 2.0
From http://oreilly.com/pub/a/web2/archive/what-is-web-20.html?page=1
Web 2.0 ဆိုတဲ့အခေါ်အဝေါ်ဟာ Oreilly ကစခဲ့တယ်ဆိုတော့ Oreilly မှာပြောခဲ့တယ်ဆိုတာကိုလည်း တစ်ခေါက်ဖတ်ရပြန်တယ် Oreilly မှာလည်း Web 1.0 and Web 2.0 ကိုအောက်မှာပြထားတဲ့ နှိုင်းယှဉ်ချက်နဲ့ ပြထားပြန်ပါတယ်။
Web 1.0                Web 2.0
DoubleClick            Google AdSense
Ofoto                Flickr
Akamai                BitTorrent
mp3.com                Napster
Britannica Online        Wikipedia
personal websites        blogging
evite                upcoming.org and EVDB
domain name speculation        search engine optimization
page views            cost per click
screen scraping            web services
publishing            participation
content management system    wikis
directories(taxonomy)        tagging(folksonomy)
stickiness            syndication
Oreilly ရဲ့ဆောင်းပါးမှာတော့ The Web As Platform, Harnessing Collective Intelligence, Data is the Next Intel Inside, End of the Software Release Cycle, Lightweight Programming Models, Software Above the Level of a Single Device, Rich User Experiences ဆိုပြီးတော့ အခန်းခွဲပြီးတော့ တင်ပြထားပါတယ်။ အပေါ်မှာတင်ပြခဲ့တဲ့ အကြောင်းအရာတွေနဲ့ ကွဲပြားစွာထပ်ပါလာတာက Data is the Next Intel Inside လို့ပြောရပါမယ် Web 1.0 ခေတ်ကဆိုရင် Data အတော်များများဟာ Static Page အတွင်းမှာသာရှိနေပြီးတော့ Web 2.0 ခေတ်မှာ Data တွေဟာ Web Component အပြင်မှာရှိလာကြောင်း တွေ့ရပါတယ် ဥပမာအားဖြင့် XML or External Database ထဲမှာပဲ ထိမ်းသိမ်းတာများလာကြောင်း တွေ့ရပါတယ်။ End of the Software Release Cycle မှာလည်း သာမန် Software Release မှာလို Acceptance မှာ Test Team ထက်ပိုပြီး User တွေကို ပိုမိုပါဝင်ခွင့် ပေးလာတာကို တင်ပြထားတာ တွေ့ရပါတယ်။ Software Above the Level of a Single Device မှာတော့ Web 2.0 မှာ PC ဆိုတာထက် ပိုမိုပြီးတော့ အခြားသော Platform များအထိ ပါဝင်သွားတယ်ဆိုတာကို ဦးစားပေး တင်ပြထားတာကို မြင်နိုင်ပါတယ်။
သုံးသပ်ချက်
အပေါ်မှာ တင်ပြသွားတဲ့ လူတစ်ယောက်ချင်းရဲ့ အမြင်တွေရယ် ဆောင်းပါးတွေရယ်ကို စုပေါင်းကြည့်မယ် အမျိုးအစား ခွဲကြည့်မယ်ဆိုရင် Web Site တွေရဲ့ Content ပြောင်းလဲမှု့၊ User တွေရဲ့ အခန်းကဏ္ဍ၊ Technological Support ဆိုပြီးခွဲခြားနိုင်ပါတယ်။
Web Site တွေရဲ့ Content ပြောင်းလဲမှု့မှာဆိုရင် ယခင်ကလို Content နဲ့ Web Component တွေခွဲခြားထားနိုင်တယ် Content တွေကို Data တွေအနေနဲ့ သီးသန့်ထုတ်ထားနိုင်တယ် ဒါ့ကြောင့် Content အပြောင်းအလဲဟာ အခြားသောအကြောင်းအရာတွေကို ထိခိုက်မှု့လျော့သွားတယ်။ Content ဆိုရာမှာ အရင်ကဆိုရင် သာမန် User တိုင်း ပြုပြင်နိုင်ခွင့်နည်းပါတယ် Wiki လို Blog လိုအကြောင်းအရာများက ယခင်ထက် သာမန် User တွေကိုတင်ပြခွင့်တွေ ပိုမိုလာခဲ့တယ်။
User တွေရဲ့ အခန်းကဏ္ဍမှာဆိုရင် ယခင်ကလို နည်းပညာတတ်ကျွမ်းမှ ဒါမှမဟုတ် အယ်ဒီတာအဖွဲ့ အတည်ပြုမှတင်ပြခွင့်ထက် မိမိကိုယ်တိုင် တင်ပြခွင့်ကို ပြောင်းလဲလာတဲ့ နည်းပညာက အကူအညီပေးခဲ့တယ်။ အကျိုးအမြတ်အဖြစ် လွတ်လပ်စွာတင်ပြခွင့် ရရှိလာတယ်။ ဆိုးကျိုးလည်းရှိတာပါပဲ တင်ပြချက်တွေမှာ အမှားတွေ အများကြီးပါလာတယ် ဒါ့ကြောင့် ယုံကြည်သင့်မယုံကြည်သင့် ခွဲခြားနိုင်ဖို့စွမ်းအားရှိဖို့ အင်မတန်လိုအပ်တယ်။ Technical User တွေပဲပြောပြော Developer တွေပဲပြောပြော သူတို့ရဲ့ ကဏ္ဍကတော့ အရင်အတိုင်းပဲ သာမန် User တွေ Web မှာ လွယ်လွယ်ကူကူ ရေးသားလို့ရတယ်ဆိုတာ သာမန် User တွေ Web နည်းပညာကို တတ်ကျွမ်းလာတယ်လို့ မဆိုလိုဘူး မတတ်လည်းရေးလို့ရအောင် အလွယ်တကူရှိတဲ့ Software တွေနဲ့ ထောက်ပံ့ပေးထားတာသာဖြစ်တယ်။ ဒီလို Software တွေအတွက် Technical User တွေကတော့ အရေးပါတဲ့ ကဏ္ဍကနေ ရှိနေမှာပါပဲ။
Technological Support မှာ သာမန် User တွေအတွက် Support နဲ့ Technical User တွေအတွက် Support ဆိုပြီးခွဲခြားမြင်နိုင်ပါသေးတယ်။ သာမန် User တွေအနေနဲ့ Web မှာပါဝင်ရေးသားနိုင်အောင် Blog လို Wiki လိုဆော့ဝဲတွေက အထောက်အကူပြုပေးနိုင်တယ် အဖွဲအစည်းအတွေအတွက်လည်း အမျိုးမျိုးသော Content Management System တွေကလည်း အကူအညီပေးနိုင်ပါတယ်။ ဥပမာ- Blogger, Wordpress, Wiki, Joomla, вЂ¦ စသည်ဖြင့်ပေါ့လေ ဒီလိုဆော့ဝဲတွေဟာ သာမန် User တွေအတွက် Content ပဲစိုက်ထုတ်ရုံနဲ့ Web မှာတင်ပြနိုင်အောင် လုပ်ပေးနိုင်ကြပါတယ်။
Technical User တွေကတော့ သာမန် User တွေကို အထောက်အကူပြုတဲ့ Software များကို ဖန်တီးဖို့အတွက် အခြားသော နည်းပညာများကို အသုံးပြုနိုင်ပါတယ် ဒီနေရာမှာ Rich Client တွေဖန်တီးဖို့ JavaScript, Web Page ရဲ့ တစ်စိတ်တစ်ဒေသကို ပြုပြင်ပေးနိုင်တဲ့ Ajex, Publish Subscribe အတွက် RSS စသည်ဖြင့်ပေါ့လေ အသစ်အသစ်နဲ့ ထွက်လာတဲ့ Web Technology တွေက Technical User တွေကိုဖန်တီးခွင့်ပေးမယ့် Technological Support တွေအဖြစ် ရှု့မြင်နိုင်ပါတယ်။
နိဂုံး
how to pass mpt proxy
Why need to develop own PHP framework ?
ကိုယ်တိုင်ရေးတဲ့ framework က symfony,  cake တို့ နဲ့ ယှဉ်လိုက်ရင် ကလေးသာသာ လိုပဲ ဖြစ်ကောင်းဖြစ်မယ်။ ဒါပေမယ့်  ကျွန်တော့်အနေနဲ့ကတော့ အားလပ်ချိန်မှာ ရေးစေချင်တယ်။ PHP ဟာ တော်တော်လေးကို  ကျယ်ပြန့်ပါတယ်။ အရမ်းလွယ်တဲ့ Language တစ်ခု ဖြစ်ပေမယ့် ကျယ်ပြန့်ပြီး  လူသုံးများတဲ့ language တစ်ခုပါ။ MVC တစ်ခုကို ဘယ်လို တည်ဆောက်ရမလဲ။ ORM  ဆိုတာဘာလဲ။ template system တစ်ခုကို တည်ဆောက်ဖို့အတွက် ဘာတွေလိုအပ်မလဲ။  စတာတွေကို ကိုယ်ပိုင် php framework တည်ဆောက်တဲ့အခါမှာ ရလာနိုင်တဲ့  knowledge တွေ skill တွေပါပဲ။
ကိုယ်ပိုင် php framework တည်ဆောက်တဲ့အခါမှာ အစပိုင်းမှာ  သုံးလို့မရသေးပေမယ့် နောက်ပိုင်းမှာ သုံးရတာ တော်တော်လေးကို  အဆင်ပြေလာပါလိမ့်မယ်။ အခြား  framework တွေကို သုံးပြီးရေးတာထက်စာရင်  ကိုယ့် framework ကို သုံးပြီးရေးတဲ့အခါမှာ ရေးရတာ native php ထက်  လွယ်ကူလာသလို code နဲ့ ကိုယ် နဲ့ တသားကျသလို မျိုး ခံစားရပါလိမ့်မယ်။  ကိုယ်ဘာလုပ်ချင်လဲဆိုတာကို စဉ်းစားလိုက်တာနဲ့ ဘယ်လို ရေးရမလဲဆိုတာကို  စဉ်းစားစရာ မလိုပဲရေးချနိုင်လာပါတယ်။ နောက်ပြီး PHP မှာ များပြားလှတဲ့  function တွေအကြောင်းကို framework ရေးသားရင်းနဲ့  သိရှိလာနိုင်တယ်။ကိုယ်လိုချင်တဲ့ function မျိုး ရှိမလားဆိုပြီး ရှာဖွေရင်း  တွေ့ရှိလာတာတွေ ရှိပါတယ်။ ဥပမာ။ segment ဖြတ်တဲ့အပိုင်းတွေပေါ့။ MVC မှာ  segment က အရေးပါပါတယ်။
ကိုယ်ပိုင် framework ကို ရေးဖို့အတွက် အနည်းဆုံးတော့ framework ၂ ခု  လောက် သုံးဖူးသင့်တယ်။ ဒါမှ ဘာတွေကောင်းတယ်။ ဘာတွေ မကောင်းဘူး။ ကိုယ်နဲ့က  ဘယ်လို ပုံစံမျိုးနဲ့ သင့်တော်လဲ။ ကိုယ်ရဲ့ coding style က ဘာလဲ။ ကိုယ်  အဓိက အားထားပြီး သုံးတာတွေက ဘာတွေလဲဆိုတာကို သိလာနိုင်ပါလိမ့်မယ်။  framework တစ်ခုတည်းပဲသုံးပြီး ရေးနေရင်တော့ framework ကို  ကျွမ်းကျင်ကောင်းကျွမ်းကျင်ပါလိမ့်မယ်။ ဒါပေမယ့် အခြား လှပတဲ့ code nature  တွေကို တွေ့ရှိမှာ မဟုတ်တော့ဘူး။ ဥပမာ။။ CodeIgniter သုံးတဲ့အခါ ORM ကို  သင်သိတော့မှာ မဟုတ်ဘူး။ Symfony ကို အဓိက အားကိုးပြီး သုံးနေရင်လည်း  CodeIgniter က ဘာကြောင့် အရမ်းလွယ်ပြီး လူကြိုက်များနေတာကို နားလည်နိုင်မှာ  မဟုတ်ဘူး။ framework တွေဟာလည်း တစ်ခုနဲ့ တစ်ခုရေးသားရပုံတွေ  မတူညီကြပါဘူး။အကုန်လုံးမှာတော့ ကောင်းတဲ့ဟာလေးတွေ သဘောကျစရာလေးတွေ တစ်ခု  သို့မဟုတ် တစ်ခုထက် ပိုပြီး ပါတတ်ပါတယ်။ ဒါပေမယ့် ကိုယ်နဲ့ သင့်တော်တဲ့  framework တစ်ခုကိုပဲ လက်စွဲသုံးတာ အဆင်ပြေပါလိမ့်မယ်။
ကိုယ်ပိုင် framework ရေးတဲ့အခါ ကိုယ့်ရဲ့လက်စွဲ framework ဟာ ကိုယ့်  framework ရဲ့စံပြလို ဖြစ်လာပါတယ်။ ပုံစံ တူချင်မှ တူမယ်။ ဒါပေမယ့်  ဆင်သွားမှာတော့ အမှန်ပဲ။ ကျွန်တော့် APIWork ဆိုရင် CodeIgniter နဲ့  တော်တော်ဆင်ပါတယ်။ ဒါပေမယ့် မတူပါဘူး။ ကျွန်တော့် APIWork က အဓိက API  library တွေကို အသားပေးထားပါတယ်။ အခြား Library တွေ အများကြီးလည်း  မပါသေးဘူး။ အခုမှ MZ 2.0 ရေးရင် တဖြည်းဖြည်း ဖြည့်ပြီး ရေးသားနေပါတယ်။  framework ရေးရင် အခြား framework တွေ ဘယ်လိုရေးထားလဲ။ ဘယ်လို folder  structure တွေ ဆောက်ထားလဲ။ ဘာလို့ အဲလို folder structure တွေ  ဆောက်ရတာလဲဆိုတာတွေ နားလည်လာလိမ့်မယ်။
နောက်ပြီး ကိုယ်ပိုင်  framework တစ်ခုရှိခြင်းဟာလည်း ကိုယ့်ရဲ့  portfolio အတွက် ကောင်းပါတယ်။ framework တစ်ခုဆောက်တာ ချက်ခြင်းနဲ့  မပြီးသွားပါဘူး။ အချိန် အရှည်ကြီးနဲ့ တမြေ့မြေ့နဲ့ လုပ်ရတာပါ။  အားလပ်ချိန်မှာ လုပ်လို့ကောင်းပြီး ပျော်စရာ ကောင်းပါတယ်။ CMS တစ်ခုကို  အားလပ်ချိန်မှာ တည်ဆောက်တာထက် framework တစ်ခုကို တည်ဆောက်တာ  ပိုသင့်တော်တယ်။ CMS ဟာ CMS အတွက်ပဲသုံးလို့ရမယ်။ framework ကတော့ CMS လား  blog လား  ဘာလာမလဲ။ ကြိုက်တာကို ကိုယ့် fraemwork သုံးပြီး  ရေးသားလို့ရပါတယ်။
ပြဿနာရှင်းတတ်ဖို့အရေးကြီးတယ်
သင်မှတတ်တယ်ထင်တဲ့ ကိုယ့်လူမျိုးရဲ့ အကျင့်အရပြောရမယ်ဆိုရင် အပေါ်ကသုံးဆင့်မှာ သင်ပေးလို့ရတာ ဒုတိယတစ်ဆင့်ပဲရှိပါတယ် ကျန်တဲ့အဆင့်နှစ်ခုက ကိုယ်တိုင်လုပ်ယူရတာပါ။ ပထမဆင့်မှာ ကွန်ပျူတာလို တွေးတတ်ဖို့ Logic Building ပုစ္ဆာတွေကို ရှင်းခိုင်းရပါတယ် သင်ယူတဲ့လူက ကိုယ်တိုင်မရှင်းနိုင်လို့ သင်ပေးတဲ့လူက ရှင်းလိုက်ပြီးတော့ အဖြေကိုရှင်းပြရင် သင်ယူတဲ့လူနားလည်သွားပါလိမ့်မယ် ဒါပေမယ့် သင်ယူတဲ့လူမတတ်လိုက်ပါဘူး သူနားလည်သွားတာက နမူနာပုစ္ဆာရဲ့အဖြေသာဖြစ်ပါတယ် တတ်သွားရမယ့် Logic ကိုမရခဲ့ပါဘူး။ တတိယတစ်ဆင့်မှာလည်း ပရောဂျက်တစ်ခု လုပ်ခိုင်းလိုက်တယ် ကျောင်းသားကကြိုးစားမလုပ်ဘူး အဲဒီ့မှာ သင်တန်းဆရာက ဒီလိုဆိုပြီး အစကနေ ဘယ်လိုရေးတယ်ဆိုပြီး ရေးပြလိုက်တယ် အဲဒါဆိုလည်း ကျောင်းသားအတွက် အလကားပါပဲ ရေးတတ်သွားတယ်လို့ ထင်သွားတယ် သို့ပေမယ့် ဘာမှမရလိုက်ပါဘူး။
ဘယ်သင်တန်းကောင်းသလဲ ဆိုတဲ့အမေးတွေကို ဖြေရမယ်ဆိုရင် အပေါ်မှာပြောထားသလို သင်ယူမယ့်လူအနေနဲ့ ပထမနဲ့ တတိယ အဆင့်နှစ်ဆင့်ကို ကိုယ်တိုင်သင်ယူရမယ်ဆိုတာ သဘောပေါက်ရင် ဘယ်သင်တန်းမှာသင်သင် အတူတူပါပဲ။ ချော့သင်တဲ့နေရာမှာ ဗမာပြည်ထက် ကောင်းတဲ့နေရာ တစ်နေရာမှ မမြင်ဖူးပါဘူး ဗမာပြည်က တက္ကသိုလ်မှာ Language တစ်ခုကို တစ်နှစ်သင်ရတယ် စာသင်လအနေနဲ့တွက်ရင် ၉ လလောက်ရှိပါတယ် တတိယနှစ်အထိ Language တစ်မျိုးစီသင်ပါတယ်။ တစ်ခြားနိုင်ငံက တက္ကသိုလ်မှာ Language တစ်ခုဟာ Semester တစ်ခုပဲသင်ပါတယ် စာသင်လဟာ ၄ လလောက်ပဲရှိတယ် စာသင်ရက် ၁၅ ရက်လောက်ပဲရတယ် အနည်းဆုံး တစ်ရက်တစ်ခန်းနဲ့ အပြတ်သင်တာပါ စာတတ်ဖို့ထက် စာပြီးဖို့အရေးကြီးပါတယ် ဗမာပြည်လို ဒီတစ်ပါတ် if နောက်တစ်ပါတ် for ဆိုပြီးသင်နိုင်တာမဟုတ်ပါ။ အဲဒါကို ဘာလို့တတ်သလဲဆိုတော့ ပရောဂျက်က အနည်းဆုံး ၄ဝ% လောက်ယူပါတယ် ဒီတော့အဲဒါမလုပ်ရင် ကျဖို့ကသေချာပါတယ် ဒီတော့သင်တာ မကောင်းလည်း ကျမှာကြောက်တော့ အတင်းတွန်းပြီး ကိုယ့်ဟာကိုယ်လုပ်ရပါတယ်။ ဗမာပြည်က တက္ကသိုလ်က အဲဒီ့လိုဖိအား မရှိတဲ့အတွက် ကိုယ့်ကိုကိုယ် တတ်အောင်လုပ်မယ်ဆိုတဲ့ ဖိအားလိုပါတယ် အဲဒါသာရှိမယ်ဆိုရင် ဘယ်မှာသင်သင် အတူတူပါပဲ။
အဲဒီ့လိုသင်ခဲ့ရင် အလုပ်မှာသုံးလို့ရပြီလားဆိုရင် သုံးစားလို့မရသေးပါဘူး ပြောရမယ်ဆိုရင် လက်သင်ပဲရှိပါသေးတယ် အလုပ်မှာက သင်တန်းမှာရေးတဲ့ ပရောဂျက်နဲ့ကွာတာက အပြင်မှာသုံးတဲ့ပြဿနာပါ သူ့သတ်မှတ်ချက်ကို မရရအောင်ရေးရပါတယ် ဒီနေရာမှာကိုယ်ရေးတဲ့ Language မှာမပါတဲ့ Features ဖြစ်ဖြစ် ရှိပေမယ့်ကိုယ်မသိတာပဲဖြစ်ဖြစ် ပြဿနာပေါင်းစုံ အမြဲတွေ့ရပါတယ် အဲဒါကိုရှင်းတဲ့နေရာမှာ ကိုယ်တတ်သလောက်နဲ့ ဖြစ်အောင်လုပ်ယူရပါတယ် အဲဒါကို Problem Solving Skill ခေါ်ပါတယ် Problem Solving Skill ဟာတစ်ယောက်နဲ့ တစ်ယောက်မတူပါ။ ပြဿနာများများကြုံတဲ့လူဟာ ဖြေရှင်းနည်းများများသိပါတယ် အဲဒါကို အတွေ့အကြုံလို့ခေါ်တာပါပဲ။ Problem Solving Skill မမြင့်ပေမယ့် ပြဿနာတက်လိုက် ဟိုလူ့မေးလိုက် ဒီလူ့မေးလိုက်နဲ့ လိမ်ဖယ်လိမ်ဖယ်နဲ့ အတွေ့အကြုံများများလာတဲ့ လူလည်းရှိတာပါပဲ။ ဒီတော့ဆိုလိုတာက အလုပ်လုပ်တယ်ဆိုရင် အတွေ့အကြုံဆိုတာက တစ်ဖြည်းဖြည်းများလာတာပါ နည်းတာနဲ့ များတာပဲကွာပါတယ် Problem Solving Skill မြင့်တဲ့လူကတော့ အလုပ်လုပ်တာ အချိန်တူရင်တောင် အတွေ့အကြုံပိုများများရမယ်ပေါ့။ ဒီတော့အလုပ်လုပ်ဖို့အတွက် Problem Solving Skill မြင့်သည်ဖြစ်စေ နိမ့်သည်ဖြစ်စေ လိုအပ်ပါတယ်။ အဲဒါမရှိရင်တော့ အလုပ်လုပ်လို့မရပါ။
အလုပ်လုပ်လို့ရပြီဆိုရင် ဘယ်လောက်အထိ တိုးတက်မလဲဆိုတာ ကြည့်သင့်သေးတယ် Implementation မှာ Problem Solving Skill မြင့်တယ် အတွေ့အကြံများတယ်ဆိုရုံနဲ့ အပြင်ကကြုံတွေ့နေတဲ့ ပြဿနာတွေကို Analyze မလုပ်နိုင်သလို ပရောဂျက်တစ်ခုကို စီမံခန့်ခွဲနိုင်ခြင်းမရှိပါ ဒီနေရာမှာ Implementation ထက်ပိုတဲ့ ဘာသာရပ်တွေ အများကြီးသင်ယူဖို့လိုပါသေးတယ် Software Engineering, Project Management, Management Information System, System Analysis and Design စသည်ဖြင့် တတ်ကျွမ်းဖို့လိုပါတယ် အဲဒါတွေကို မသင်ပဲအလုပ်လုပ်ရုံနဲ့ တတ်မယ်လို့မျှော်လင့်လို့မရပါ။ အဲဒါတွေသင်ဖူးရင် လုပ်နိုင်ပြီလားဆိုတော့လည်း မဟုတ်ပါ ဒီနေရာမှာလည်း သင်ထားတာကို သင့်လျော်တဲ့ပြဿနာမှာ သုံးတတ်တဲ့ Problem Solving Skill ရှိဖို့လိုအပ်ပါတယ်။ အဲဒါတွေမသင်ဖူးရင် ပြဿနာမရှင်းတတ်ဖူးလားဆိုတော့ အဲဒီ့လိုလည်းမဟုတ်ပါ မြင်ဖူးတဲ့ပြဿနာတော့ ရှင်းတတ်ကောင်း ရှင်းတတ်ပါလိမ့်မယ် သို့ပေမယ့် ရှုပ်ထွေးတဲ့ပြဿနာတွေ ရှင်းနိုင်လိမ့်မည်မဟုတ်ပါ Implementation ပြဿနာမဟုတ်တဲ့အတွက် ဒါလေးမရေးတတ်လို့ဆိုပြီး ဖိုရမ်မှာမေးလို့လည်း မရတော့ပါ။ ဒီအရာတွေကို Management Problem Solving Skill လို့နာမည်တပ်လိုက်ပါ့မယ် ဒါတွေမကျွမ်းကျင်ပဲ သက်ဆိုင်ရာဌာနရဲ့ Management Level ကိုမရောက်နိုင်ပါ။
Minus is really cool!
3D Stereoscopic For ATI GPUs
ကျွန်တော်တို့ တစ်ဖက်က အနီ တစ်ဖက်က အပြာလိုလိုအစိမ်းလိုလို မျက်မှန်ကြီးတပ်ပြီးကြည့်ရတာလေ။
ကြည့်လို့ကောင်းတယ် .. တစ်ခါတစ်ခါ 3DModel တွေက အပြင်ကိုတောင် ထွက်လာသေး ..
ကဲ .. အဲလိုမျိုးနဲ့ ဂိမ်းဆော့ချင်ပါသလား .. Nvidia အတွက်တော့မပြောတော့ပါဝူး .. သူက သူ့Driver ဆွဲလိုက်ရင်ပြီးတယ် .. အခု ATI(AMD) GPU User တွေအတွက်ပြောချင်တာပါ ။။
AMD က Nividia လို Stereo 3D ကို ကိုယ်တိုင် Enable လုပ်နိုင်တဲ့ Driver မထုတ်ပေးခဲပါဝူး ဒါကြောင့် ကျွန်တော်တို့က ATI Radeon HD အတွက် third-party drivers တွေကိုသုံးရပါမယ် ။။
အကောင်းဆုံးကတော့ iZ3D ပါ ..  Configuration လုပ်ရတာလွယ်တဲ့အပြင် ဈေးကြီးလွန်းတဲ့ 3D Tool Kit တွေတင်မကပဲ ဈေးပေါတဲ့ Anaglyph ကိုပါ Support လုပ်ပါတယ် ။။ 3D Kit တွေကတော့ ပြောမနေနဲ့တော့ အလန်းပေါ့ .. ဒါပေမဲ့ လည်း ၀ယ်ဖို့မတက်နိုင်တော့ Anaglyph လေးနဲ့ပဲ အာသာဖြေရတာပေါ့ .. ဟဲဟဲ  :-D
အခု ဒီ Driver လေးကို ဒေါင်းလိုက်ပါ .. ပြီးရင် anaglyph မျက်မှန်လေးတစ်လက်ပဲလိုတယ်
ဒါကလည်း ပန်းဆိုတန်းမှာသွား၀ယ်နိုင်ပါတယ် .. ကျွန်တော်၀ယ်တုန်းက ၆၀၀၀ လားပဲရှိတယ်
ဒါဆို ok ပါပြီ .လုပ်နည်းမသိရင်မေးနိုင်ပါတယ် .. Driver လေးကို သွင်းပြီးရင် Enable လုပ်လိုက်တာနဲ့ ဘာမှမဖြစ်ပါဝူး ဂိမ်းထဲကို၀င်မှာ သူက အလုပ်လုပ်တာပါ .. Anaglyph ကတော့ ထုံးစံအတိုင်း နည်းနည်းတော့မှောင်တာပေါ့ .. အော် ပြောပါတယ် အဖြည်ခံလေးပါဆို ..
ဒါပေမဲ့နော် .. တကယ်ကို မိုက်တာ .. အရုပ်တွေကြွနေတာ ..ရှယ်ပဲ ကျွန်တော်ကတော့ Resident Evil 5 ကိုဆော့တာ ..တော်တော်ကြိုက်သွားပြီဗျာ ..
ကဲကဲ လေရှည်နေတာများသွားပြီ ဟီးဟီး
http://www.iz3d.com/select_download   ဒီမှာဒေါင်းနိုင်ပါတယ် ..
Select your Device or Output မှာတော့ Anaglyph ကိုရွေးပေးလိုက်ပါ .. ဆိုဒ်သေးပါတယ် ။။
စနစ်တကျခိုးကြမယ်
(၁) ကိုယ်ရှာချင်တဲ့ ဆော့ဝဲအကြောင်းကို အသေအချာသိအောင် လေ့လာပါ ဘာလုပ်ဖို့သုံးတာလဲ ဘယ်ကုမ္ပဏီကထုတ်တာလဲ ဗားရှင်းဘယ်လောက်လဲ မူရင်းကုမ္ပဏီရဲ့ ဝဘ်ဆိုက်လိပ်စာက ဘယ်မှာလဲ အဲဒါတွေကိုလေ့လာပါ။ ဆော့ဝဲအားလုံး ပိုက်ဆံပေးရတယ်လို့ မထင်ပါနဲ့ အလကားပေးသုံးတဲ့ ဟာတွေလည်းရှိပါတယ်။ Driver လိုချင်ရင်တော့ ထုတ်လုပ်သူရဲ့ မူရင်းဝဘ်ဆိုက်ကိုသာသွားပါ မရမရှိရပါသည်။ ဒါ့ကြောင့် ဘာပဲလိုချင်လိုချင် မူရင်းကုမ္ပဏီဝဘ်ဆိုက်မှာ အသေအချာဖတ်ပါ စာဖတ်မပျင်းပါနဲ့။
(၂) မူရင်းဝဘ်ဆိုက်က ဒေါင်းလုပ်လုပ်ခွင့်ပေးတယ်ဆိုရင် အဲဒီ့ကနေပဲ ဒေါင်းလုပ်လုပ်လိုက်ပါ။ မူရင်းဝဘ်ဆိုက်က မရမှသာ အခြားသော ဝဘ်ဆိုက်တွေကနေ ဒေါင်းလုပ်လုပ်ပါ။ ဘာလို့လဲဆိုတော့ ပြုပြင်ပြီးသားဆိုရင် စိတ်မချရပါဘူး ဆော့ဝဲနဲ့တစ်ပါတည်း အခြားအရာတွေ ပါမလာဘူးလို့ မပြောနိုင်ပါဘူး Installer နဲ့ရောထည့်ပေးလိုက်တဲ့ ဗိုင်းရပ်တွေ ထရိုဂျန်တွေဟာ Antivirus တိုင်းမိမယ်လို့မမျှော်လင့်ပါနဲ့။ တစ်ခြားဆိုက်ဆိုရင် ဘယ်လိုရှာမလဲဆိုတော့ တော်တော်များများက Pirate Software တွေကို တင်လေ့ရှိတာက rapidshare, mediafire, megaupload, torrent တွေနဲ့တင်ထားတာများပါတယ်။ ကိုယ်ရှာချင်တဲ့ ဆော့ဝဲနာမည်ရယ် အဆစ်အနေနဲ့ ကိုယ်အဆင်ပြေမယ့် rapidshare, mediafire အဲဒီ့လို စကားလုံးပါ Keyword အဖြစ်ထည့်ရှာလိုက်ရင် တွေ့ပါတယ်။ အဲဒီ့လို အလုပ်ရှုပ်မခံချင်လည်း rapidshare, mediafire စတာတွေကို ရှာပေးတဲ့ Search Engine လိုဟာတွေရှိပါတယ် အဲဒါတွေနဲ့ရှာကြည့်ပေါ့။ အဲဒီ့လိုဆိုက်တွေရဲ့လိပ်စာကိုလည်း လွယ်ပါတယ် Google မှာ rapidshare search engine တို့ ဘာတို့ရိုက်ရှာလိုက် တွေ့ပါတယ် ပေါမှပေါ။ torrent ကတော့ ဗမာပြည်ကနေ ဒေါင်းလို့မရတော့ ဗမာပြည်ကဆိုရင်တော့ မကြိုးစားပါနဲ့။
(၃) ဆော့ဝဲတော်တော်များများက အစမ်းသုံးကာလတော့ ပေးတတ်ပါတယ်။ ပြီးရင်ကိုယ့်စက်မှာ Install လုပ်ကြည့်ပါ။ အဲဒီ့နေရာမှာလည်း Next ကိုပဲရမ်းမနှိပ်ပါနဲ့ စာတွေကိုဖတ်ပြီး မှတ်ထားပါဦး Dialog Box ပွင့်လာတိုင်း ဿEnter ရမ်းနှိပ်တာ Ok, Cancel ရမ်းနှိပ်တာ မလုပ်ပါနဲ့ဘာမေးတာလဲ အသေအချာဖတ်ပါ ပြီးမှာသာ သင့်လျော်ရာကိုရွေးပါ။ ပြီးရင် Full Version သုံးဖို့အတွက် ဘာလိုအပ်သလဲကြည့်ပါ တစ်ချို့က Serial Key တောင်းတတ်ပါတယ် တစ်ချို့ကတော့ Online Registration လုပ်ခိုင်းတတ်ပါတယ်။
(၄) Serial Key လိုအပ်တယ်ဆိုရင် ထပ်ရှာပါ ဘယ်လိုရှာမလဲဆိုတော့ Google ကိုပဲမေးလိုက်ပါ ဒီတစ်ခါတော့ ကိုယ်လိုချင်တဲ့ ဆော့ဝဲနာမည်အပြင် အခြားအရေးကြီးတဲ့ Keyword အနေနဲ့ Serial တို့ Product Key တို့အဲဒါမျိုးတွေ ထည့်ပေးပါ။ ဒီနေရာမှာတော့ ရှာတတ်ရင်ပိုအဆင်ပြေပါတယ် Google ဆိုရင် + ဆိုရင် မပါမဖြစ်စကားလုံးပေါ့ အဲဒါမျိုးကို ဆော့ဝဲနာမည်ရှေ့တို့ +Serial ဆို့အဲဒါမျိုး ထည့်ရှာပေါ့ဗျာ။ တစ်ကမ္ဘာလုံး ကိုယ့်လိုခိုးတဲ့လူ အများကြီးပါ ၈၀% တွေ့တာများပါတယ်။  Serial Key တွေကြည့်ပဲပေးတဲ့ ဆိုက်တွေလဲရှိပါတယ် အဲဒါတွေလည်းရှာကြည့်ပါ။ ဒါမှမတွေ့ရင်တော့ Keygen တွေရှာပါ Keygen ဆိုတာကတော့ Serial တွေကို Generate လုပ်ပေးတဲ့ Program လေးတွေပါ ဒုတိယဦးစားပေးပဲ Keygen  ရှာပါ ဗိုင်းရပ် ထရိုဂျန်ပါတာများပါတယ်။
(၅) Online Registration လုပ်ခိုင်းတာတို့ Serial ထည့်လိုက်တဲ့အချိန်မှ အင်တာနက်မှာ ပြန်စစ်လို့ မဟုတ်ဘူးတို့ ဘာတို့ပြောနေရင်တော့ Crack ရှာမှ အဆင်ပြေပါမယ် Crack ဆိုတာကတော့ လွယ်လွယ်ကူကူပြောရရင် Serial မပါရင်ပေးမသုံးတာတို့ Serial မှန်မမှန် အင်တာနက်မှာ စစ်တာတို့ကို ဆော့ဝဲထဲကနေ ဖြုတ်ပေးမယ့် ပရိုဂရမ်လေးတွေပါပဲ တစ်ချို့တော့ မူရင်းဆော့ဝဲကို ပြင်ပြီးသားလေးတွေနဲ့ အစားထိုးပေးရပါတယ်။ ဒီတော့ ဘယ်လိုရှာမလဲဆိုတော့ လွယ်ပါတယ် Serial ရှာသလိုပဲ အပို Keyword ကို Crack လို့ပြောင်းရှာပေါ့။
(၆) အန္တရာယ်ကင်းရေးကလည်း အရေးကြီးပါတယ် ပြုပြင်ထားတာတွေ မတတ်သာလို့ ခိုးသုံးရပေမယ့် တတ်နိုင်သလောက်တော့ ကာကွယ်ရပါမယ် ကိုယ့်ဟာကိုယ် Double Click နှိပ်ပြီး စမ်းလေတော့ ဘယ်လို Antivirus ကိုမှအားမကိုးပါနဲ့ ကောင်းတာကတော့ VMWare or Virtual Box လိုတစ်ခုခုမှာ Window တစ်ခုတင်ထားပါ ဆိုက်မကြီးချင်ဘူးဆိုရင် MicroXP လိုဟာကို တင်ထားလိုက်ပါ တင်ပြီးတာတောင် 300 MB လောက်ပဲရှိပါတယ်။ Keygen တို့ Crack လုပ်တာတို့ကို အဲဒီ့အထဲမှာပဲ Run ပါဒါဆိုရင် ကိုယ်သုံးနေတဲ့ စက်အန္တရာယ်ကင်းပါတယ် ဒါပေမယ့် Crack လုပ်ထားတဲ့ ဆော့ဝဲထဲမှာ အန္တရာယ်ရှိတဲ့ဟာပါသွားရင်တော့ မတတ်နိုင်ပါဘူး ဒီလောက်တော့ သည်းခံရမှာပါ။ အဲဒီ့ VMWare လိုဟာမှ တင်ထားတဲ့ MicroXP Window လိုဟာကတော့ ဗိုင်းရပ်ဝင်သွားမှာပေါ့ သုံးမရတော့ဘူးထင်ရင် ကိစ္စမရှိပါဘူး ပြန်တင်တော့ အလွန်ဆုံးကြာ ၅ မိနစ်ပါပဲ။
(၇) သုံးလို့ရသွားပြီဆိုရင်တော့ သတိထားရမယ့် အချက်တွေရှိပါတယ် ခိုးသုံးထားတယ်ဆိုတာ မမေ့ပါနဲ့ Update လုပ်လိုက်ရင် Crack လုပ်ထားတာဆိုရင် အဆင်မပြေဖြစ်တတ်ပါတယ် IDM သုံးတဲ့လူတွေ သိပါလိမ့်မယ် Crack လုပ်ထားတဲ့ ဖိုင်ကို Update လုပ်လိုက်တော့ မရတော့ဘူးပြောတာပါ။ ဒီတော့ Auto Update လုပ်မယ်ဆိုရင် ဘုရားသာတထားပါ အသုံးတည့်နေရင်တော့ သိပ်လည်းမလိုအပ်ရင်တော့ Update မလုပ်ပါနဲ့။
The Elements of Computing Systems (Nand to Tetris)
Many computer science students are missing the forest for the trees.
သူပြောထားတဲ့ ပထမဆုံး Motivation ကိုတကယ်သဘောကျမိတယ် မှန်လည်းတကယ်မှန်ပါတယ် တကယ်အသေးစိတ် သင်မယ်ဆိုရင် computer science ဟာများလွန်းလှတယ် Hardware, Architecture, Programming Languages, Algorithm, Data Structure, Operating System, Software Engineering, Compiling Techniques, ... စသည်ဖြင့် ခွဲထွက်သွားတာ များလွန်းတဲ့အတွက် ကျောင်းသားတစ်ယောက်ကို ကွန်ပျူတာတစ်လုံး ဘယ်လိုအဆင့်ဆင့် အလုပ်လုပ်သွားသလဲ ဘာသာရပ်တွေရဲ့ ဘယ်လိုဆက်စပ်သွားသလဲဆိုတာ မေးလိုက်မယ်ဆိုရင် မသိတာကများပါတယ် အဲဒါကြောင့် Computer Organization လိုဘာသာတွေလိုအပ်တာပါ။
The Elements of Computing Systems ထဲမှာ Chapter အလိုက် Project တွေပါလာပါတယ် Chapter တစ်ခုရဲ့ အခြေခံအဖြစ်ပြန်သုံးပါတယ်။ ပထမဆုံးအခြေခံအဖြစ် Nand Gate ကနေစပြီး အဆင့်ဆင့် Chipset, Machine Language, Assembler, Virtual Machine, High Level Language, Operating System, Application ဆိုပြီး အဆင့်ဆင့် တည်ဆောက်သွားပြီး နောက်ဆုံးမှာ ကွန်ပျူတာတစ်လုံး ရရှိလာပါလိမ့်မယ်။ အရာအားလုံးကို Simulated Environment အနေနဲ့စမ်းသပ်လို့ရအောင် Hardware Simulator တွေပါလာပါတယ်။ အောက်မှာပြထားတဲ့ လိပ်စာမှာ လိုအပ်တဲ့ Simulator Softwares, Lecture, Chapter, Projects စသည်ဖြင့် အကုန်ပေးထားပါတယ်။ ဒါပေမယ့် အရေးကြီးတဲ့တစ်ချို့ Chapter တွေကတော့ မပေးထားပါဘူး ဒါကတော့ Lecture ကိုကြည့်လို့ မလုံလောက်ရင်တော့ တစ်ခြားကနေလေ့လာ ဒါမှမဟုတ်ရင်တော့ သူ့မူရင်းစာအုပ်ကို ဝယ်သင့်တယ်။
http://www1.idc.ac.il/tecs/
စာရေးတဲ့စာရေးဆရာကတော့ ဒီစာအုပ်ကိုဖတ်ဖို့အတွက် Programming Language တစ်ခုကို တတ်ရင်ဖတ်နိုင်တယ်လို့ဆိုပါတယ် တကယ်တော့ အထဲမှာပါတဲ့စာတွေကို ဖတ်ကြည့်တော့ အဲလိုလွယ်တဲ့စာအုပ်မဟုတ်ပါဘူး။ သူပြောသလို ဖတ်လို့ရနိုင်ပါလိမ့်မယ် ဒါပေမယ့် နားလည်ဖို့တော့ အတော်ကြိုးစားဖတ်ရမယ် computer science အခြေခံရှိရင်တော့ ဖတ်ရတာသိပ်မခက်ပါဘူး နားလည်လွယ်ပါတယ်။ စိတ်ဝင်စားလို့ ပရောဂျက် ၁၂ ခုကိုနေ့ပိုင်းက လုပ်ကြည့်မိတယ် အကုန်ပြီးသွားတော့ မေ့နေသမျှစာတွေအတော်များများ ပြန်မှတ်မိခြုံငုံမိသွားတယ်။
အင်တာနက် ကောင်းမွန်တိုးတက်ရေး - ၂
ဒီတော့ ကျွန်တော်တို့တတွေ ဘာဆက်လုပ်ကြမလဲ။ ဘာမှလုပ်လို့မရဘူးဆိုပြီး ထိုင်နေလို့ကတော့ ဘာမှဖြစ်လာမှာမဟုတ်။ ဒီထက်ပိုဆိုးလာဖို့ပဲရှိပါသည်။ လုပ်လို့ရတာတွေထဲက လုပ်သင့်တာလေးတွေကို ခပ်မှန်မှန်လေး လုပ်သွားမယ်ဆိုရင်တော့ တချိန်ချိန်မှာ သက်သာတဲ့စျေးနှုန်းနဲ့ ကောင်းမွန်တဲ့ Connection ကို ကျွန်တော်တို့ ပိုင်ဆိုင်နိုင်လိမ့်မည်ဟု ယုံကြည်မိပါသည်။ လုပ်သင့်တာလေးတွေကတော့ ပထမဦးဆုံးအနေနဲ့ အဖွဲ့အစည်းလေးတွေ ဖွဲ့သင့်သည်။ ဥပမာ Facebook တွင် ဖွဲ့ထားတဲ့ CDMA 800 EVDO Users ကဲ့သို့ေသာ အဖွဲ့အစည်းေလးများဖြစ်သည်။ CDMA User များတင်မဟုတ်ဘဲ၊ ADSL User . . WiMax User . . . စသည်ဖြင့် မိမိအသံုးပြုတဲ့ Service နဲ့ပတ်သက်တဲ့ Network လေးတွေပြုလုပ်သင့်ပါသည်။ ပြီးတော့ အဲဒီ Network လေးတွေကနေ နိုင်ငံရဲ့အရေးပါအရာရောက်တဲ့ ပုဂ္ဂိုထံ တောင်းဆိုမှုများ ပြုလုပ်ဖို့လိုပါသည်။ ဥပမာ သမ္မတကြီး ဦးသိန်းစိန်ထံ လက်မှတ်ရေးထိုးတောင်းဆိုမှုများကို ဦးဆောင်သူ၏ စီစဉ်မှုဖြင့် Network အတွင်းရှိသူများက ပုံမှန်ပြုလုပ်နေသင့်သည်။ ထို့ပြင် Connection ကောင်းမွန်ရေးအတွက် ဆွေးနွေးအကြံပြုချက်များကိုလည်း မျှဝေပေးကြဖို့လိုပါသည်။ ယခုကဲ့သို့ တောင်းဆိုမှုများရှိလာလျင် ခိုင်မာသော နာမည်ရ ဂျာနယ်၊ မဂ္ဂဇင်းများက ၎င်းတို့ထံတွင်ဖော်ပြပေးသင့်သည်။ အဘယ်ကြောင့်ဆိုသော် နာမည်ရဂျာနယ်၊ မဂ္ဂဇင်းများ၏ သတင်းအချက်အလက်များကို အများပြည်သူသာမက သက်ဆိုင်ရာမှ လူများကိုယ်တိုင် ဖတ်ရှုကြသောကြောင့်ဖြစ်သည်။ နောက်တစ်ချက်က မြန်မာနိုင်ငံတွင် အင်တာနက်သုံးစွဲမှာ လူဦးရေ၏ ၁% တောင်မရှိသောကြောင့် Network များ၏ လှုပ်ရှားမှုကို အများပြည်သူထံ ပိုမိုပျံ့နံ့ပြီး ပူးပေါင်းပါဝင်လာစေရန် ဖြစ်သည်။ ထို့ပြင် လူတစ်ရာမှာ ၁ ယောက် ၊ တစ်ယောက်မှာ တစ်ဝက်က ချက်တင် . . . လို့ဆိုရမည့် မြန်မာနိုင်ငံ၏ အင်တာနက်သုံးစွဲသူနှင့် ၎င်းတို့၏ သုံးစွဲမှုအဆင့် ဖွံ့ဖြိုးတိုးတက်လာစေရန် လုပ်ဆောင်ပေးရန်မှာလည်း ကျွန်တော်တို့ တာဝန်ပင်ဖြစ်သည်။ သို့မှသာ အင်တာနက်သုံးစွဲသူများသည် နိုငငံတကာအမြင်ရှိလာပြီး နိုင်ငံတကာတွင် ဖြစ်ပေါ်နေသောစျေးနှုန်း၊ နိုင်ငံတကာတွင် ရရှိနေတဲ့ Bandwidth များဖြင့် အင်တာနက်ကို အသုံးပြုချင်စိတ် ဖြစ်ပေါ်လာမည်ဖြစ်သည်။
စုပေါင်းညီညာ၊ အောင်ကြောင်းဖြာ
မြန်မာနိုင်ငံသည် သန့်ရှင်းသောအစိုးရ နှင့် ကောင်းမွန်သောအုပ်ချုပ်ရေးဖော်ဆောင်နေသည်ဟု ကြွေးကျော်နေချိန်တွင် ကျွန်တော်တို့သည်လည်း ကောင်းမွန်သော Connection နှင့် သက်သက်သော လစဉ်ကြေးများဖြင့် အင်တာနက်အသုံးပြုနိုင်ရေးကို ဝိုင်းဝန်းကြိုးစားသင့်ပေသည်။ စုပေါင်းညီညာ၊ အောင်ကြောင်းဖြာ ဆိုသည့်စကားအတိုင်း ကျွန်တော်တို့တတွေ စုပေါင်းကြိုးစားကြမည်ဆိုလျှင် အောင်မြင်မှုကို ရရှိမည်မှာ အသေအချာပင် ဖြစ်ပါတော့သည်။
အင်တာနက် ကောင်းမွန်တိုးတက်ရေး - ၁
လူဆိုရင် လူလိုပြောလို့ ရသင့်သည်။ အခုတော့ လူများဖြင့်ဖွဲ့စည်းထားသော အဖွဲ့အစည်းတစ်ခုဖြစ်ပါလျက်နဲ့ လူလိုပြောလို့မရတာကတော့ စိတ်ပျက်စရာကောင်းလှသည်။ အသနားခံသည့်သဘောဖြင့် တောင်းဆိုနေကြသည်ကို နားမထောင် . . .။ အကျိုးသင့် အကြောင်းသင့် ရှင်းပြနေကြသည်ကို နားမဝင် . . .။ ပညာရှင်ဆန်ဆန် ထိခိုက်နစ်နာမှုများဖြင့် ပြောဆိုထောက်ပြသည်ကို လက်မခံ . . .။ ဘယ်သူစကားမှ ဂရုမစိုက် . . .။ သူတို့လုပ်ချင်တာကိုသာ စွတ်လုပ်နေကြသည်။
စျေးကြီးလွန်းပြီး ဝန်ဆောင်မှုက ညံ့ဖျင်းလွန်းတယ်
စင်ကာပူနိုင်ငံတွင် 30 Mb/s ရှိသည့် Internet လိုင်းတစ်လိုင်းကို S$ 70 လောက်သာ လစဉ်ကြေးအဖြစ် ပေးသွင်းရသည်။ အဲဒီနှုန်းအတိုင်းသာ တွက်ချက်မည်ဆိုလျှင် 512 kb/s လိုင်းတစ်လိုင်းအတွက် လစဉ်းကြေးမှာ စင်ကာပူဒေါ်လာ ၁ ဒေါ်လာစွန်းစွန်းမျှသာကုန်မည် ဖြစ်သည်။ မြန်မာကျပ်ငွေဖြင့်တွက်လျင် ၁၀၀၀ ကျပ်ပင်မပြည့်ပါ။ 1 FEC ဝန်းကျင်သာ . . .။ စဉ်းစားကြည့်လျင် Internet ဆိုသောအရာသည် ခြင်္သေ့တစ်ကောင် (ငွေတစ်ထောင်) နဲ့ 512 kb/s ကို တစ်လလုံးလုံး အဆက်မပြတ်သုံးလို့ရတဲ့အရာပင် . . .။ သို့သော် မြန်မာနိုင်ငံတွင် RED LINK မှ ကောက်ခံနေသော လစဉ်ကြေးမှာ FEC 130 ဖြစ်သည်။ MPT ကတော့ နည်းနည်းသက်သာသည်။ စဉ်းစားကြည့်လျင် မတရားသဖြင့် ကောက်ခံနေသည့် နှုန်းထားများပင် . . .။ ဤကဲ့သို့ ကြီးမားသောနှုန်းထားဖြင့်ကောက်ခံနေသော်လည်း သတ်မှတ်ထားသော Bandwidth ကို ပြည့်မီစွာ မရရှိပေ။ 512 kb/s ဆိုလျင် 512 kb/s ဘယ်တော့မှ အပြည့်မရ။ ညနေပိုင်း လူသုံးများချိန်ဆိုလျင် လုံးဝသုံးမရသည့်အချိန်များပင် ရှိသည်။
မျက်နှာကတော့ ပြောင်ပြောင်ပဲ
Social Network များ Blog များ Forum များနှင့် ဂျာနယ်၊ မဂ္ဂဇင်းများတွင် မြန်မာနိုင်ငံ Internet connection နှေးကွေးလေးလံမှုများနှင့် ပတ်သက်၍ အမျိုးမျိုးဝေဖန်၊ သရော်မှုများရှိနေကြသော်လည်း MPT နှင့် သူ၏ပါတနာများသည် မျက်နှာပြောင်တိုက်ရင်း အရှက်မရှသော သူတို့ကြော်ငြာများကို ဆကလက်ကြော်ငြာလျက်ရှိသည်။ Internet နှေးကွေးပြတ်တောက်မှုအတွက် User များထံ တောင်းပန်မှုများကို နောက်ပိုင်းတွင် လုံးဝမပြုတော့ပေ။ ထို့နည်းတူ CDMA 800 MHz တွင် 2 to 3 Mb/s ရရှိနေရာမှ 64 kb/s သို႔ လျော့ချကန့်သတ်ခဲ့သော်လည်း Internet အသုံးပြုခကိုမှု ပြင်ဆင်ပေးမှုမရှိဘဲ တစ်မိနစ် ၄ ကျပ်နှုန်းဖြင့်သာ အရှက်မရှိ ဆက်လက်ကောက်ခံနေခဲ့သည်။ လျော့ချလိုက်ခြင်းနှင့်ပတ်သက်ပြီးလည်း အသုံးပြုသူများထံသို့ မည့်သည့်အကြောင်းကြားခြင်းကိုမျှ တရားဝင်မပြုလုပ်ခဲ့ပေ။ ထိုကဲ့သို့သော လုပ်ရပ်မျိုးကို မည်သည့်နိုင်ငံတွင်မှ ပြုလုပ်ခွင့်ရှိမည်မဟုတ်ပါ။
ဘာကြောင့်ဒီလိုဖြစ်နေရတာလဲ
ဘာကြောင့် အင်တာနက်လိုင်းတွေ ဒီလိုဖြစ်နေရတာလဲ။ ဖြစ်နိုင်ချေအရှိဆုံး နံပတ် (၁) အချက်ကတော့ နိုင်ငံရေးနှင့်ဆိုင်သောသတင်းများနှင့် အစိုးရ၏ လျှိုဝှက်ချက်များ ပြည်ပသို့ရေရက်ရှိမည်ကို ကာကွယ်လိုသည့် သဘောဖြင့် အင်တာနက်လိုင်းများ ကောင်းမွန်မြန်ဆန်အောင် တိုးချဲစွမ်းဆောင်ခွင့် မပြုခြင်းဖြစ်သည်။ ထို့ကြောင့် ISP များ ထပ်မံတည်ဆောက်ခွင့်မပေးဘဲ အစိုးရမှ ချုပ်ကိုင်ထားခြင်း စသည့်အချက်များကို ကြည့်ခြင်းဖြင့် သိရှိနိုင်သည်။ ထို့ပြင် PAC များပေါ် တင်းကျပ်သော ဥပဒေများထားရှိခြင်းနှင့် User များ၏ Privacy ကို ပေါ်ပေါ်တင်တင်ချိုးဖောက်ကာ နိုင်ငံရေးနှင့်ပတ်သက်မှုများကို စစ်ဆေးရန် အပြင်းအထန် ကြိုးစားနေသည်များကိုလည်း ထောက်ဆခြင်းဖြင့် သိရှိနိုင်သည်။ နံပတ် (၂) အချက်ကတော့ ရှင်းပါသည်။ လုပ်သမျှကို ခေါင်းငုံ့ခံတတ်သောမြန်မာ့အကျင့်ကို MPT မှလူများ ကောင်းကောင်းသိနေသောကြောင့်ပင် . . .။ နံပတ် (၃) အချက်ကတော့ စျေးကွက်၌ လွတ်လပ်စွာပြိုင်ဆိုင်ခွင့်ရှိသူ မရှိခြင်းကြောင့်ဖြစ်သည်။ နံပတ် (၁) အချက်နှင့် ဆက်နွယ်နေပြန်သည်။
Evolution of Programming Knowledge Level
Algorithm 1
#Prerequisites:
#What is factorial?
#!/usr/bin/python
def factorial1(num):
fact = 1
for x in range(2, num+1):
fact = fact * x
return fact
Algorithm 1 ကတော့အရှင်းလင်းဆုံးပါ ပရိုဂရမ်ရေးတာ စပြီးသင်တဲ့ ကျောင်းသားတွေကို Factorial ဆိုတာဘယ်လိုဆိုတာ ရှင်းပြပြီးတော့ တွက်တဲ့ပရိုဂရမ်ကို ရေးခိုင်းလေ့ရှိတယ် အခြေခံအနေနဲ့ operator, assign, loop အဲဒါတွေသိရင် ရေးလို့ရပါတယ် ရေးတဲ့လူဟာကိုယ်တိုင်ပဲ Logic ကို တည်ဆောက်ယူလို့ရပါတယ် အခြားလိုအပ်ချက်တွေမရှိပါဘူး။
Algorithm 2
#Prerequisites:
#1) Fundamental Data Structure
#2) Recursive Algorithm
#!/usr/bin/python
def factorial2(num):
if num>2:
return num * factorial2(num-1)
return num
Algorithm 2 ကတော့ Factorial ဆိုတာဘာလဲသိရုံနဲ့ မလုံလောက်တော့ပါဘူး Algorithm ရေးပုံအမျိုးမျိုးနဲ့ သက်ဆိုင်တဲ့အရာတွေကို သိဖို့လိုအပ်ပါတယ်။ Recursive Algorithm Structure ဟာ အရေးပါပါတယ် အခြားခက်ခဲတဲ့ Algorithm တွေရဲ့အခြေခံလို့ ပြောလို့ရနိုင်ပါတယ်။ ဒီနေရာမှာ Recursive Algorithm အကြောင်းသိဖို့အတွက် သက်ဆိုင်ရာ ဘာသာရပ်ကိုမဖတ်ပဲ ကိုယ်တိုင်ပရိုဂရမ်ရေးရင်း တွေ့ရှိဖို့ဆိုတာမဖြစ်နိုင်ပါဘူး အဲဒါကြောင့် သက်ဆိုင်ရာ Fundamental Data Structure ဘာသာတွေကို ဖတ်ဖို့လိုအပ်ပါလိမ့်မယ်။
Algorithm 3
#Prerequisites:
#1) Need to read the manuals of specific language
#!/usr/bin/python
import math
def factorial3(num):
return math.factorial(num)
What programming language should be learn first ?
အရင်ဆုံး Programming စပြီး မလေ့လာခင်  အရင်ဆုံး programming ကို ဘယ်နေရာမှာ သုံးလဲ။ programming သုံးပြီး ဘာတွေ  လုပ်လို့ရလဲ။ programming ဆိုတာက ဘာလဲ။ website ဆိုတာက ဘာလဲ။ စတာတွေကို  ကွဲကွဲပြားပြား သိအောင် သိတဲ့ သူတွေကို  အရင်စုံစမ်းမေးမြန်းကြည့်ပါ။ မေးကြည့်လို့မှ ဝါသနာပါတယ်ဆိုရင်တော့  programming ကို စလေ့လာလို့ရပါပြီ။ သိထားသင့်တာက programming မတတ်ပဲနဲ့လည်း  အသက်ရှင်နိုင်တယ်။ လောကမှာ program ရေးနေတာကမှ အလုပ်မဟုတ်ဘူးဆိုတာကိုတော့  နားလည်ဖို့လိုပါတယ်။ ဘာလို့ ဒီလိုပြောရလဲဆိုတော့ programming  စလုပ်တော့မယ်ဆိုကတည်း ကိုယ့်ဘဝရဲ့ အဖိုးတန်ဆုံး  အချိန်တွေကို ပေးဆပ်ရတော့မယ်။ ဝါသနာမပါပဲနဲ့ ၁ နှစ်  ၂ နှစ်လောက် ပေးဆပ်လိုက်ပြီး programming လောကကနေ ထွက်သွားတဲ့သူတွေ ရှိသလို  စိတ်မပါပဲ အတင်းမလုပ်ချင် လုပ်ချင်နဲ့ လုပ်နေတဲ့သူတွေလည်း  ရှိပါတယ်။ နောက်တချက်က programming စလေ့လာမယ်ဆိုရင် သိထားဖို့က ငွေကုန်မယ်။  အချိန်ကုန်မယ်။ အချိန်တိုတိုအတွင်းမှာ ကိုယ်လိုချင်တဲ့ အောင်မြင်မှုတွေ  ရလာမှာမဟုတ်ဘူး။ ကိုယ့် အိမ်မက်နန်းတော်ကြီး တည်ဆောက်လို့ရမှာ မဟုတ်ဘူး။  တစ်ချို့ မိသားစုတွေမှာ programming လေ့လာချိန်မှာ အချိန်တွေ  ငွေတွေကုန်တယ်လို့ မြင်တဲ့ မိသားစုတွေလည်း ရှိပါတယ်။ ဟုတ်ပါတယ်။ သူတို့  ထင်တာ မမှားပါဘူး။ သာမာန်လူတစ်ယောက်အနေနဲ့ programming တစ်ခုကို လေ့လာပြီး ၃  လ ၄ လ လောက်နဲ့ မတတ်ကျွမ်းကျင်ပါဘူး။ language တစ်ခုကို ပိုင်နိုင်ဖို့  အမြန်ဆုံး ၁ နှစ်လောက်တော့ ကြာပါတယ်။ ၁နှစ်ဆိုတဲ့ အချိန်တောင် သိရုံလောက်ပဲ  သိတဲ့ အချိန်ပါ။ ဒါတွေကို နားလည်ထားဖို့လိုတယ်။ နောက်ပြီး computer  တက္ကသိုလ်တက်တဲ့သူတွေကတော့ မဖြစ်မနေ programming ကို လေ့လာရမှာပါ။  programming မသင်ချင်ရင်တော့ computer တက္ကသိုလ်ကို မရွေးချယ်သင့်ဘူး။
C++ ကို ဘာလို့ စသင်သင့်လဲဆိုတာကို မပြောခင် Programming ဆိုတဲ့  သဘောတရား အကြောင်းကို အရင် ရှင်းပြချင်ပါတယ်။ လောကကြီး တစ်ခုလုုံးရဲ့  အဖြစ်အပျက်တွေကို ကြည့်လိုက်ပါ။ တဆင့်ပြီးမှ တဆင့် ဖြစ်ပျက်နေတာပါ။  အကြောင်းကြောင့် အကျိုးတွေ ဖြစ်နေတာကို အရင်ဆုံး ဂရုပြုသင့်ပါတယ်။  ဥပမာ။။ ကျောက်ခဲ တစ်တုံးကို ကောက်ကိုင်ပြီး ပစ်ပေါက်လိုက်တဲ့ အဆင့်လေးကို  အရင်စဉ်းစားကြည့်ပါ။ ကျောက်ခဲတုံးက အလိုအလျောက် ရွေ့သွားတာမဟုတ်ပါဘူး။  အရင်ဆုံး ကောက်ကိုင်လိုက်တယ်။ ပြီးတော့ အားထည့်လိုက်ပြီး ပစ်လိုက်တယ်။  အဲဒီအချိန်မှာ ကျောက်ခံတုံး ရွှေ့သွားတယ်။
ဒါကို နားလည်ရင် နောက်တဆင့်အနေနဲ့ ထပ်စဉ်းစားကြည့်ရအောင်။ လောကကြီးမှာ  အဆင့် ၃ ဆင့်ပုံမှန်လုပ်တယ်။ Input > Process > Output ဆိုပြီး  ရှိနေပါတယ်။ သင် အစာစားလိုက်တယ်။ စားလိုက်တဲ့ အစာကို အစာအိမ်က ခြေဖျက်ပြီး  မလိုအပ်တာတွေကို ပြန်စွန့်ထုတ်တယ်။ ခုနက ကျောက်ခဲ ဥပမာ မှာလည်း Input  အနေနဲ့ ကျောက်ခဲကို ကောက်ကိုင်လိုက်တယ်။ Process အနေနဲ့  အားထည့်ပစ်လိုက်တယ်။ Output အနေနဲ့ကျောက်ခဲ လွှင့်သွားတယ်။ ဒါဟာ  အရိုးရှင်းဆုံး အပိုင်းလေးတွေပါ။
Programming ဆိုတာကလည်း အဲဒီ သဘောတရားပါပဲ။ သူကတော့ Computer  ခိုင်းစေဖို့အတွက်ပါ။ Computer ကလည်း Input, Process,Output နဲ့  အလုပ်လုပ်ပေးပါတယ်။ ကိုယ်လိုချင်တဲ့ output ရဖို့အတွက် input  ထည့်ပေးရပါတယ်။ အဲဒါကို processing လုပ်ပြီး output ထွက်လာတာပါ။ Computer  ခိုင်းဖို့အတွက်လည်း တဆင့်ပြီး တဆင့်ခိုင်းရတာပါ။
ဥပမာ။။ user ဆီကနေ ဂဏန်း တစ်လုံးတောင်းတယ်။ ပြီးရင် ၂ နဲ့ မြှောက်ပြီး  user ကို ပြန်ပြမယ်။ အဲဒီ အဆင့်ကို စဉ်းစားကြည့်ပါ။ အရင်ဆုံး user ကို  input ထည့်ခိုင်းမယ်။ ပြီး process အနေနဲ့ ၂ နဲ့မြှောက်လိုက်တယ်။ output  အနေနဲ့ မြှောက်ထားတဲ့ result ကိုထုတ်ပေးလိုက်တယ်။
user အနေနဲ့ကတော့ ဂဏန်းတစ်လုံးထည့်လိုက်တယ်။ ၂ ဆ ဖြစ်တဲ့ result  ထွက်လာတယ်။ ဒါပဲသိပါတယ်။ Programmer က process တွေကို sequence  အလိုက်ရေးပေးထားပါတယ်။ ဒါဆိုရင် Computer ကို ဘယ်လိုခိုင်းမလဲ  ဆိုတာ မေးစရာဖြစ်လာပါတယ်။
Computer ကို ခိုင်းစေဖို့ computer နားလည်တဲ့ ဘာသာစကားကို ကိုယ်က  သိထားဖို့လိုပါတယ်။ ဒါကြောင့် ဘာသာစကား တစ်ခုကို လေ့လာဖို့ လိုပါတယ်။  ဘာသာစကားတွေက အများကြီးရှိပါတယ်။ အခြေခံအနေနဲ့ ပထမဆုံး စလေ့လာသင့်တာကတော့  C++ ပါ။ သူများတွေ အော်အော်နေတဲ့ .NET ဆိုတာကြီးက စလေ့လာရင်ကော မရဘူးလား။  မရဘူး မဟုတ်ပါဘူး။ ရပါတယ်။ သို့သော် .NET ကနေ စလေ့လာလိုက်တဲ့အခါ အခြား  ဘာသာစကား ကူးဖို့ ခက်သွားပါလိမ့်မယ်။ .NET ဟာ IDE base လို့ ဆိုလို့ရပါတယ်။ IDE  မရှိရင် ရေးတတ်တော့မှာ မဟုတ်ဘူး ဖြစ်သွားပါလိမ့်မယ်။ ဘာလို့C++ ကို  စလေ့လာဖို့ လိုလဲဆိုရင် အားလုံးရဲ့ အစ … အားလုံးရဲ့ အနှစ်ချုပ်က C++  လို့ဆိုလို့ရပါတယ်။ ယခုတိုင် သုံးစွဲနေဆဲပါ။ တခြားမကြည့်ပါနဲ့။ waitzar လည်း C++ ကို အသုံးပြုထားသလို keymagic ကလည်း C++ ကို အသုံးပြုထားပါတယ်။ နောက်ပြီး  Game တွေရေးတဲ့အပိုင်းမှာလည်း C++ ကို လက်ရှိ အခုတိုင်  သုံးစွဲနေဆဲပါ။ နောက်ပြီး Linux kernel ကလည်း C နဲ့ပဲရေးထားတာပါ။ C++ ဆိုကတော့ C  programming lanuage ရဲ့နောက်ထပ် version ပေါ့။
C++ ကိုလေ့လာခြင်းအားဖြင့် Object Orient Programming  ကိုနားလည်သဘောပေါက်စေပါတယ်။ Object Orient ဆိုတာ ဘာလဲဆိုတော့ object တွေနဲ့  ဖွဲ့စည်းပြီး program code တွေကို အလုပ်လုပ်စေခြင်းပါပဲ။ တကယ်လို့ vb6  ကိုသာ စသင်လေ့လာခဲ့မယ်ဆိုရင် OO ကို ကြောက်လှန့်နေရပါလိမ့်မယ်။ vb6 က  ရေးရတာ အရမ်းကိုလွယ်ကူပြီးတော့ OO လုံးဝပါဝင်မှုမရှိပါဘူး။ .NET က  စလေ့လာမယ်ဆိုပြန်တော့လည်း IDE base ဖြစ်တာရယ် OO တွေက ချက်ခြင်း  ထိတွေ့ရမှာ ကြောင့်ရယ်ကြောင့် စပြီး လေ့လာသင့်တဲ့ language မဟုတ်ပါဘူး။  Ruby ကို စလို့ မရဘူးလာဆိုရင်တော့ ruby က အရာအားလုံးဟာ  object ဖြစ်တယ်ဆိုတဲ့ အယူအစကို ချက်ခြင်း လက်ခံနိုင်မှာမဟုတ်ပါဘူး။ java  လည်း ထိုနည်းအတိုင်းပါပဲ။ java ကို စပြီဆိုတာနဲ့ OO ကို အမြန်ဆုံး  ထိတွေ့ရပါတော့မယ်။ PHP , ASP.NET တွေကကော ဆိုရင်တော့ ခဏလောက်စောင့်ပါ။  သိပ်မလောပါနဲ့။ PHP , ASP.NET စတာတွေက web development  ပိုင်းရောက်သွားပါပြီ။ အဲဒါတွေကို လုပ်ချင်ရင် အရင်ဆုံး programming ကို  စလေ့လာဖို့ လိုပါတယ်။ C++ ကို လေ့လာပြီးမှ စိတ်ကြိုက် language ကို  ကူးပြောင်းနိုင်ပါတယ်။ ကူးပြောင်းရာမှာလည်း လွယ်ကူပါတယ်။ C++  အခြေခံပိုင်ခဲ့ရင် အခြား proramming language တွေမှာ  အခက်အခဲမရှိ မြန်မြန်ဆန်ဆန် လွယ်လွယ်ကူကူ သင်နိုင်ပါတယ်။ နောက်ပြီး C++ က  windows,linux,mac မရွေးပဲ ရေးနိုင်ပါတယ်။ C++ သဘောတရား အနည်းငယ်ကို  မြန်မာလို ဒီမှာ  ဖတ်ရှုနိုင်ပါတယ်။
စိတ်ဖိစီးမှု နဲ့ တွေ ကြုံတဲ့ အခါ . . . . .သင်ဘာလုပ်သလဲ ??
တစ်လောက ပဲ စိတ်ဖိစီးမှု ပြသနာ နဲ့ ပတ်သတ်လို့ အတော်လေး ဖတ်မှတ် လိုက်ရတော့ နည်းနည်း အာချောင်ချင်တာလဲ ပါတာပေါ့ .
သူသူကိုယ်ကိုယ် စိတ်ဖိစီးမှု နဲ့ ကြုံဖူးကြတဲ့ သူချည်းပါပဲ . . .
သူတို့ ဘယ်လို ဖြေရှင်းကြသလဲ .
အလုပ်ရှင် ကခိုင်းတဲ့ အလုပ် ကို မလုပ်တတ်တာ နဲ့ အိမ်သာထဲ သွားသွား ငိုတတ်တဲ့ သူငယ်ချင်း တစ်ယောက် ရှိသလို . . .
အလုပ်ထဲ မှာ ဘာမှ အဆင်မပြေ လို့ အိမ်ပြန်ရောက်တဲ့ အခါ ရေချိုးခန်းထဲ မှာ စိန်အိုးစည် သီချင်းဆို ပြီး ကွေးနေအောင် က တတ် တဲ့ လုပ်ငန်းရှင် ကြီး တစ်ဦးလဲ အမှန်တကယ် ရှိပါတယ် . ( နာမည်ကြီး ပဲ ဗျ . သူ့ နည်းက တော်တော်မိုက်တယ် )
ကျွန်တော် က တော့ စိတ်အရမ်းညစ်ရင် သီချင်းနားထောင်ပါတယ် . နားထောင်တာမှ အေးဆေး နူးညံ့တာတွေ လို့ မထင်ပါနဲ့ .
မင်းအရိုးကို ချိုးလို့ အသွေးအသားကို  အရက်နဲ့ ေ၇ာသောက်ပစ်မယ်လို့ အဓိပါယ်ရတဲ့ modern rock  ကိုမှ နားထောင်ပစ်ပါတယ် .
အဲဒီ နည်းက မကောင်းပါဘူး တခါ ဒေါသတွေ မတရားထွက်လာလို့  မောက်စ်ကို ထုပစ်လိုက်တဲ့ အဆင့် ေ၇ာက်သွားပါတယ် .
ကိုယ့်လူ တို့ လဲ စိ်တ်ဖိစီးမှုနဲ့ ကြုံလာရင် ဘယ်လိုလုပ်သလဲ ပြောကြပါအုံး .
ကမ္ဘာကမ္ဘာ အေ၀း . .
အလုပ်မမြဲကြတဲ့ သူ တွေ . . . .
၁ - ပတ်၀န်းကျင်သစ်ကို ရင်ဆိုင်ရာတွင် ကျဆုံးခြင်း
အိမ်နဲ့ ကျောင်း ပတ်၀န်းကျင် လေးကနေ အလုပ်ထဲ စရောက်တဲ့ သူတွေ . စကြုံရတဲ့ ပြသနာက ပတ်၀န်းကျင်သစ် ပြသနာပါ .
လူတွေ က ကိုယ့်ထက် အသက်ကြီးတဲ့ သူတွေ  ၊ ဖုန်းတွေ တဂွမ်ဂွမ်နဲ့ . အားလုံး ကကိုယ့် အလုပ်ကိုယ်ရှုပ်နေကြချိန်မှာ
၁၉ - ၂၀ ကျောင်းပြီးခါစ ချာတိတ် အတွက်တော့ မိနစ်တိုင်းက ဒုက္ခ တွေ ချည်းပါပဲ .
ဘာလုပ်လုပ် သူ့ အတွက် အသစ်တွေ ချည်းပါပဲ . သင်တန်းက သင်လိုက်တဲ့ စာ . တက္ကသိုလ်က သင်လိုက်တဲ့ စာ တွေ နဲ့ လားလားမှ မတူတဲ့ ပြသနာ အသစ်တွေ ချည်းသူကြုံရတာပါ .
ဒီနေရာမှာ လက်တွဲခေါ်မယ့် သူမရှိရင် တစ်ပတ်အတွင် း အလုပ်က ထွက်ပါတယ် . . .
အထူးသဖြင့် မိန်းကလေး တွေ အတွက် စပြီး လုပ်ရတဲ့ အလုပ်က အဖိုက်ခံရ အကိုက်ခံ ရ စောင်းမြောင်းခံရတာတွေ များရင် . အလုပ်များတော့ တော်ပါပြီ ယောကျင်္ားကောင်းကောင်းပဲ ယူတော့မယ် ဆိုတာမျိုးတွေ ဖြစ်သွားပါတယ်
free training in british council
GSM Vs CDMA
ကျွန်တောှနဲ့ ICT အပိုင်း တစ်
Source Code Control (Version Control System)
ဒီလိုအရာတွေကို ပုံမှန်အားဖြင့်ရှင်းလေ့ရှိတာက စမ်းသပ်မှု့ပြင်ဆင်မှု့မလုပ်ခင်မှာ backup လုပ်ပြီးစမ်းသပ်ပြင်ရပါတယ် မူရင်းပြန်လိုချင်တယ်ဖြစ်လာရင်တော့ backup လုပ်ထားတာကို ပြန်သုံးလို့ရပါတယ်။ နောက်ပြီးတော့ backup လုပ်ရာမှာလည်း ဖိုင်တွေကို Version သော်လည်းကောင်း နေ့စွဲအချိန်လိုသော်လည်းကောင်း ထည့်ပြီးမှတ်ထားမယ်ဆိုရင် ထိမ်းသိမ်းရလွယ်ပါတယ်။ backup လုပ်ထားတဲ့ ဖိုင်တွေကိုလည်း အားလုံးအတွက် တစ်နေရာတည်းမှာထားပြီး shared directory အဖြစ်ဆိုရင်အားလုံး အသုံးပြုရလွယ်ကူပါတယ်။ ဒါတွေဟာ Source Code Control ရဲ့အခြေခံအချက်တွေပါ။
Version Control System တွေကိုဘာလို့ အသုံးပြုရတယ်ဆိုတဲ့ အချက်တွေဟာလည်း အရေးကြီးပါတယ်။ shared directory တွေမှာက ပရောဂျက်တစ်ခုအတွက်နဲ့ ပရိုဂရမ်မာနည်းရင် ညှိနှိုင်းသုံးစွဲလို့ရပေမယ့် များလာရင်တော့ Version Control အင်မတန်ရှုပ်ထွေးလာပါတယ် နောက်ပြီးတော့ အများသုံးစွဲတာဖြစ်လို့ မူရင်းထားတဲ့ shared directory မှာပဲ တိုက်ရိုက်ပြုပြင်ဖို့ကြိုးစားရင် တစ်ခုတည်းကို တစ်ချိန်တည်းမှာပဲ လူအများဝိုင်းပြင်မိတာတွေ ဖြစ်လာနိုင်ပြီးတော့ ပြဿနာများစွာ ရှုပ်ထွေးလာမှာဖြစ်ပါတယ်။ နောက်တစ်ချက်က လူအများအသုံးပြုတာဖြစ်လို့ မိမိရေးသားထားတဲ့ Soruce Code များနဲ့အတူ ပြုလုပ်ခဲ့အတဲ့ အပြောင်းအလဲများကို မှတ်တမ်းတင်ဖို့လည်း လိုအပ်ပါတယ် ဒီနေရာမှာ shared directory တွေဟာ Soruce Code ရဲ့အတွင်းမှာပဲ Comment များရေးသားရုံကလွဲပြီး မထောက်ပံ့ပေးနိုင်တော့ပါဘူး။
Shared directory တွေမှာဖြစ်နိုင်တဲ့ အခက်အခဲပြဿနာကို အောက်မှာပုံအဖြစ်နဲ့ပြထားပါတယ်။ ပုံမှာ လူနှစ်ယောက်ဟာ ဖိုင်တစ်ခုကို တစ်ပြိုင်တည်းဖတ်ပြီး ပြုပြင်ကြပါတယ် ဒီနေရာမှာ တစ်ယောက်ပြင်ထားတဲ့ ဖိုင်တစ်ခုကို နောက်တစ်ယောက်က မူရင်းဖိုင်ထင်တဲ့အတွက် ထပ်ရေးတဲ့အတွက်အခက်အခဲဖြစ်နိုင်ပါတယ်။
[CENTER]
[/CENTER]
အလွယ်ဆုံးဖြေရှင်းနည်းကတော့ အသုံးပြုသူတစ်ယောက်အနေနဲ့ ပြုပြင်လိုခဲ့ပါက Lock ချတဲ့နည်းနဲ့ ​ဖြေရှင်းလေ့ရှိပါတယ် အချို့သော Operating System များမှာလည်း Shared file တွေကို Lock ချပေးထားနိုင်ပါတယ်။ သရုပ်ပြပုံကိုအောက်မှာ ကြည့်ရှု့နိုင်ပါတယ်။ Lock ကိုသုံးချင်းအားဖြင့် သာမန်အနေအထားအတိုင်း Shared လုပ်ရင်ဖြစ်လေ့ရှိတဲ့ နှစ်ယောက်ပြိုင်ရေးတဲ့ ပျောက်ဆုံးတာမျိုးမဖြစ်နိုင်တော့ပါဘူး။ ဒါပေမယ့်လည်း Lock လုပ်တဲ့အတွက် ဖြစ်လာနိုင်တာက Lock ပေးနိုင်ဖို့ သက်ဆိုင်တဲ့ System တစ်ခုလိုအပ်လာပါတယ်။ တစ်ခါတစ်ရံမှာ တူညီတဲ့ ဖိုင်တစ်ခုဖြစ်ပေမယ့် မတူညီတဲ့နေရာတွေကို နှစ်ဦးပြင်ဆင်လိုခဲ့ပါက Lock ဟာခွင့်ပြုပေးလို့မရတဲ့အတွက် အခြားပြင်ဆင်လိုသူတစ်ဦးဟာ စောင့်ဆိုင်းရမှာဖြစ်ပါတယ်။
[CENTER]
[/CENTER]
Version Control System(VCS) တွေမှာတော့ အောက်မှာဖော်ပြထားတဲ့ ပုံမှာပြထားတဲ့အတိုင်း အထက်ပါအခက်အခဲတွေကိ ​ဖြေရှင်းလေ့ရှိပါတယ်။ ​ဖြေရှင်းပုံကိုတော့ Copy-Modify-Merge လို့ခေါ်လေ့ရှိပါတယ်။ သာမန် Shared directory တွေအတိုင်း လူအများအနေနဲ့ ကူးယူပြီးတော့ ပြင်ဆင်နိုင်ပါတယ်။ VCS အနေနဲ့ မည်သူကမည်သည့် Version ကို ကူးယူသွားတယ်ဆိုတာ မှတ်သားထားလိုက်ပြီး Repository ထဲမှာမူရင်း Version ရှိမှသာပြင်ဆင်ခွင့်ပေးပါတယ် အကယ်၍သာ အခြားလူတစ်ဦးက ဝင်ရောက်ပြင်ဆင်သွားပါက ပြင်ဆင်ခွင့်မပေးတော့ပဲ Version ပြောင်းသွားကြောင်း အကြောင်းကြားပြီး ပြောင်းလဲသွားတဲ့ Version ကိုထပ်မံဖတ်ရှု့စေပြီး ထပ်မံပြင်ဆင်စေမှာဖြစ်ပါတယ်။ ဒီနည်းအားဖြင့် Shared directory ရဲ့အခက်အခဲကို ပြေလည်စေပြီး Lock မလိုအပ်ပဲ တစ်ပြိုင်နည်း လူအများပြင်ဆင်နိုင်စေမှာ ဖြစ်ပါတယ်။ Lock မလိုအပ်​ဘူးဆိုပေမယ့် ချို့ယွင်းချက်အနေနဲ့ လိုအပ်နိုင်တဲ့ အ​ခြေအနေတွေလည်း ဖြစ်လာနိုင်ပါသေးတယ်။
[CENTER]
[/CENTER]
[CENTER]
[/CENTER]
VCS တွေမှာအများအားဖြင့် အောက်မှာဖော်ပြထားတဲ့ အချက်များကို အထောက်အကူပြုလေ့ရှိပါတယ်။
(၁) Backup and Restore: သက်ဆိုင်ရာဆော့ဝဲ Soruce Code များကို Backup and Restore လုပ်ပေးနိုင်ရပါမယ် Backup and Restore ဆိုရာမှာ အချိန်အလိုက်လုပ်ဆောင်ပေးနိုင်ရပါမယ် ဒီအချက်ဟာတော့ shared directory မှာလည်း လုပ်ပေးနိုင်တာဖြစ်တာကြောင့် ထူးခြားတယ်မဆိုနိုင်ပါဘူး ဒါပေမယ့် VCS မှာတစ်ခါတည်း ပါလာတဲ့အတွက် Backup and Restore ပိုမိုလွယ်ကူနိုင်ပါတယ်။
(၂) Synchronization: ပုံမှန်အားဖြင့် Soruce Code များဟာ တစ်နေရာတည်းမှာ ထိမ်းသိမ်းထားတာဖြစ်ပြီး ပြင်ဆင်လိုတယ်ဆိုပါက မိမိရဲ့ကိုယ်ပိုင် စက်အတွင်းကို ကူးယူပြီးမှသာပြင်ဆင်လို့ရပါတယ် ပြင်ဆင်ပြီးလျင်တော့ မူရင်းထိမ်းသိမ်းတဲ့နေရာကို ပြန်လည်ပို့ပြီး အပြောင်းအလဲများကို မှတ်တမ်းတင်ရပါတယ်။ လူအများတစ်ပြိုင်တည်း ပြင်ဆင်နေတာ ဖြစ်တဲ့အတွက် မိမိယူထားတဲ့ Soruce Code များဟာ နောက်ဆုံးအပြောင်းအလဲကို လိုကောင်းလိုမှာ ဖြစ်လာနိုင်ပါတယ် VCS များမှာတော့ Synchronization ကိုလုပ်ပေးနိုင်စွမ်း ပါလေ့ရှိတာကြောင့် Synchronization ဟာ လူကိုယ်တိုင်လုပ်စရာမလိုအပ်ပါဘူး။
(၃) Undo: မိမိပြင်ဆင်လိုတဲ့ Soruce Code တွေကိုကူးယူပြင်ဆင်ပြီးမှ မူရင်းအခြေအနေ ပြန်လိုချင်ခဲ့လျင် လိုအပ်တဲ့ နောက်ဆုံးအခြေအနေကို အလွယ်တကူပြန်လည်ရရှိနိုင်ပါတယ်။ အများအားဖြင့် မိမိတိုပြန်လည်ရောက်ရှိချင်တဲ့ Version or Revision အခြေအနေကို ပြန်လည်ကူးပြောင်းလို့ရပါတယ်။
(၄) Track Changes: မိမိတို့ပြင်ဆင်လိုက်တဲ့ အကြောင်းအရာတွေကို မှတ်ချက်များရေးသား ပြင်ဆင်ချင်တယ်ဆိုရင် ပြောင်းလဲတဲ့အကြိမ်တိုင်းမှာ မိမိတို့မှတ်သားလိုတဲ့ ပြောင်းလဲချက်များကို ရေးသားထိမ်းသိမ်းလို့ရပါတယ်။ ဒီအချက်တွေဟာ မိမိတို့ရဲ့ဆော့ဝဲမှာ ဘယ်လိုအပြောင်းအလဲတွေ ရှိခဲ့တယ်ဆိုတာတွေကို လိုအပ်လာပါကပြန်လည် စီစစ်ရာမှာ အသုံးပြုကြပါတယ်။
(၅) Track Ownership: လူအများနဲ့ အလုပ်လုပ်တာ ဖြစ်တဲ့အတွက် ပြုလုပ်သွားတဲ့ အပြောင်းအလဲတွေကို ပြန်လည်စီစစ်နိုင်ဖို့လိုပါတယ်။ VCS တွေမှာ Track Changes တွေအပေါ်မှာ ဘယ်သူကဘယ်လို ပြောင်းလဲသွားတယ်ဆိုတာကို ပြန်လည်ပြီးတော့ စီစစ်နိုင်အောင် မှတ်သားထားပေးနိုင်ပါတယ်။ တစ်ချိန်မှာပြဿနာရှိလာရင် မည်သူပြောင်းလဲသွားလို့ ဖြစ်ရတယ်ဆိုတာမျိုး ပြန်လည်ရှာဖွေပေးနိုင်ပါတယ်။
(၆) Sandboxing: မူရင်း Soruce Code များကို ပြင်ဆင်လိုပါက VCS ထံကနေ မိမိတို့ထံကိုကူးယူပြီးတော့ ပြင်ဆင်စမ်းသပ်တာ ဖြစ်တဲ့အတွက် စမ်းသပ်မှု့တွေ ပြင်ဆင်မှု့တွေပြီးတဲ့ အချိန်မှသာ VCS ထဲကို ပြောင်းလဲမှု့ပြုလုပ်တဲ့အတွက် မူရင်း VCS ကိုထိခိုက်စေမှု့မရှိပါဘူး။ ဒီနေရာမှာ VCS ဟာ File Server မဟုတ်ဘူးဆိုတာ ဆိုလိုပါတယ် မိမိတို့ပြင်ချင်သလောက်ပြင် VCS ထဲကိုပို့ဆိုတာမျိုးမလုပ်သင့်ပါဘူး အတိုင်းအတာတစ်ခုအထိ ပြုပြင်ပြီးမှသာ VCS ထဲကိုပြောင်းလဲရပါတယ် ဒါမှသာ Revision တစ်ခုနဲ့တစ်ခု ဘယ်လောက်ကွာခြားတယ်ဆိုတဲ့ Track Changes များဟာအသုံးဝင်မှာဖြစ်ပါတယ်။
(၇) Branching and merging: အပေါ်မှာပြောခဲ့တဲ့ Sandboxing ဟာကိုယ်ကူးယူထားတဲ့ Source code များကိုစိုက်ကြိုက် စမ်းသပ်မှု့ဖြစ်ပါတယ် အကယ်၍သာ အဲဒီ့စမ်းသပ်မှု့များမှာလည်း အဆင့်တွေများနိုင်သလို Track Changes တွေကိုလည်း မူရင်း VCS လိုလိုချင်တယ်ဆိုရင် VCS မှာပဲ စမ်းသပ်ဖို့အတွက် Branching အဖြစ်ခွဲထုတ်ပြီး အသုံးပြုနိုင်ပါတယ်။ Branch တစ်ခုစမ်းသပ်ပြီးလို့ မူရင်းထဲကို ပြောင်းလဲမှု့တွေကို ပေါင်းထည့်တာကိုတော့ VCS မှာ merging လုပ်တယ်လို့ ခေါ်လေ့ရှိပါတယ်။
( VCS များမှအခေါ်အဝေါ်များ၊ SVN ဖြင့်သရုပ်ပြ၍ ပုံနှင့်ပြထားခြင်းများ ဆက်ရန် )
အောက်ဖော်ပြပါ References များမှဖတ်ပြီး အဆင်ပြေသလို ရေးထားခြင်းဖြစ်သည် မူရင်းနှင့်လွဲနိုင်ပါသည် စိတ်ဝင်စားလျှင်သွားဖတ်ပါ စာရင်းများအောက်တွင်ပြထားသည်။
References
[1] http://betterexplained.com/articles/a-visual-guide-to-version-control/
[2] http://svnbook.red-bean.com/en/1.5/index.html
[3] http://www.dwheeler.com/essays/scm.html
[4] http://en.wikipedia.org/wiki/Version_control
[5] http://en.wikipedia.org/wiki/Versioning_file_system
[6] http://www.ericsink.com/scm/source_control.html
[7] http://en.wikipedia.org/wiki/Comparison_of_revision_control_software
Android ကို Netbook မှာ Run ကြည့်ရအောင်
[ATTACH=CONFIG]1398[/ATTACH]HTC တစ်လုံးလောက်လိုချင်တဲ့ အာသီသဟာ ပြင်းပြလာပာတယ်။ Android OS ကို  စမ်းချင်တာ တောှတောှကြာခဲ့ပာပြီ။ ကျွန်တော့ Netbook လေးနဲ့ စမ်းကြည့်မယ်  စိတ်ကူးတာနဲ့။ Googling လုပ်ပြီး ရှာဖွေရပာတော့တယ်။ Android ရဲ့ wifi  ရှာတဲ့ စနစ် ကတောှတောှကောင်းပာတယ်။ Android သာကျွန်တောှ့ netbook ရဲ့  Wireless Device ကို သာ support လုပ်ရင် ကျွန်တော့ သံတွဲတစ်မြို့ လုံး  လွှမ်းခြုံတဲ့ project အတွက် အထောက်အကူကောင်းကောင်းပေးနိုင်မှာပာ။   လိုချင်တဲ့ အချက်အလက်တွေ ရှာတွေ့တော့ စတင်စမ်းသပ်ဖြစ်ခဲ့တယ်။ ကျွန်တောှ တွေ့ ရှိလိုက် ရတာက တော့ Android ဟာ ဘယ်လောက် မြန်ဆန်တယ် ဆိုတာပာပဲ။ flash drive ပောှကနေ Run ကြည့်ခဲ့တာ ဖြစ်ပာတယ်။
ပထမဆုံး Flash Drive ဒာမှ မဟုတ် memory ကဒ်တစ်ခု လိုအပ်ပာတယ်။ အနည်းဆုံး  256 MB ရှိရမယ်ဗျာ။ ယနေ့ ခေတ် Flash Drive တွေဟာ အနည်းဆုံး 1 GB တွေ  ဆိုတော့ 256 MB ဆိုတာ ရယ်စရာပမာဏပာ။ Flash Drive ထဲ မှာရှိတဲ့ လိုအပ်တဲ့  ဖိုင်တွေ ကို Copy ကူးထားပြီး ရှိသမျှ ဖိုင်တွေ အကုန်ကို Delete  လုပ်လိုက်ပာ။
ပြီးရင်တော့ လိုအပ်တဲ့ ဖိုင်တွေ ကို အင်တာနက်ကနေ စတင်း Download လုပ်ရပာတော့မယ်။
http://www.android-x86.org/download ဆိုက်ကို သွားပာ။ StableRelease  အောက်က android-x86-1.6-r2.iso  ဖိုင်ကို Download ဆွဲ ရပာမယ်။ View  ကိုနှိပ်ပာ။
[ATTACH=CONFIG]1399[/ATTACH]
Save Dialog Box ကျလာရင် Save လုပ်လိုက်ပာ။
ပြီးရင် Flash Drive ကို Bootable လုဖို့ အတွက် UNetbootin ဖိုင်ကို ဆွဲ ရပာမယ်။ http://unetbootin.sourceforge.net/ ကို ဖွင့်ပာ။
[ATTACH=CONFIG]1400[/ATTACH]
ကျွန်တောှတို့ သုံးမှာက Window OS ပောှမှာ ဖြစ်တဲ့ အတွက် for Window  ကိုရွေးချယ်ပာ။
Save Dialog Box ကျလာရင် Save လုပ်ပာ။ ပြီးရင်တော့။  ဿFlash Drive ကို Bootable စလုပ်လို့ ရပာပြီ။
UNetbootin ဖိုင်ကို ဖွင့်ပာ။
[ATTACH=CONFIG]1401[/ATTACH]
[ATTACH=CONFIG]1402[/ATTACH]
UNetbootin ပွင့်လာရင် Diskimage မှာစောစောက Download လုပ်ထားတဲ့ Android  ISO ဖိုင်ကို ရွေးပေးပာ။ ပြီးရင် Drive နေရာမှာ မိမိရဲ့ Flash Drive Letter  ကိုရွေးပေးပာ။ OK ကိုနှိတ်လိုက်ရင် UNetbootin က Flash Drive ထဲ ကို  လိုအပ်တဲ့ ဖိုင်တွေ စတင် ထည့်ပာတော့တယ်။ ဖိုင်ထည့်တာ ပြီးအောင်  အချိန်အနည်းငယ်စောင့်ပေးပာ။ ကြာချိန်ကတော့ Flash Drive ရဲ့ မြန်နှုန်းနဲ့  သင့် Motherboard ရဲ့ မြန်နှုန်းပောှမှာမူတည်ပာတယ်။ သိပ်ကြာမှာမဟုတ်ပာဘူး 3  မိနစ်လောက်အတွင်းမှာပဲ ပြီးသွားမှပာ။
ပြီးသွားရင်တော့ Restart ချမှာလား Exit ထွက်မှာလား မေး ပာလိမ့်မယ်။ Exit နဲ့ ထွက်လိုက်ပာ။
ဒာဆိုရင်တော့ Android bootable Stick လေးရပာပြီ။
ဆက်လက်ပြီး Run ကြည့်လိုက်ရအောင်။
BIOS ထဲမှာ Flash Drive နဲ့ Boot တက်ဖို့ ရွေးလိုက်ပာ။
ပြီးရင် BIOS setting ကို သိမ်းပာ။ စက်ပြန်တက်လာတဲ့ အခာကြရင် လှပတဲ့ Android boot screen လေးကို မြင်ရတော့မှာဖြစ်ပာတယ်။
(http://blog.thantwe.com/wp-content/uploads/2010/10/image334.png) (http://blog.thantwe.com/wp-content/uploads/2010/10/image3351.png)
ဖုန်းတွေနဲ့ပတ်သတ်ပြီး
Line phone
GSM
CDMA
Cellular
WCDMA
Card PH
တွေပါ
မှားကောင်းမှားနိုင်ပါတယ်နော် သိတဲ့ MZ မောင်နှမများလည်း၀ုိင်းပြီးဖြေပေး ဖြည့်ပေးပါနော်
ဒါတွေကိုပြန်ပြီး category ပြန်ခွဲကြည့်မယ်ဆိုရင် line ph , CDMA နဲ့ GSM ပေါ့နော်
Line phone မှာဆိုရင် သိပြီးတဲ့ ဒီအိမ်ဖုန်း လိုင်းကြိုးဖုန်းအပြင် အခု ၁၀ သိန်းတန်ဆိုပြီး ဂဏန်း ၈ လုံးနဲ့ထပ်ချပေးနေတဲ့ဖုန်းက ဘယ်လိုများပါလိမ့်နော်???
CDMA မှာဆိုရင်လည်း 450 MHz (WCDMA ကမ်းရိုးတန်းဖုန်းလို့ခေါ်မယ်ထင်တယ်နော် ) နဲ့ အခုပေးနေတဲ့ 800 MHz (ငါးသိန်းတန်ဖုန်း) ပေါ့
အဲဒါအပြင် ကဒ်ဖုန်း တွေကရော 450 MHz ပဲရတာလား ???
GSM မှာဆိုရင်လည်း တရား၀င် ၁၅ သိန်းတန်ဖုန်းနဲ့ ဟိုတလောကခေတ်စားလိုက်သေးတဲ့ ကဒ်ဖုန်းတွေပေါ့ (FEC 20 တန်တို့ 50 တန်တို့ပေါ့)
ဒါဆို ဒီဖုန်းတွေကို တချို့ကလည်း ရန်ကုန် နဲ့ မန်းလေး ပဲရတယ် တချို့ကလည်း နေပြည်တော်မှာရတယ် စသည်ဖြင့်ပေါ့နော်
ဖုန်းတွေက ချပေးတာတော့များပြီး (chocolate ပဲသေချာကောင်းကောင်းမကွဲပြားလို့လားမသိ ) :D
သေချာကွဲကွဲပြားပြားမသိလို့ပါ
ဘယ်ဖုန်းက ဘယ်မှာပဲသုံးလို့ရပြီး ဘယ်လိုကောင်းတယ်မကောင်း၀ူးလေးကို တချက်လောက်သိတဲ့ MZ မောင်နှမတွေပြောပြပေးကြပါနော်
IT Trends
ကျနော်တို့ဆီက IT စိတ်ဝင်စားကျတဲ့လူတွေ ( လူငယ်တွေတင်မဟုတ်ပါဘူး) တစ်ခါတစ်လေမှာ ဘယ်လမ်းကြောင်းလိုက်ရမလည်းတို့ ဘာတွေပြင်ဆင်ရမလဲတို့ စဉ်းစားပြီး ယောင်လည်လည်ဖြစ်တတ်ပါတယ်။ နည်းနည်းလည်း ရောထွေးနေကျသလိုပဲ။ မလေ့လာလို့ မဟုတ်ကျပါဘူး။ လေ့လာစရာ Infrastructure ပိုင်းအားနည်းနေလို့ထင်ပါတယ်။ Network engineer ဖြစ်ချင်လို့ MCSE လုပ်နေတယ်ဆိုတဲ့ ညီတော်နောင်တော် တော်တော်များများမှာ basic networking knowledge မရှိတာတွေ့တွေ့နေရလို့ပါ။ MCSE ဆိုတာလည်း Networking စစ်စစ်မဟုတ်ပါဘူး ။ လမ်းကြောင်းလွဲနေတယ်လို့ထင်တယ်။ အဲဒါကြောင့် Rough idea လေးလောက်ပဲဖြစ်ဖြစ်ရဖို့ Imagine လုပ်နိုင်ဖို့ရည်ရွယ်ပါတယ်။
Professional လမ်းကြောင်းတွေလို့ပြောရင် အခြေခံအားဖြင့်
1) Software Engineering
2) Designer
3) System Engineering
4) Network Engineering
ဒါတွေကို beginner / intermediate / advance ပုံစံမျိုးပြောကြည့်မယ်။ Role and responsibilities တွေ လိုအပ်တာတွေ။
Security ကို Category တစ်ခုလို ထဲ့မပြောတော့ဘူး။ Security မှာ Beginner ဆိုတာမရှိလို့ပါ။ IT သမားတွေရဲ့ second step တွေထဲက တစ်ခုပါ။ အပေါ်က Engineering တစ်ခုခုမှာ Intermediate လောက်မဟုတ်သေးပဲ Security advisory ဖြစ်ဖို့မကြိုးစားသင့်ပါဘူး။
Iphone Development Intro
Prepare for development
နောက်တစ်ခုကတော့ iPhone Application ပါ။ iPhone Application ကို စတင်တော့မယ်ဆိုရင် နည်းလမ်းတွေ အများကြီးရှိပါတယ်။ သို့ပေမယ့် ကျွန်တော် Native ကိုပဲ အဓိက ပြောမှာပါ။ စတင်ရေးသားတော့မယ်ဆိုရင် မရေးသားခင် ပြင်ဆင်ရမှာတွေကတော့
iPhone SDK
Mac OS X
Developer Account ( နောက်ပိုင်း လိုအပ်လာမှာပါ )
iPhone or iPad or iPodTouch ( Developer account ရှိလာတဲ့အခါမှာ လက်တွေ့စမ်းသပ်ဖို့အတွက်)
စတာတွေ လိုအပ်ပါတယ်။
more
http://edu.mysteryzillion.org/iphone-development-intro-1
Firewall (သို့မဟုတ်) ဂိတ်မှူး
ဒီ Firewall ဆောင်းပါးနဲ့ပတ်သက်ပြီး အနည်းငယ်ပြောရရင်.. Firewall အကြောင်းကိုမသိသေးတဲ့သူတွေ .. သိပေမဲ့လည်း Firewall ကို အကြောင်း အမျိုးမျိုး ကြောင့် မသုံးဖြစ်တဲ့သူတွေ အတွက် Firewall ရဲ့ စွမ်းဆောင်ရည်များကို သိရှိစေရန်ရည်ရွယ်ပြီးရေးသားလိုက်တာပါ .. ဘာဖြစ်လို့လဲဆိုတော့ .. Internet ဆိုတာရှိရင် .. Firewall ဆိုတာလည်းရှိကောင်းပါတယ်.. ခေတ်အခြေအနေအရ.. သိဖို့လည်းလိုအပ်လာတယ်ထင်လို့ပါ....ဒီနေ့ခေတ် Firewall များဟာ အရင်ကထက်စာရင် Security ပိုင်းမှာ အရမ်းကောင်းမွန်ပါတယ်..ကျွန်တော်လည်း အရင် Firewall ရဲ့ စွမ်းဆောင်ချက်များကို မသိခင်တုန်း သိပ်မသုံးဖြစ်ပါဘူး ..XP2  နောက်ပိုင်း    Firewall ရဲ့ အားသာချက်တွေရှိလာမှ သုံးလာတာဖြစ်ပါတယ်..အဲဒီမှာ စပြီး သိလာတာပါ.. တတ်နိုင်သလောက် ပြည့်စုံအောင်တော့ကြိုးစားပြီးရေးသားထားပါတယ် .. ဒါပေမဲ့ .. ဖြစ်နိုင်ရင် ကုမ္ပဏီတစ်ခုချင်းရဲ့(အထူးသဖြင့် CISCO ရဲ့ Firewall တွေ) Firewall Software Hardware Product များရဲ့စမ်းသပ်ချက်များကိုပါ ရှာဖွေပြီးတင်ပေးလိုက်ချင်ပေမဲ့ .. အရမ်းစာရှည််ပြီး လေးသွားမှာစိုးတဲ့အတွက် ...ပင်ပန်းပေမဲ့ ကြုံရင်နောက်တစ်ခေါက်ရေးသားပါဦးမယ်.. ဒါပေမဲ့ .. Software Firewall ဘဲဖြစ်ဖြစ် .. Hardwae Firewall ဘဲဖြစ်ဖြစ်Concept ပိုင်းတွေဟာ အားလုံးနီးပါးအတူတူပါဘဲ..(တစ်ချို့နေရာလေးတွေမှာတော့ကွဲပါတယ်) လိုအပ်တာများရှိခဲ့ရင်လည်း..ပညာရှင်များက ထောက်ပြပြီးနားလည်ခွင့်လွတ်ပေးကြပါ.. ကျေးဇူးတင်ပါတယ်..
[/CENTER]
Firewall အခေါ်အေ၀ါ်စတင်ပုံ
Firewall ဆိုတဲ့ အခေါ်အေ၀ါ်ဟာ မူလအားဖြင့် Construction ဘက်ကလာတဲ့ အခေါ်အေ၀ါ်တစ်ခုဖြစ်ပါတယ်.. မီးကိုကာကွယ် တားဆီးတဲ့နေရာမှာ သုံးခဲ့သလို တံခါးတွေအဖြစ်လည်း အသုံးပြုခဲ့ကြပါတယ်.. နောက်ပြီး ကားတွေရဲ့အင်ဂျင်ခန်း ဒါမှမဟုတ် လေယာဉ် တွေရဲ့ အင်ဂျင်ခန်းတွေမှာ ကာပေးထားတဲ့ Metal sheet အကာအကွယ်ကိုလည်း Firewall လို့ခေါ်ပါတယ်.. ကွန်ပျူတာမှာ သုံးနေတဲ့ Firewall အခေါ်အေ၀ါ်ကတော့  1980 နှစ်များနောက်ပိုင်း အင်တာနက်ကြီးလွမ်းမိုးစပြုလာတဲ့ အချိန်ကျမှ..Internet Security မလုံခြုံမှု များကြောင့် ပေါ်ပေါက်လာခဲ့တာဖြစ်ပါတယ်.. ဘာဖြစ်လို့လဲဆိုတော့ .. security ချိုးဖေါက်မှုများကြုံတွေ့လာရသောကြောင့် .. ဖြစ်ပါတယ်..
င်္Firewall ဆိုတာ
[CENTER]
Firewall ဆိုတာဘာလဲလို့ဆိုတော့။ Firewall ဆိုတာ အရပ်စကားနဲ့ပြောမယ်ဆိုရင် ပြင်ပ ပယောဂအနှောက်အယှက်များ မ၀င်ရောက် နိုင်အောင် နှင့် ကိုယ့်ဖက်က လုံခြုံရေးချို့ယွင်းကြောင့် ပြင်ပကို မပေါက်ကြားနိုင်အောင် ကာကွယ်တားဆီးပေးနိုင်တဲ့ နည်းပညာတစ်မျိုးဘဲဖြစ်ပါတယ်.. ဒါက.. အလွယ်တကူပြောလိုက်တာ .. တကယ်တမ်း သီအိုရီအရ ပြောရမယ်ဆိုရင် Firewall ဆိုတာ  Network Computer System တွေကို Electronically အရ  Network တွေတစ်ခုနဲ့တစ်ခုကြားမှာ လုံး၀ဆက်သွယ်မှု ဖြတ်တောက်ထားခြင်းမဟုုတ်ဘဲ မသက်ဆိုင်တဲ့ ကူးလူးဆက်သွယ်မှုတွေကို ပိတ်ပင်တားဆီးပြီး သက်ဆိုင်လိုအပ်တဲ့ကူးလူး ဆက်သွယ်မှုတွေကို လိုအပ်သလို စီစစ်ခွင့်ပြုမှတ်တမ်းတင်ထားနိုင်တဲ့ လုံခြုံရေးဆိုင်ရာ နည်းပညာတစ်ရပ်ပါပဲ... Firewall က ဘာတွေလုပ်ပေးလဲဆိုတော့ .. သူ့ကို .. Administrator က သတ်မှတ်ပေးထားတဲ့ Rules တွေ အခြေအနေတွေ အခြားသော Criteria တွေပေါ်မူတယ်ပြီး မတူညီတဲ့ Security Domain တွေကြား အားလုံးသော Network Traffic များကို Allow လုပ် မှာ လား Deny လုပ်မှာလား Encrypt လုပ်မလား Decrypt လုပ်မလား Proxyfy လုပ်မလား စသဖြင့် အလုပ်တွေကို လုပ်ဆောင်ပေးမှာပါ.. အထူးသဖြင့် Network Traffic များကို perimeter (zone ပတ်ပတ်လည်) စစ်ဆေးပြီး ကာကွယ်ပေးနိုင်တယ်လို့ဆိုလိုတာပါ ..
အဲဒီ Firewall နည်းပညာဟာ Hardware-Based အနေနဲ့လည်းရနိုင်ပါတယ်။ Software-Based အနေနဲ့လည်းရနိုင်ပါတယ်။
Hardware-Based တွေကိုတော့ Firewall တစ်လုံးမှာ ရှိသင့်ရှိထိုက်တဲ့ Commector Ports တွေနဲ့ Built-in Firewall OS တစ်ခု ပါ၀င်ဖွဲ့စည်းထားတဲ့ Special Purpose Computer တစ်လုံးအသွင်နဲ့ တွေ့မြင်ရနိုင်ပါတယ်။
ဒါပေမဲ့ သူ့ရဲ့ ပုံစံကတော့ Computer တစ်လုံးအသွင်ရှိနေမှာ မဟုတ်ပါဘူး။ သူ့ရဲ့ Firewall Configuration တွေကို ပြင်ဆင်ချင်ရင်တော့ သူ့မှာပါလာမယ့် Console Port နဲ့ Computer နဲ့ တိုက်ရိုက်ချိတ်ဆက်ပြီး Browser မှ (သို့မဟုတ်)  DOS မှ၀င်ရောက်ပြင်ဆင်  Configured လုပ်ပေးရမှာ ဖြစ်ပါတယ် အဲဒီလိုမျိုး နည်းပညာကို
တကယ့် Enterprise Level Company ကြီးမှာ သာအသုံးပြုတာများကြပါတယ် ..သူတို့က စျေးအရရော နည်းပညာအရမှာပါ မြင့်မားရှုပ်ထွေးမှုရှိပါတယ်။ လုုံခြုံရေးအရလည်း အထူးပိုပြီးအားကောင်းပါတယ်။
Software-Based Firewall တွေကတော့ စျေးနှုန်းအရမှာရော နည်းပညာအရမှာပါ သက်သာလွယ်ကူပါတယ်။
သူတို့ကိုတော့ မိမိနှစ်သက်ရာ Performance ကောင်းတဲ့ Computer တစ်လုံးမှာ Install လုပ်ပေးထားရမှာပါ။ Install လုပ်ထားမယ့် Firewall အဖြစ်သုံးဖို့ ရွေးချယ်ထားတဲ့ Computer ဟာ Performance ပိုင်းမှာတော့ စိတ်ချရဖို့လိုအပ်ပါတယ်။
ဒါမှသာ လိုအပ်တဲ့ Processing လုပ်ဆောင်မှုတွေကိုမြန်မြန်ဆန်ဆန် ဆုံးဖြတ်လုပ်ဆောင်ပေးနိုင်မှာပါ။ သူတို့အများစုကတော့ Installed လုပ်ထားတဲ့ Computer ကနေပဲ တိုက်ရိုက် GUI နဲ့ဖြစ်စေ DOS နဲ့ဖြစ်စေ Configured လုပ်ထားနိုင်ပါတယ်။ ဒါပေမယ့် Astaro လိုတချို့ Firewall မျိုးကတော့ Installed လုပ်ထားတဲ့ Computer က direct မရဘဲ အခြား Computer တစ်လုံးကနေသူ့ရဲ့ IP Address ကို Browser ကခေါ်ပြီး Configured လုပ်ရပါလိမ့်မယ်။ ဘယ်လိုပင် ဖြစ်စေ Software Firewall တွေဟာ Hardware Firewall တွေနဲ့ယှဉ်ရင် စျေးနှုန်းအရလည်း လေးငါးဆမကကွာခြားသက်သာပါတယ်။ နည်းပညာရှုပ်ထွေးမှုလည်း နည်းပါးပါတယ်။ ဒါကြောင့် တော်ရုံတန်ရုံ Company ကြီးတွေမှာတောင် Software Firewall ကိုသုံးစွဲတာများကြပါတယ် ဒါပေမဲ့ အရာရာတိုုင်းဟာ အကောင်းနဲ့အဆိုးဒွန့်တွဲနေတာ ပါဘဲ။ တစ်ချို့.. သိပ်ကို အရေးကြီးတဲ့နေရာတွေမှာဆိုရင် Firewall ကို ပုံစံအမျိုးမျိုးနဲ့ အဆင့်ဆင့် ခံထားတတ်ကြပါတယ် .. အထူးသဖြင့် ISP လိုနေရာမျိုးတွေမှာပါ.. တခြား သုံးတဲ့နေရာတွေလည်း အများကြီးရှိပါတယ်..  ထပ်ပြီး ပြောရမယ်ဆိုရင် .. Firewall ဆိုတာ private Network တစ်ခု နဲ့ Public Network (Internet Connection) တို့ရဲ့ ကြားသူတို့ နှစ်ခု ချိတ်ဆက်တဲ့ နေရာမှာ ကြားခံထားရမယ့် Security ထိန်းချုပ်ပေးတဲ့ ပစ္စည်း ကိရိယာ (Hardware_based) သို့မဟုတ် နည်းပညာ software (Software _based) တစ်ခုပဲဖြစ်ပါတယ်။ ကိုယ်ရဲ့ Network က Public Network (Internet) နဲ့ ချိတ်ဆက်ထားခြင်းမရှိရင် (သိုမဟုတ်) အရေးကြီးတဲ့ Data မျိုးတွေ မရှိဘူးဆိုရင် တော့ Firewall မတပ်ဆင်ထားလဲ ပြဿနာ မရှိနိုင်ဘူးပေါ့။ တကယ်လို့ ကိုယ့်ရဲ့ Network က Public Network နဲ့လညး်ချိတ်ဆက်ထားတယ်။ Data တွေကလည်းအရမ်းအရေးကြီး တယ်လို့ထင်ရင် .. Firewall ကို တပ်ကိုတပ်သင့်ပါတယ် .. အဲဒါကြောင့် Router တွေမှာပါ Firewall Function တွေကို ထည့်သွင်းလာရခြင်းဖြစ်ပါတယ်.. မဟုတ်ရင် .. packed sniffer      တွေရဲ့ရန်က ကင်းနိုင်မှာမဟုတ်ပါဘူး..
Firewall နဲ့ပတ်သက်ပြီး နောက်ထပ်နည်းနည်းပြောစရာရှိတာက Firewall ဆိုတာကို တပ်ထား/သုံးထား ပေမဲ့ သုုံးမဲ့ Administrator က configuration ကို သေသေချာချာသတ်မှတ်ပေးရပါဦးမယ်.. ဒါမှမဟုတ်ရင် .. Firewall ကို သေချာ Rule တွေ သတ်မှတ်မထားရင် တပ်ထားတာ အလကားဖြစ်နိုင်ပါတယ် .. တစ်ချို့ Firewall များဟာ Configure လုပ်ရတာ တော်တော် ခက်ခဲ ပါတယ်..  နောက်ပြီး Rules တွေကို တော်တော်အသေးစိတ်သတ်မှတ်ပေးရတယ်......ဒါကြောင့် တစ်ချို့ Firewall များကို Default Deny အတိုင်းထားကြပြီး လိုအပ်မယ်ထင်တဲ့ ခွင့်ပြုစေချင်တဲ့ traffic များကို Manually တိုက်ရိုက် Explicity နည်းနဲ့ပြန်ပြီး Allow လုပ်ပေးကြတာများပါတယ်.. Firewall ကို Administrator ကအခါအားလျှော်စွာစောင့်ကြည့်နေဖို့လိုပါတယ် .. တစ်ခါတစ်ခါ .. အကြောင်းအမျိုးမျိုးကြောင့် ... Default Allow ဖြစ်သွားတတ်တာတွေရှိပါတယ် .. အဲဒါဆိုရင် တော့ အနှောက်အယှက် ပေးနိုင်တဲ့ Network Traffic တွေရဲ့ရန်ကလည်း မကင်းနိုင်ပါဘူး.. ၀င်ရောက်ပြီး .. ဒုက္ခပေးသွားနိုင်ပါတယ် ...
Firewall ဘယ်နှစ်မျိုးရှိသလဲ..
ဘယ်နှစ်မျိုးရှိလဲဆိုတော့ လွယ်လွယ်ပြောရရင် ..၂ မျိုးဘဲရှိပါတယ် ..Software Firewall နဲ့ Hardware Firewall ပါ..
ဒါပေမဲ့ .. Firewall ကို အုပ်စု ၄ မျိုးခွဲထားပါတယ်.. ဒါတွေကတော့
1.       Free Firewall
2.       Desktop Firewall
3.       Software Firewall
4.       Hardware Firewall     တို့ပါဘဲ..
Free Firewall ဆိုသည်မှာ..
Free Firewall တွေဟာ Software များဖြစ်ကြပြီး များသောအားဖြင့် ၄င်းတို့ဟာ အလွယ်တကူ Setup လုပ်နိုင်ကြပါတယ် သူတို့တွေ ဟာ ကုမ္ပဏီအသေးလေးတွေကနေ အလယ်အလတ်တန်းအစား အထိအသုံးပြုနိုင်ကြပါတယ်.. Free Firewall တွေဟာများသောအားဖြင့် Desktop Firewall ပုံစံနဲ့လာတတ်ကြပါတယ်.. ၄င်းကို Personal Firewall လို့လည်း ခေါ်ပါတယ်..
Desktop Firewall ဆိုသည်မှာ..
ကွန်ပျူတာ တစ်လုံးတည်းအတွက် ကာကွယ်ဖို့ဘဲ အဲဒီကွန်ပျူတာရဲ့ OS မှာ Installed လုပ်ထားတဲ့ မည်သည့် Software ကိုမဆို Desktop Firewall လို့ခေါ်တာဖြစ်ပါတယ်.. Desktop Firewall ကိုလည်း Personal Firewall လို့လည်းခေါ်ပါတယ်.. ဒီ Desktop Firewall များ ဟာ Single Desktop Computer တွေအတွက်ဘဲ ဒီဇိုင်းလုပ်ထားတာကဖြစ်ပါတယ်.. ဒါပေမဲ့.. Single Firewall ကို Network Firewall နဲ့တွဲပြီး သုံးလို့ရပါတယ်.. အဲဒီလိုလုပ်လိုက်ခြင်းအားဖြင့် .. စွမ်းဆောင်ရည်ပိုမိုကောင်းမွန်လာပါတယ်.. Windows မှာပါလာတဲ့ Firewall ဟာ Basic Firewall ဖြစ်ပါတယ်.. အဲဒါကို တစ်ခြား သောDesktop Firewall များနဲ့ အစားထိုးပြီးလုပ်ခိုင်းနိုင်သလို Hardware Firewall များနဲ့ လည်းတွဲဖက် အလုပ်လုပ်ခိုင်းလို့ရပါတယ်..
Desktop Firewall တွေရဲ့အကျိုးကျေးဇူးများ
1.       Purchase version Desktop Firewall တွေဆိုရင် Virus Scanner များနှင့်တွဲဖက်လုပ်ဆောင်နိုင်ခြင်း..
2.       Hardware Firewall မဟုတ်တာကြောင့် .. ကြိုးများနှင့်တစ်ခြား Installation အပိုင်းများတွင်လွယ်ကူခြင်း
3.       နောက်ပြီး Portable Computer တွေမှာ(ဥပမာ-Laptop ) တွေမှာ Software Firewall တင်ထားလို့ရှိရင် ဘယ်နေရာကိုသွားပြီး
အင်တာနက်ချိတ်ချိတ် .. ကာကွယ်ပေးနိုင်ခြင်း စသည့်ဖြင့်.. လုပ်လည်းလုပ်ထားသင့်ပါတယ်..
Software Firewall ဆိုသည်မှာ..
ဒီ Software Firewall ဆိုတာ server OS တွေမှာ install လုပ်ရတဲ့ software package ဘဲဖြစ်ပါတယ်.. ဒီအမျိုးအစားကတော့ အလွန်ကို Secure ဖြစ်စေတဲ့ Firewall အမျိုးအစားဖြစ်ပါတယ်.. ဘာဖြစ်လို့လဲဆိုတော့ အဲဒီ OS ကနေပြီး ခွဲသုံးကြတဲ့ Client တွေကို ကာကွယ် ပေးနိုင်တဲ့ security နည်းပညာများပါရှိနေလို့ပါဘဲ.. ဒီ Firewall ကို Application Firewall အဖြစ်လဲအသုံးချလို့ရပါသေးတယ်.. ဆိုလိုတာက Web Application တွေ Email server တွေကို အကောင်းဆုံး ကာကွယ်ပေးနိုင်ပါတယ်.. ဒါပေမဲ့.. ဒီလိုကာကွယ်ပေးနိုင်စေဖို့ အရမ်းကို ရှူပ် ထွေးတဲ့ Network Traffic Filter များကိုသတ်မှတ်ပေးရပါတယ်.. နည်းနည်းတော့ configure လုပ်ရတာ ခက်တယ်ပေါ့..
Hardware Firewall ဆိုတာ ..
Hardware Firewall ဆိုတာ ပစ္စည်းတစ်ခုဖြစ်ပါတယ်.. အများအားဖြင့်တော့ Network Router တွေနဲ့တွဲပြီး Build in Firewall Function ပါလေ့ရှိကြပါတယ်.. Firewall Function ပါတဲ့ Router နဲ့ မပါတဲ့ Router ဟာစျေးနည်းနည်းဘဲကွာပါတယ်.. Firewall ပါတဲ့ဟာက ပိုကောင်း တာပေါ့ .. ဒီ Hardware Firewall များကို အရေအတွက်များပြားလှတဲ့ Network Traffic တွေကို ထိန်းချုပ်ကိုင်တွယ် နိုင်အောင် တီထွင် ထုတ် လုပ်ထားတာဖြစ်ပါတယ်..  Hardware Firewall များကို လုပ်ငန်းရဲ့ Boundry မှာထားလေ့ရှိပြီး အင်တာနက်ကနေ မလိုအပ်တဲ့ Traffic တွေကို ဖယ်ထုတ်ပြီး ကြိုတင်သတ်မှတ်ထားရှိတဲ့ Traffic များကိုဘဲ Internal Networking ထဲသို့ ၀င်ခွင့်ပေးတာပါ.. တစ်ခါတစ်ခါကျတော့ ဒီ Hardware Firewall များဟာ Software Firewall များနဲ့အတူတွဲပြီးလုပ်ရတာတွေလည်းရှိပါတယ်.. ဒီလိုသုံးရင် .. ပိုပြီး လုံခြုံသလို.. လုပ်ဆောင် ချက်များကိုလည်း ပိုမိုမြှင့်တင်ပေးနိုင်ပါတယ်..
OSI နှင့် TCP/IP Networking Models အကြောင်း
Firewall Types အကြောင်းတွေကို မပြောခင် ကြားဖြတ်ပြီး ပြောပြချင်သေးတာက OSI 7 layer နှင့် TCP/IP Network Models အကြောင်း တို့ပါဘဲ.. OSI ဟာ အလွွှာ(၇) ခုနဲ့ ဖွဲ့စည်းထားပြီးတော့ တစ်လွှာချင်းစီမှာ သက်ဆိုင်ရာ တာ၀န်ကိုယ်စီ ရှိကြပါတယ်..ကြုံလို့ OSI 7 Layer အကြောင်းအနည်းငယ်ပြောရရင်..
Ornagai ဘယ်က စ
အဲဒီ
http://www.mysteryzillion.org/forums/showthread.php/356-အင်္ဂလိပ်-မြန်မာ-အဘိဓါန်စတင်ခြင်း
post   က အခုထက်ထိ ရှိနေတုန်းပဲ။
အဲတုန်းက ပထမ အကြော့ ရိုက်ခဲ့တုန်းက လူတွေပေါ့
A sithu015 (Complete)
B thuthu (Complete)
C aTxIvG4001 (Progress...)
D Zulu , computer crazy (Complete)
E khunmk (Cmplete...)
F thuyaaung , Saturngod (Complte)
G aTxIvG4001(Complete)
H aTxIvG4001(Complete)
I Saturngod (Complete) , thuthu(ip to end Complete) , maxonline (infuriate to in end Complete)
J sthanm (Progress...)
K layong (Complete)
L layong (Pogress...)
M aTxIvG4001 (Complete)
N sawyannaing25 (Progress...)
O aTxIvG4001(complete)
P aTxIvG4001(Complete)
Q Saturngod (Complete)
R aTxIvG4001(Complete)
S aTxIvG4001(Complete)
T aTxIvG4001(complete)
U sithu015 + silvermoon (Complete)
V computer__crazy(complete)
W aTxIvG4001(Complete)
X computer__crazy(Complete)
Y Saturngod (Complete)
Z computer__crazy (Complete..)
အဲဒီ ပထမ အကြောင့် ပြီးုဖို့ ကျွန်တော်တို့၂ လ လောက် ရိုက်ခဲ့ရတယ်။
ပထမအကြောင့်မှာ  ကို Mark က EM1 MM Dictionary [http://em1.mmdictionary.com]   ဆိုပြီး ကူပြီး ရေးခဲ့ပေးတယ်။ MZ က  data တွေကို online မှာ ရှာလို့ရအောင်ပေါ့။ အဲတုန်းက ကျွန်တော်လည်း PHP  ကို စလေ့လာခါစဖြစ်သလို ajax ဆိုတာ ကို သိရုံလေးပဲသိပြီး  ကောင်းကောင်းမရေးတတ်တဲ့ အချိန်ပေါ့။ mmdictionary.com ကိုတော့ ကို ဒီဘီ  ဝယ်ပေးခဲ့တာ။ နောက်ပိုင်း Ornagai ပြောင်းသွားလို့ mmdictionary.com ကို  အသုံးမပြုလို့ သူ့ စေတနာကို စော်ကားပါတယ်ဆိုပြီး ကိုဒီဘီ နောက်သေးတယ်ဗျ။  အဲဒီတုန်းက ကိုဒီဘီက သူ့မဒီ လေး နာမည်စတဲ့ စာလုံးရိုက်မယ်ပြောခဲ့ပေမယ့်  မအားတာနဲ့ မရိုက်ပေးနိုင်ခဲ့ဘူး။ ဒါပေမယ့် သူ domain လှုမယ်ဆိုပြီး  လှုခဲ့ပါတယ်။ အဲဒီ ၂ လ အတွင်းမှာ ပို့သမျှ စာလုံးတွေကို ကျွန်တော်တို့ တွေ  စစ်ခဲ့ရတယ်။ စာလုံးပေါင်းတွေ စစ်ခဲ့သလို စာလုံးတွေကို babylon နဲ့ ညီအောင်  ညှိခဲ့ရတယ်။ စည်သူကော ကျွန်တော် ကော တော်တော်လေး အချိန်ပြည့် အဲဒီ  စာလုံးစစ်တာနဲ့ စာရိုက်တာကို လုပ်ခဲ့ရတယ်။ အဲဒီ အတောအတွင်းမှာ ကို computer  crazier ကနေ တဆင့် ပုဒ္ဒမ္မာက admin က ဆက်သွယ်လာတယ်။ သူလည်း dictionary  လုပ်နေတယ်။ သူမှာ English Myanmar Dictionary ( မြန်မစာ အဖွဲ့) က  ထုတ်ထားတာတွေ အားလုံး ဇော်ဂျီပြောင်းပြီး သားတွေ ရှိတယ်။ သူ အခု script  ရေးပြီး babylon အထဲကို ထည့်ဖို့ လုပ်နေတယ်လို့ ပြောတယ်။ ကျွန်တော်ကော  စည်သူကော က ကျွန်တော်တို့လိုချင်တာက English Myanmar Dictionary က  ပုံစံမျိုး မဟုတ်ဘူး။ လူတိုင်း လွယ်လွယ် အသုံးပြုလို့ရမယ့် Dictionary ။ ဒီ  စာလုံးအတွက် n , v ,adj , adv နဲ့ အဓိပ္ပာယ် ပါရမယ်။ နောက်ပြီး English   Myanmar မှာက adj, adv တွေ ရှာလို့ မရဘူး လို့ ပြောခဲ့တယ်။ အဲဒါနဲ့  ပုဒ္ဒမ္မာက dictionary ဆိုပြီး သီးသန့်ထွက်လာခဲ့ပါတယ်။ ကျွန်တော်တို့လည်း MZ  Dictioanry Alpha ဆိုပြီး ထုတ်ခဲ့တယ်။ Online မှာလည်း ရအောင် ကို Mark  အကူအညီ နဲ့ ဖန်တီးခဲ့တယ်။ MZ ပထမနှစ်ပတ်လည်တုန်းက ကို ငွေထွန်းပြောလို့  ဂျာမနီ မြန်မာ Dictionary လုပ်တဲ့ သူကို ဆက်သွယ်ခဲ့တယ်။ သို့ပေမယ့်  ဆက်သွယ်လို့ မရခဲ့ဘူး။
ကျွန်တော်တို့တွေ MZ Dictionary ဆိုပြီး  ထုတ်ခဲ့တယ်။ လူတိုင်းကို data တွေ ပေးခဲ့တယ်။ Babylon အတွက် ပေးခဲ့တယ်။  နောက်ပြီး Stardict ကိုလည်း အဲဒီတုန်းက ရှာတွေ့ခဲ့ပြီး Linux အတွက်ပါ  ရခဲ့တယ်။ Online အတွက် ကို Mark ရေးထားတဲ့ Dictionary sites လေးကို  အသုံးပြုခဲ့တယ်။ စာလုံးရေပေါင်း ၁ သောင်း ၄ ထောင် သာ ရှိခဲ့တယ်။  အဲဒီနောက်မှာ ညမီးအိမ်က တချို့စာလုံးတွေ လွယ်တဲ့ စာလုံးတွေ ရှာမတွေ့ဘူး။  နောက်ပြီးတော့ စာလုံးပေါင်းတွေ မှားနေတယ်လို့ ပြောတယ်။ သူ အဲဒီ စာလုံးတွေ  အကုန်ပြန်စစ်နေတယ်လို့ပြောပါတယ်။ အဲတုန်းက ကျွန်တော် ညမီးအိမ်ကို  ပြောလိုက်သေးတယ်။ dictionary ထဲက အတိုင်း ပုံတူ မကူးချနဲ့  တချို့စာလုံးလေးတွေကို ကိုယ့် ပုံစံနဲ့ ကိုယ် ဖြည့်လိုက်လို့ ပြောခဲ့တယ်။  အဲဒီ နောက် အဲဒီ project ကို ညီမီးအိမ်တာဝန် ယူပြီး ၇ လပိုင်း ၂၀၀၈ ခု  နှစ်မှာ ပြန်လည် အစဖော်ခဲ့တယ်။
ညမီးအိမ် စာလုံးတွေ စစ်နေတဲ့ အချိန်မှာ ဂျစ်စီ သူကူညီမယ်ဆိုပြီး thread
http://www.mysteryzillion.org/forums/showthread.php/1124-ဘယ်သူမှမစကြသေးလို့ပါ။
အသစ်နဲ့ ဖွင့်ပြီး MZ မှာ ပြောလာခဲ့ပါတယ်။ အဲဒါနဲ့ ညမီးအိမ် ဦးဆောင်ပြီး  လက်ရှိ data တွေကို စစ်တယ်။ ပြင်တယ်။ လိုတာ ထပ်ဖြည့် လုပ်လိုက်တာ အရင်ကထက်  ပိုပြည့်စုံသွားတယ်။ သို့ပေမယ့် အဲတုန်းက စာလုံးရေ ၂ သောင်း ကျော်ကျော် ပဲ  ရှိတယ်ထင်တယ်။
အဲဒီတုန်းက ရေးခဲ့တဲ့ သူတွေက
a - complete Gipsy(ပြည့်စုံ)
b - Update မစမ်းရေ
c - complete ညမီးအိမ်
d - ကို binary
e - complete ကိုရဲထက်
f - complete ကိုမိုးမြင့်ရှိန်း
g - complete Gipsy (ပြည့်စုံ)
h - ကိုတာယာ
i - complete မလေးလေး
j - complete မအွန်စော
k - ကို kzthet
l - available
m - ကိုရဲထက်
n - complete မနှင်းဆက်ပိုင်
o - မနှင်းဆက်ပိုင်
p - မနှင်းဆက်ပိုင်
q - ကိုတာယာ
r - complete ကို Orb.7
s - မအွန်စော
t - ကို MK杰
u - ကို MK杰
v - ကို MK杰
w - ကို MK杰
x - complete ညမီးအိမ်
y - complete ကို Orb.7
z - complete ကို Orb.7
ညမီးအိမ်ပေးတဲ့  data တွေ စုပြီး ကျွန်တော် babylon နဲ့ stardict တို့အတွက် ထုတ်ပေးခဲ့တယ်။  အဲဒီနောက်ပိုင်းမှာ ကျွန်တော်ကော စည်သူကော စဉ်းစားမိတာက data တွေ  ဒီလိုမျိုး ရိုက်ထည့်တာက data duplication ဖြစ်နိုင်တယ်။ နောက်ပြီး  တစ်ယောက်နဲ့ တစ်ယောက် လက်ဆင့် ကမ်းဖို့လည်း ခက်တယ်။ Online Dictionary data  add လို့ရမယ့် online dictionary လိုတယ်ဆိုပြီး လိုက်ရှာကြတယ်။ Joomla ,  Wordpress အပြင် အခြား dictionary တွေပါ ကျွန်တော်တို့တွေ စမ်းသပ်ခဲ့ကြတယ်။  တစ်ခုမှ အကြိုက်မတွေ့ခဲ့ဘူး။ အဲဒါနဲ့ ကျွန်တော် ကိုယ်တိုင် ရေးမယ်ဆိုပြီး  စရေးခဲ့ပြီး  ၂၁ ရက် ၂ လ ၂၀၀၉
http://www.mysteryzillion.org/forums/showthread.php/3128-Ornagai-Release-Now
မှာ Ornagai ဆိုပြီး Online ပေါ်စတင်ခဲ့တယ်။ အဲဒီမှာ စပြီး register လုပ်ကာ  data တွေကို ဖြည့်ခဲ့ကြတာပဲ။ ကျွန်တော်လည်း ပုံမှန် data တွေကို  ထုတ်ပေးနေခဲ့တယ်။ သို့ပေမယ့်လည်း ထည့်တဲ့သူတွေထက် ပေါက်ကရ စာလုံးတွေ  ဖြည့်တဲ့သူတွေက ပိုများလို့ ကျွန်တော် ဖျက်ရတာက ပိုများတယ်လို့  ဆိုရလိမ့်မယ်။
Ornagai data တွေက ညမီးအိမ်ပေးထားတဲ့ စာလုံးနှင့် ကျွန်တော် ရိုက်ထားသော စာလုံးတွေ ပေါင်းထားပြီး တင်ခဲ့ပါတယ်။
MZ Dictioanry ကို Mobile ဖုန်းပေါ်မှာ စမ်းကြည့်မယ်ဆိုပြီး ကိုသာသာ က java နဲ့ စခဲ့တယ်။ Mobile
http://www.mysteryzillion.org/forums/album.php?albumid=106&pictureid=477
ဖုန်းအတွက် ကိုသာသာ စတင်ရေးပြီး စမ်းသပ်နေတာက ၁ လပိုင်း ၂၀၀၉ ကတည်းကပါ။  သို့ပေမယ့် မြန်မာစာ မပေါ်လို့ release မလုပ်ပဲ ကိုသာသာ တစ်ယောက်တည်း  စမ်းသပ် ရေးသားနေခဲ့တယ်။ ကိုသာသာ Beta version ကိုရေးတာကတော့ ၂ ရက်လောက်  ပဲကြာပါတယ်။
http://www.youtube.com/watch?v=dLQdgyT3_4Q
ကိုသာသာ ရေးပြီးတဲ့ နောက်မှာ အဲဒီ version က ဘယ်ဖုန်းတွေမှာ ရတယ် မရဘူးဆိုတာကို သိဖို့အတွက် ထုံးစံအတိုင်း MZ မှာ ကြေငြာခဲ့ပါတယ်
http://www.mysteryzillion.org/forums/showthread.php/2822-Eng-to-Myanmar-dictionary-in-phone/page3
။  ဖုန်းရှိတဲ့သူတွေက စမ်းသွင်းပေးကြပြီး ဘယ်ဟာရတယ် မရဘူးဆိုပြီး  ပြောကြပါတယ်။ အဲဒီ နောက်ပိုင်းမှာ ကိုသာသာ Ornagai Mobile ဆိုပြီး  ထပ်ထုတ်ခဲ့ပါသေးတယ်။ Ornagai က Data တွေကို ထပ်ဖြည့်ပြီး MZ Mobile  Dictionary ကို Ornagai Mobile ဆိုပြီး နာမည်ပြောင်းထုတ်ခဲ့ပါတယ်။  နောက်ပြီးတော့ color တွေကိုလည်း Ornagai website ( ornagai website အဟောင်း  ) အရောင်နဲ့ တူအောင် ပြင်ခဲ့တယ်။
2009 ခုနှစ် ဇူလိုင် လမှာ English  Myanmar Translator ထွက်လာခဲ့ပါတယ်။ လူတော်တော်များများကလည်း  စမ်းသပ်ခဲ့ကြပါတယ်။ ကို လူပျိုကြီးက အထဲမှာ dictionary ပါတယ်။ Open ပဲတဲ့။  အဲဒီ အထဲမှာ စာအသစ်တွေ ရိုက်ထည့်ပြီး train ရင်မဆိုးဘူးဆိုလို့  စမ်းကြည့်ခဲ့ပါတယ်။ စမ်းကြည့်ရင်း တစ်ခု စဉ်းစားမိတာက အဲဒီ  dictionary ကို  Ornagai မှာ ပေါင်းလိုက်ရင် ပိုကောင်းသွားမယ်လို့ တွေးမိခဲ့တယ်။ ဒါနဲ့  သူ့ရဲ့ License ကို Website မှာက GPL လို့ ရေးထားတယ်။ အဲဒီတော့ Ornagai  အတွက်လည်း အဆင်ပြေတယ်။ Ornagai ကလည်း data တွေကို ပြန်ထုတ်ပေးနေပါတယ်။  နောက်ဆိုရင် Ornagai website ကို Opensource ပေးမှာပဲ လို့ စဉ်းစားမိပြီး  ပေါင်းဖို့ ဆုံးဖြတ်ခဲ့တယ်။
ပေါင်းဖို့ ဆုံးဖြတ်ရတာ လွယ်ပေမယ့်  Access က data ကို MySQL နဲ့ ဘယ်လိုပေါင်းမလဲ။ Access က Unicode ။ MySQL က  ဇော်ဂျီ သုံးထားတာ။ ဘယ်လို ပေါင်းမလဲ။ အဲဒီအတွက် ကျွန်တော် ကိုယ့်ဘာသာ  ကိုယ် script ရေးပြီး အချိန်တော်တော်ကြာ အကုန်ခံခဲ့လိုက်ပြီး  ပေါင်းဖြစ်သွားပါတယ်။ ကျွန်တော် data အကုန် မယူပါဘူး။ စာလုံး မထည့်ခင်  Ornagai မှာ ရှိမရှိ အရင်ရှာတယ်။ မရှိမှ အဲဒီ စာလုံးကို ဖြည့်လိုက်တာပါ။  ဖြည့်ပြီးနောက်ပိုင်းမှာတော့ ၂ သောင်း ၄ ထောင် ကျော် စာလုံးက ၃ သောင်း  နီးပါး ရောက်သွားပါတယ်။
ကို mark က ဇော်ဂျီ ၂၀၀၉ ကို ဖန်တီးရင်းနဲ့  wxpydict ကိုပါရေးခဲ့တယ်။ အဲဒီ wxpydict မှာ ornagai က data တွေကို  သုံးမယ်ဆိုလို့ ခွင့်ပြုခဲ့တယ်။ Ornagai က data တွေနဲ့ en2mm gtalk bot  ကိုလည်း ကိုအောင်ကျော်ထက် စတင်ခဲ့တယ်။ အခုအချိန်အထိ data အသစ်ထုတ်တိုင်း  ကျွန်တော် ကိုအောင်ကျော်ထက် ကို data အသစ်ထွက်ပြီဆိုတဲ့ အကြောင်း mail  ပို့ခဲ့တယ်။ en2mm နဲ့ Orngai ပေါင်းပြီး ကျွန်တော်တို့ sync လုပ်ဖို့အတွက်  ကိုအောင်ကျော်ထက်နဲ့ ဆွေးနွေးခဲ့ဘူးတယ်။ ဆွေးနွေးပြီးပေမယ့် လက်ရှိ အထိ  အကောင်အထည် မဖော်ဖြစ်သေးဘူး။ နောက်ပိုင်း ကျွန်တော် Ornagai နဲ့ en2mm sync  လုပ်လို့ရအောင် ဖန်တီးဖို့ အစီအစဉ်ရှိတယ်။ gtalk ကနေ လည်း ornagai အတွက်  စာလုံးအသစ်တွေ add လို့ရအောင်ပေါ့။ အဲလိုလေး စဉ်းစားထားပေမယ့် မအားတာနဲ့  မလုပ်ဖြစ်ဘူး။ Ornagai V2 ကို ၂၀၀၉ နိုဝင်ဘာလမှာ စပြီး release လုပ်ခဲ့တယ်။  CodeIgniter နဲ့ ရေးပြီး Opensource ပေးခဲ့တယ်။ source ကို github (http://github.com/saturngod/ornagai-V2/) မှာ ပေးခဲ့တယ်။
Ornagai  Mobile ထွက်တာ တော်တော်ကြာပြီးနောက်ပိုင်း ကိုကိုရဲ က ဝိဇ္ဇာ ရေးတဲ့ Seth  နဲ့ gtalk မှာ စကားပြောရင်း Seth က ကောင်းကောင်း တတ်တာ java ပဲလို့ပြောတယ်။  ဒါနဲ့ java ကိုကိုရဲကလည်း Ornagai Mobile ကို ပြန်ရေးပါလား။ source  တွေလည်း ရှိတယ်။ Opensource ပဲ။ ပြန်ပြင် ပြီး အသစ်ရေးပါလား လို့  ပြောလိုက်တော့ Seth က စိတ်ဝင်စားပြီး ကျွန်တော့်ကို ဆက်သွယ်လာတယ်။ ဒါနဲ့  ကျွန်တော် ကိုသာသာ နဲ့ ချိတ်ပေးလိုက်တယ်။ ကိုသာသာ နဲ့ Seth ဆွေးနွေးပြီးနဲ့  Seth က Ornagai Mobile ကို ပြန်ပြင်ခဲ့တယ်။ ၁၀ လပိုင်း ၂၀၁၀ မှာ Ornagai V2 Rc
http://www.mysteryzillion.org/forums/showthread.php/6231-Ornagai-Mobile-Version-2-RC2
ကို စထုတ်ခဲ့တယ်။ ကို ရဲမြတ်သူ ကလည်း သူ့ ပါဋ္ဌိ အဘိဓ္ဓာန်မှာ Ornagai  ထည့်ခွင့် ခွင့်တောင်းလာလို့ ကျွန်တော် ခွင့်ပြုခဲ့တယ်။ Ornagai ကို  ကျွန်တော် အပေါ်မှာ ပြောခဲ့သလို Data က GPL ပါပဲ။ ကျွန်တော်တို့ data  အချို့ကို GPL License ကနေ ရယူခဲ့တာဖြစ်သလို Ornagai Data တွေကို ကျွန်တော်  မပိုင်ဘူး။ Ornagai data ကို အသုံးပြုပြီး ကိုယ်ပိုင် Dictionary  ဖန်တီးခွင့်ရှိတယ်။ ဒါပေမယ့် Data တွေ အသစ်ထည့်ခဲ့ရင်တော့ ပြန်ဝေမျှ  ပေးဖို့တော့ လိုတယ်။
April လ ၂၀၁၀ မှာ Ornagai (http://ornagai.pbworks.com/) ကို API ထုတ်ပေးခဲ့တယ်။ သို့ပေမယ့် Alpha version ပါပဲ။ ပုံမှန် Ornagai ရဲ့ Data တွေကို Github (http://github.com/saturngod/ornagai-V2/downloads)  မှာ ၁ လ ၁ ခါ တင်ပေးနေတယ်။ ဒါပေမယ့် အခုတလော MZ 2.0 ကို အားစိုက်နေလို့  ဒီလ မတင်ပေးနိုင်သေးဘူး။ Ornagai data ကို အသုံးပြုပြီး အချို့တွေက  dictionary
http://www.mysteryzillion.org/forums/showthread.php/8385-English-Myanmar-Dictionary-using-ornagai-db
ရေးကြတယ်။ အချို့တွေက စမ်းသပ်ကြတယ်။ အချို့တွေက သူတို့ရဲ့ website မှာ  ထည့်သွင်းကြတယ်။ Ornagai ကို အသုံးပြုနေတဲ့သူတွေ အများကြီးပါ။  ကျွန်တော်လည်း PhoneGap နဲ့ စမ်းရေးပြီး Android
http://www.saturngod.net/news/ornagai-android-app
အတွက် ထုတ်ပေးဖူးတယ်။ အခုတော့ Native Application ဖြစ်တဲ့ Myandrioid
http://www.myanmartutorials.com/mm-tutorials/release/dictionary/myandroid-dictionary/
ထွက်လာပါပြီ။
Ornagai  ကို Stardict data အသုံးပြုပြီး wedict နဲ့ ပေါင်းကာ iPhone မှာ  အသုံးပြုလို့ရအောင် ဖန်တီးပေးခဲ့တယ်။ သို့ပေမယ့် wedict က မြန်မာစာ  မပေါ်ဘူး။ Jailbreak လုပ်ထားတဲ့ သူတွေသာ အသုံးပြုနိုင်မယ်။ Jailbreak  မလုပ်ချင်တဲ့သူတွေက Ornagai ကို iPhone မှာ မရဘူးလားဆိုလို့ web app  ရေးပေးခဲ့တယ်။ Web App ကလည်း Offline ဖြစ်နေရင် မရဘူး။ နောက်ပြီး 3G နဲ့  ဆို အရမ်းနှေးတယ်ဆိုလို့ iPhone application ရေးဖို့ ဖြစ်လာခဲ့တာပဲ။ iPhone  Application ဖြစ်တဲ့အတွက် ကျွန်တော် free မပေးနိုင်တော့ဘူး။ $99/year  ဆိုပြီး Apple ကို Developer ဖိုး ပေးဆောင်ရတော့မယ်။ တနည်းပြောရင်  ကျွန်တော် Ornagai iPhone ကို ရောင်းရင် $99 တောင် အရင်းကျေပါ့မလားဆိုပြီး  စဉ်းစားမိတယ်။ ဘာပဲ ဖြစ်ဖြစ် မမြတ်ရင်တောင် အရင်းကျေအောင် လုပ်မယ်ဆိုပြီး  Ornagai iPhone ကို ရအောင် ရေးပြီး iTune App store
http://itunes.apple.com/us/app/ornagai/id376579933?mt=8
မှာ တင်ခဲ့တယ်။
$99  ရဖို့ အတွက် ဒီအတိုင်း ငုတ်တုတ်ထိုင်ရင် ရမှာ မဟုတ်ဘူးဆိုပြီး ကျွန်တော်  Marketing တွေ လုပ်ခဲ့တယ်။ အပေါင်းအသင်းတွေကို အတင်းဝယ်ခိုင်းခဲ့တယ်။ $99  ရဖို့ မသေချာပေမယ့် iTunes Store မှာ ရောင်းလို့ရတဲ့ အနည်းဆုံး စျေးဖြစ်တဲ့  $0.99 နဲ့ ရောင်းခဲ့တယ်။ ကျွန်တော် $99 ရအောင် ကြိုးစားရမယ်ဆိုပြီး  နည်းလမ်းတွေ စဉ်းစားခဲ့ရတယ်။ အထူးသဖြင့် Facebook က Ornagai iPhone အတွက်  အဓိက marketing နေရာကြီး ဖြစ်ခဲ့တယ်။ အဲဒီနောက်မှာတော့ $99 ကို ကျွန်တော် ၁  လ ကျော် အတွင်း ရခဲ့တယ်။ အဲ.. သို့ပေမယ့် ပိုက်ဆံက ထုတ်လို့က မရခဲ့ဘူး။  $150 ရမှ ထုတ်လို့ ရမှာဆိုပြီး Apple က ရေးသားဖော်ပြထားတယ်။ သို့ပေမယ့်  အရင်းတော့ ကျေပြီ နောက်နှစ် ဆက်ရပ်တည်ဖို့ လိုအပ်တယ်။ နောက်ပြီး   ornagai.com အတွက် server ဖိုးတွေလည်း လိုအပ်တယ်ဆိုပြီး ကျွန်တော်  ရှေ့ဆက်ဖို့ပဲဆုံးဖြတ်ထားတယ်။
အဲဒီအချိန်မှာ ထူးတေဇာ က သူ Ornagai  App ကို 5 ခုလောက် မဲဖောက်ပေးချင်တယ်လို့ ဆိုလာတယ်။ ကူညီပေးနိုင်မလားလို့  မေးလာတယ်။ အဲဒီ မတိုင်ခင်က ကျွန်တော် Promo code ၅ ခု ထုတ်ပြီး Ornagai  Facebook Fan Site မှာ တင်ထားပေးခဲ့ပါတယ်။ အဲဒါကြောင့် ထူးတေဇာက နောက်ထပ်  သီးသန့် ၅ ခုထုတ်ပေးလို့မရလားဆိုပြီး request လုပ်လာတာနဲ့ ရတာပေါ့ ဆိုပြီး  ထုတ်ပေးခဲ့တယ်။ သို့ပေမယ့် ထူးတေဇာ blog ကို မြန်မာနိုင်ငံက ပိတ်ထားတာရယ်  connection မကောင်းတာရယ် သူ video အတွက် ပြင်ဆင်နေတာနဲ့ တော်တော် နဲ့  မတက်လာဘူး။ ဒါနဲ့ ကိုပီဇီ နဲ့ တွေ့တော့ သူ့ကို မေးတယ်။ Ornagai ၅ ခုပေးမယ်။  အစ်ကို မဲဖောက်ပေးချင်လားဆိုပြီးမေးလိုက်တယ်။ အဲဒီ idea က ထူးတေဇာ idea  ပါ။ ကျွန်တော့်အနေနဲ့ Myanmar Tutorial promotion ကော ကျွန်တော့် Ornagai  promotion အပြင် ရသွားတဲ့သူတွေလည်း ပျော်သွားအောင်ပေါ့။ အဲဒီ promo code က  အခု  50 ပဲ ထုတ်လို့ရတယ်။ ထုတ်ပြီး ရက် ၉၀ အတွင်း သုံး၇တယ်။ ဒါကြောင့်  အများကြီး ထုတ်လို့ မရသလို ကြိုထုတ် လို့လည်း မရဘူး။
Core i Series Processor တွေအကြောင်း
-         - ၂၀၀၀ ခုနှစ်လောက်မှာ P3 370 pin တွေခေတ် စကုန်ပြီး P4 478 Pin တွေခေတ်စလာပါတယ်။
-         - ၂၀၀၄ လောက်မှာ 478 pin တွေဇာတ်သိမ်းပြီး 775 pin series တွေ စထွက်လာပါတယ်။ P4 နောက်ပိုင်း Series တွေ၊ Pentium D အမျိုးအစားတွေ၊ နောက်ပိုင်းထွက်လာတဲ့ Duocore, Core2Duo, Core2Quard စတာတွေပေါ်လာပါတယ်။
-         - ၂၀၀၈ ခုနှစ်လောက်မှာတော့ Core i7 Processor တွေပေါ်လာပါတယ်။ 1366 pin တွေနဲ့ပေါ့။
--         ၂၀၁၂ ဘာ Processor တွေထွက်လာဦးမလဲ вЂ¦ ဘယ်လောက်များ အစွမ်းထက်လာဦးမလဲ вЂ¦. ?
သေချာတာကတော့ вЂ¦ Processor Series တွေပြောင်းလာတာနဲ့တူ Motherboard တွေပါ အသစ် အသစ်တွေပြောင်းသုံးလာခဲ့ရတာပါပဲ။
Content is a King but
Beginners have same design
အခုမှ html website စလုပ်တဲ့သူတွေမှာ တူညီတဲ့ design ရှိတယ်။ အထူးသဖြင့် css မလေ့လာပဲ HTML စရေးတဲ့ Beginner တွေပေါ့။ Layout တစ်ခုလုံး ဆောက်ဖို့အတွက် Table ကို အဓိက သုံးတယ်။ နောက်ပြီး nested table တွေ သုံးတယ်။ CSS div သုံးထားတဲ့ layout နဲ့ table သုံးထားတဲ့ layout ယှဉ်ကြည့်ပါ။
[HTML]
This is col1
This is col2
[/HTML]
[HTML]
Col1Col2
[/HTML]
အဲဒီ code ၂ ခုယှဉ်ကြည့်လိုက်ရင် css နဲ့ ရေးထားတာက ရှင်းရှင်းလေးပါပဲ။ နောက်ပြီး 2 column , 2 rows အတွက် div ၄ ခုနဲ့ CSS ကို ပေါင်းသုံးလိုက်ရုံပဲ။ Table မှာဆိုရင်တော့ နောက်ထပ် tr တစ်ခုထပ်ဖြည့်ရမယ်။ 2 col, 2 rows ကနေ 4 cols ပြောင်းမယ်ဆိုရင် html div ကို ပြင်စရာမလိုပဲ CSS ကို ပြင်လိုက်တာနဲ့ရတယ်။ table ဆိုရင်တော့ tr , td တွေ ပြန်ပြင်ရတာတွေ ရှိတယ်။
Clock , cursor ? နောက်တစ်ခုက မျက်စိနောက်စရာတွေ ပါတာပဲ။ စပြီး လေ့လာကာစလူတွေ နာရီတွေ ထည့်တယ်။ နောက်ပြီး mouse cursor နောက်မှာ စာတွေ လိုက်တာတွေ ထည့်တယ်။ အရမ်းကို မျက်စိနောက်တဲ့ အရာတွေပဲ။ တချက်စဉ်းစားကြည့်ရအောင်။ ဘာလို့ နာရီထည့်ဖို့လိုအပ်လဲ ? တကယ်ကော လိုအပ်ရဲ့လား။ ကျွန်တော့် အထင်တော့ သိပ်မလိုအပ်ဘူး။ နာရီတွေက တစ်နိုင်ငံ နဲ့ တစ်နိုင်ငံ အချိန် ကွာခြားချက်တွေ ပြတာကလွဲလို့ အလကားနေရင်း website ထဲမှာ ထည့်ဖို့ မလိုဘူးထင်တယ်။ ထည့်လိုက်တော့ လှသွားလားဆိုတော့ အဲလောက်ထိ မထူးခြားပါဘူး။ နောက်ပြီး site တက်တာ loading ပိုလေးသွားစေတယ်ဆိုတာကို သတိပြုသင့်တယ်။ pointer နောက်မှာ စာတွေ လိုက်ဖို့က ဘာတွေ အသုံးဝင်လဲတော့ မသိ။ ကျွန်တော့်အတွက်တော့ မျက်စိနောက်တာပဲလို့ ထင်တာပဲ။
Color ? နောက်တချက်က Color ပဲ။ တချို့ blog တွေက စာဖတ်ချင်ပေမယ့် ကြာကြာမဖတ်နိုင်ဘူး။ ဘာလို့လည်းဆိုတော့ အမည်းပေါ်မှာ အစိမ်းတွေနဲ့ ရေးထားတယ်။ ကြာကြာဖတ်ရင်း လူက မူးလာတယ်။ အဲလိုအခါတွေမှာ စာတွေကို copy paste လုပ်ပြီး ကြည့်ရတာ။ website မှာ အဆင်မပြေဘူးပေါ့။ hacker site တွေက အမည်းရောင်ပေါ်မှာ အစိမ်းရောင် အနီရောင်စာတွေနဲ့ ရေးထားတယ်။ တော်တော်လေးကို ဖတ်ရခက်တာ။ မြန်မာ hacker site အချို့လည်း ရောက်ဖူးတယ်။ အမည်းရောင်ပေါ်မှာ အစိမ်းရောင်စာလုံးတွေနဲ့ ။ စာဖတ်ရတာ မျက်စိ တော်တော်နောက်တယ်လို့ ဆိုရမယ်။
Animation GIF ? နောက်ပြီးရှိသေးတယ်။ gif တွေ ပြွတ်သိပ်ထည့်တာပဲ။ မလိုအပ်ပဲ gif တွေ ထည့်ထားတော့ တော်တော် မျက်စိနောက်တယ်။ အဲ.. background မှာလည်း gif တွေ ဖတ်ထားတော့ ရေးထားတဲ့ စာလုံးစီကို မျက်စိက မရောက်တော့ပဲ လှုပ်ရှားနေတဲ့ gif ပုံတွေဆီပဲ မျက်စိရောက်သွားတယ်။ sidebar တွေမှာ gif တွေ အများကြီးထည့်ထားတာတောင် တွေ့ဖူးသေးတယ်။ sidbar မှာ gif တွေ အများကြီးထည့်ဖို့ မလိုအပ်ဘူးလို့ထင်တယ်။
counter ? counter ဆိုတာက ကိုယ့် website ကို လူဘယ်လောက်ကြည့်လဲဆိုတာကို သိအောင် ထည့်ထားတာပါ။ ဒါပေမယ့် အဲဒါက page view ကို ပြတာ။ ကိုယ် refresh ၅ ခါ ချလိုက်ရင် counter က ၅ ခု တက်သွားမှာပဲ။ Page View ကိုပဲ ပြနိုင်တာ။ visitor ကို မပြနိုင်ဘူးဗျ။ အဲဒီအတွက် Google Analystic ကို သုံးတာ ပိုကောင်းတယ်။ ကိုယ့် site လူဘယ်လောက် ဝင်လဲဆိုတာထက် RSS ဘယ်နှစ်ခု subscribe လုပ်ထားလဲဆိုတာ ပြထားတာက ပိုကောင်းပါတယ်။ RSS အတွက် feedburner ကို သုံးတာ အကောင်းဆုံးပဲ။ မလိုအပ်ရင် counter မထည့်တာ အကောင်းဆုံးပဲ။ မျက်စိရှုပ်တယ်။ counter အများစုက site ရဲ့ design နဲ့ ကိုက်ဖို့ ခက်တယ်။
အဲဒီအပေါ်က အချက်တွေက html လေ့လာပြီးလို့ လုပ်တဲ့လူတော်တော်များများမှာ အဲဒီ အချက်ကို တွေ့ရတယ်။ စပြီးလေ့လာကာစလူတွေက ကိုယ့် site ကို အရမ်းလှချင်ကြတယ်။ နောက်ပြီး တွေ့တဲ့လူတွေက ဟာ … ခနဲ ဖြစ်သွားတာမျိုးလိုချင်ကြတယ်။ အဲဒီတော့ မပြင်တတ် ပြင်တတ်နဲ့ အလှဆုံးဖြစ်အောင် အရမ်းကို ပြင်ကြတယ်။ ဘာနဲ့သွားတူလဲဆိုတော့ အရမ်းလှချင်တဲ့ မိန်းကလေးတွေ နဲ့ သွားတူတယ်။ အလှအပ ပြင်ဖို့လည်း သေချာမလေ့လာထားပဲ အရမ်းအလှပြင်လိုက်တော့ နှုတ်ခမ်းနီက နီရဲရဲ… ပါးက နီရဲရဲ မျက်လုံးက မည်းမည်းကြီးတွေနဲ့ .. နောက်ဆုံး ဘာပုံထွက်သွားလဲဆိုတာ စဉ်းစားကြည့်ပေါ့။
ဘာတွေ လိုအပ်လဲ။
Webdeveloper ပဲ လုပ်ချင်ချင် Web Designer ပဲ လုပ်ချင်ချင် web basic ပိုင်းဖြစ်တဲ့ HTML , CSS , Javascript , jQuery တို့ကို တော့ လေ့လာရမှာပဲ။ HTML တစ်ခုတည်းနဲ့ မပြည့်စုံဘူး။ CSS တစ်ခုတတ်ရုံနဲ့ မပြည့်စုံဘူး။ web တစ်ခုလုံးရဲ့ အခြေခံဖြစ်တဲ့ HTML + CSS ကိုတော့ မဖြစ်မနေ တတ်ရမယ်။ ပြီးရင် javscript နဲ့ jquery တတ်ထားရင် အကောင်းဆုံးပဲ။
နောက်ပြီး website တွေ များများကြည့်ဖို့လိုတယ်။ အဲလို design တွေဖြစ်သွားတာ စိတ်ပျက်စရာမဟုတ်ဘူး။ အခြေခံ စတဲ့လူတိုင်း ဖြတ်ကျော်ခဲ့ရတဲ့ အဆင့်တွေပဲ။ နောက်ပြီး မြန်မာနိုင်ငံမှာ HTML + CSS စတာတွေကို သင်တန်းမှာ တတ်ထားပြီး website တွေ အများကြီး မကြည့်ဖူးတဲ့လူတွေ အများကြီးပဲ။ အများစုက မြန်မာ blog , forum လောက်ပဲ ဖတ်ဖူးကြတဲ့သူတွေ။ website နဲ့ ပတ်သတ်ရင် ဖတ်သင့်တဲ့ http://www.smashingmagazine.com/ တို့ နောက်ပြီး website gallery တွေစုထားတာတွေကို လိုက်မကြည့်ဖူးလို့ပါ။ အဲဒါကို တွေးမိတော့ လူပျိုကြီး ပြောတာ သွားသတိရတယ်။ ဂျပန်ကား တစ်ခုပါပဲ။ မင်းသားက သိုင်းသင်ပြီး သိုင်းကျင့်တာကျင့်နေတာ သူ့skill ဘယ်လောက်ရှိတယ်ဆိုတာ သူမသိဘူး။ တနေ့ လာစိန်ခေါ်တဲ့ လူနဲ့ တွေ့တော့ ကိုင်ပေါက်လိုက်တာ ဟိုလူက တစ်ခါတည်း သေသွားရောတဲ့။ အဲဒါနဲ့ မင်းသား စိတ်ဓာတ်ကျ ဝမ်းနည်းပြီး သင်တန်းကနေ ထွက်သွားတာရော။ ဒါက ဇာတ်လမ်းရဲ့တစ်ပိုင်းပါ။ website ပိုင်းမှာတော့ အိမ်မှာ ငုတ်တုတ်ထိုင်။ HTML + CSS ရေးနေရုံနဲ့ website ကြီးက လှလာမှာ လန်ပြန်ထွက်လာမှာမဟုတ်ဘူး။ သိုင်းမှာကတော့ အလေ့အကျင့်များဖို့လိုတယ်။ နောက်ပြီး ပြင်ပ ဗဟုသုတက ဘဝအတွက် အရေးပါတယ်ဆိုတာ အဲဒီ ဇာတ်လမ်းလေးမှာ ပြသွားတယ်။ လူဆိုတာ ကိုယ့် skill ကိုယ် သိအောင် အမြဲ ကြိုးစားသင့်တယ် ဆိုတာလေးကိုလည်း ပြသွားတယ်။ Beginner တော်တော်များများက skill မသိဘူး။ နောက်ပြီး ဘာတွေ ထပ်လေ့လာရမလဲဆိုတာ မသိဘူး။ နောက်ပြီး website တွေ မကြည့်ဖြစ်ဘူး။ အဲဒီတော့ ဒီ design တွေထဲကနေ မထွက်နိုင်ဘူးဖြစ်တတ်တယ်။
အပေါင်းအသင်းတွေထဲမှာ ကိုယ်ဘယ်လောက်ကြီးပဲ HTML + CSS တွေ ကျွမ်းနေပါစေ။ website တွေ များများကြည့်လိုက်ပါ။ http://www.smashingmagazine.com/ မှာ သူပြောထားတဲ့ site တွေကို ကြည့်လိုက်ပါ။ အဲဒါဆိုရင် ကိုယ် ဘယ်လောက် လိုအပ်လဲဆိုတာကို သဘောပေါက်သွားမယ်။ ကိုယ်က web design ဝါသနာမပါရင် အဲလောက်ကြီး ကောင်းဖို့ မလိုပါဘူး။ ဒါပေမယ့် ဘာတွေကို သုံးသင့် မသုံးသင့်ဆိုတာ နားလည်လာလိမ့်မယ်။
Color Pattern
နည်းနည်းပါးပါး သိပြီး ကိုယ့်ကိုယ် တတ်ပြီလို့ ထင်တဲ့ သင်တန်းဆင်းတွေ အပေါ်ကလို အချက်တွေမတွေ့ရပေမယ့် Color Pattern တွေ လွဲနေတာတွေ တွေ့ရတယ်။ တနည်းပြောရင် အရောင်မအပ်စပ်ဘူးပေါ့။ အဲဒီပိုင်းကိုတော့ ကျွန်တော်လည်း သေသေချာချာ မပြောတတ်ဘူး။ ကျွန်တော်က designer မဟုတ်ဘူး။ ဒါပေမယ့် အချို့ သင်တန်းပြီးခါစ လူတွေ ဆွဲထားတဲ့ site တွေဟာ မျက်စိနောက်တာတွေ ဘာတွေ မဖြစ်ပေမယ့် color တွေက မအပ်စပ်ဘူးဆိုတာ သိသာတယ်။ Color Theory က တကယ်လို အပ်တဲ့ အရာပါ။ ကျွန်တော်လည်း ကောင်းကောင်းမသိလို့ ဖြစ်နိုင်ရင် adobe kular လိုမျိုး site တွေကနေ color pattern ယူပြီး အဲဒီ pattern နဲ့ ပဲ သုံးတာ များပါတယ်။
Some Alternative Operating Systems
[ATTACH=CONFIG]987[/ATTACH]
Operating System မရှိဘဲ ဘယ်ကွန်ပျူတာကိုမှ တိုက်ရိုက်အသုံးပြုလို့မရဘူးဆိုတာ အားလုံးသိကြမှာပါ။
ကွန်ပျူတာတစ်လုံးကို ခလုပ်ဖွင့်လိုက်တာနဲ့ မားသားဘုတ်ပေါ်မှာပါတဲ့ BIOS(Basic Input Output System)က POS လို့ခေါ်တဲ့ Power On Selftest တွေကို တစ်ခုပြီးတစ်ခုလုပ်သွားတယ်...
အားလုံး အိုကေတယ်ဆိုတာနဲ့ CMOS Setup ထဲမှာ  setting လုပ်ထားတဲ့အတိုင်း OS ရှိနေတဲ့ boot disk ရဲ့ boot sector က data တွေကိုဆက်ဖတ်တော့တာပါပဲ။
အဲဒီမှာ BIOS ရဲ့ တာ၀န်ကို  OS ကလက်လွှဲယူလိုက်ပါပြီ။ နောက်ပိုင်းကိစ္စ အ၀၀တွေကိုလဲ သူကပဲ ဆက်တာ၀န်ယူသွားလိုက်တာဟာ ကွန်ပျူတာခလုပ်ကို မပိတ်မချင်းအထိပဲဆိုပါတော့။
ဟုတ်ပြီ...။ ဒီတော့ကာ လောလောဆယ် သုံးနေကြတဲ့ OS တွေအနက် personal computer တွေပေါ်မှာလူသုံးအများဆုံး OSတွေကတော့ သုံးမျိုးပဲရှိပါတယ်။
၁။ Microsoft Windows
၂။ Apple ရဲ့ Mac OS
၃။ Linux
[ATTACH=CONFIG]988[/ATTACH]
[ATTACH=CONFIG]989[/ATTACH]
ဒီလောက်ပါပဲ။ ပုံကိုကြည့်ပါ...။
ဘယ်  OS ဟာ လူသုံးအများဆုံးလဲဆိုတာကို တွေ့ကြပါလိမ့်မယ်။
နာမည်ကျော် ၀င်းဒိုးစ်ပဲပေါ့။ ဒုတိယလိုက်တာက Mac OS ဖြစ်နေပါတယ်။ ကျွန်တော်တောင် မထင်မိဘူး။ Linux က ဒုတိယလိုက်မယ်ထင်ထားတာ။
ခုတော့ကာ Linux ကိုသုံးတဲ့သူတွေဟာ ၁% ပဲရှိနေတာကိုတွေ့ရပါတယ်။ ဘီလ်ဂိတ်ကြီး ၀င်ငွေတွေကောင်းနေတာဟာ သိပ်ပြီးဆန်းလှတယ်မဟုတ်ဘူးပေါ့နော်...။
အဲဒီဇယားမှာပဲဆက်ကြည့်လိုက်ကြပါဦး...။
iPhone OS ကို ခဏဘေးဖယ်ထားလိုက်မယ်။
ခုပြောနေတဲ့ personal computer OS ထဲမှာ အကျုံးမ၀င်ဘူးလေ။
ဒီတော့က ဘာကျန်နေသေးလဲဆိုတော့ .... Other OS ဆိုတာကျန်မယ်။
သူကလဲ ၁% ရှိတယ်။ အများသုံးနေကျမဟုတ်တဲ့ တစ်ခြား OS တွေကိုသုံးနေကြတဲ့သူတွေဟာလဲ ၁% ရှိနေတယ်နော်။
ကျွန်တော်ပြောမယ့်အကြောင်းအရာနဲ့ အတော်နီးလာပါပြီ။
Alternative OS ဆိုတာဟာ မြန်မာလိုဆီလျော်အောင်ပြောမယ်ဆိုရင် вЂњအခြားရွေးချယ်စရာ OS တွေвЂќလို့ဆိုနိုင်ပါတယ်။
ဟုတ်ပြီ...။
ဘာကြောင့်များ အများသူငါသုံးနေကြတာတွေကို မသုံးချင်ရတာလဲ လို့ မေးစရာရှိလာမယ်။
ကျွန်တော့်ရဲ့ ပင်ကိုယ်သဘောအရတော့ အများသုံးနေကြတာနဲ့ မတူတာလေးတွေကို သုံးချင်တဲ့သဘောရှိတယ်ဗျ။
ဒီစိတ်ဟာ ဘယ်ကစလဲဆိုတော့... ပရိုဂရမ်းမင်းကို လေ့လာမိတာက စတာပဲ။
ကိုယ်တိုင် ပရိုဂရမ်ရေးတတ်လာတဲ့အခါ သူများရေးထားတဲ့ ပရိုဂရမ်တွေ၊ ဆော့ဖ်၀ဲတွေကို မသုံးချင်တော့ဘူး။
သူတောင် ရေးတတ်သေးတာပဲ... ငါလဲ ကိုယ့်ဟာကိုယ်ရေးပြီး ကိုယ့်ပရိုဂရမ်နဲ့ ကိုယ်ပဲသုံးမယ်ဆိုတဲ့ စိတ်က ၀င်လာတယ်။
ကိုယ်မနိုင်တဲ့... ကိုယ်တစ်ယောက်တည်း ရေးလို့မဖြစ်နိုင်တဲ့ ဆော့ဖ်၀ဲကြီးတွေကိုတော့ ပုန်ကန်လို့မရဘူး။ (လူ့စိတ်များ လယ်လိုက်တာနော်)
သာမန် command shell ပရိုဂရမ်တွေကတော့  ကိုယ့်ဖာသာကိုယ်ပဲ ရေးပြီးသုံးလေ့ရှိလာပါတယ်။
ပရိုဂရမ်မာ အတော်များများမှာလဲ ဒီလိုသဘောမျိုးပဲ ရှိကြတာကိုတွေ့ရပါတယ်။
open source တစ်ခုခုကို ယူသုံးရင်တောင် ကိုယ့်တတ်နိုင်သလောက်တော့ ကိုယ်နဲ့အဆင်ပြေအောင် ပြင်လိုက်တာပဲ။
ကြာလာတော့ကာ... ကိုယ်ပိုင် programming language တောင်လုပ်ချင်စိတ်ပေါ်လာတယ်။
တစ်ကယ်လဲ လုပ်ကြည့်ဖူးပါတယ်။ BASIC like language လေးတစ်ခု လုပ်ထားတာရှိပါတယ်။
လုပ်တုန်းကတော့ Nessus ရဲ့ NASL(Nessus Attack Scripting Language)လိုမျိုး ကိုယ်ပိုင်လုပ်ချင်တာပါ။
သို့သော်....ကိုယ်က အင်မတန် အလုပ်ရှုတ်တဲ့  လုပ်ငန်းမျိုးကိုရွေးချယ်မိထားလေတော့
အဲဒီ language လေးကို ဆက်မလုပ်ဖြစ်တာ နှစ်နဲ့ချီပြီးကြာနေပါပြီ။
ပြီးတော့ ... ကျွန်တော့် စိတ်ထဲက ဖြစ်ချင်တာကလေးတစ်ခုရှိတယ်။
နိုင်ငံတစ်နိုင်ငံအနေနဲ့ OS တစ်ခု၊  programming language တစ်ခုလောက်တော့ ရှိသင့်တယ်ဆိုတာပါပဲ။
မြန်မာနိုင်ငံက မြန်မာများကိုယ်တိုင် ဖန်တီးထုတ်လုပ်ထားသော OS နဲ့ မြန်မာနိုင်ငံက မြန်မာများကိုယ်တိုင် ဖန်တီးထုတ်လုပ်ထားသော  programming language ပေါ့လေ။
စိတ်ကူးယဉ်တယ်ပြောချင်လဲပြောကြပါ။ ဒါပေမယ့် ဒီစိတ်ကူးတွေ တစ်ကယ်ဖြစ်လာမှာ မဟုတ်ဘူးလို့ ဘယ်သူမှ မပြောနိုင်တာကတော့ သေချာပါတယ်။
Linus Torvald တောင်  Linux Kernel ကို ရေးနိုင်သေးတာပဲ။ မြန်မာလူငယ်တွေလဲ ဒီလောက်တော့ရနိုင်ပါတယ်။
Kernel တစ်ခု ခိုင်ခိုင်မာမာရရင်... ကျန်တာတွေကို ၀ိုင်း၀န်းပြီးလုပ်လိုက်ကြရင် OS တစ်ခု ပေါ်လာမှာပါ။
ဒီတော့ကာ... Linux လဲမဟုတ်၊ Windows လဲမဟုတ်၊ Mac OS လဲမဟုတ်တဲ့ OS တွေကို ကျွန်တော် လိုက်လေ့လာကြည့်တယ်။
အားရစရာကောင်းလိုက်တာဗျာ....။ OS project တွေ အများကြီးတွေ့ရတယ်။ တစ်ယောက်တည်းရေးနေတဲ့ OS တွေလဲ မနည်းဘူးဗျ။
ဒါနဲ့ ဟိုက ဒီက ဖြတ် ညှတ် ကပ်လုပ်ပြီး၊ barebone kernel လို့ခေါ်ကြတဲ့ kernel ပိစိကွေးလေးတစ်ခုစမ်းကြည့်တော့ ဖြစ်တယ်ဗျ။
အဲဒါကိုမှ GRUB နဲ့load လုပ်ကြည့်တော့ OS ပိစိကွေးလေးတစ်ခုဖြစ်လာသေးတယ်။ MZ OS လို့ နာမည်ပေးပြီး ဆက်မလုပ်တတ်သေးတာနဲ့ ဒီအတိုင်းပဲ ပစ်ထားလိုက်မိတာကြာပြီ။
ခုနက စကားကိုပြန်ဆက်ရရင်... Linux လဲမဟုတ်၊ Windows လဲမဟုတ်၊ Mac OS လဲမဟုတ်တဲ့ OS တွေအနက် ကျွန်တော့်စိတ်ကြိုက် OS သုံးခုတွေ့သဗျ။
အဲဒီသုံးခုစလုံးဟာ written from scratch ဆိုတဲ့ ဟာတွေချည်းပဲ။  ဘယ်ဟာကိုမှ ပြင်ထားတာ ဆက်ရေးထားတာ မဟုတ်ပဲ၊ အစကနေ စရေးထားတဲ့ OS အသစ်တွေချည်းပဲဗျ။
ကိုင်း... အဲဒါတွေအကြောင်းကို ဆက်လိုက်ရအောင်။
ပထမဆုံးပြောချင်တာကတော့ syllable OS ဆိုတဲ့ဟာပဲ။
နော်ေ၀းက Kurt Skauen ဆိုတဲ့ ပရိုဂရမ်မာတစ်ယောက်ဟာ AtheOS ဆိုတဲ့ OS တစ်ခုကို ၁၉၉၀ ခုနှစ်အစောပိုင်းနှစ်တွေမှာ ဖန်တီးနိုင်ခဲ့တယ်။
C++ နဲ့ရေးခဲ့တာပါ။
သူတစ်ယောက်တည်းရေးခဲ့တာနော်။ written from scratch ပဲ။ ၁၉၉၇ မှာ AtheOS version 0.1.2 ကို release လုပ်ခဲ့တယ်။
လူတွေ အတော်စိတ်၀င်စားခဲ့ကြတယ်။ သူက UNIX like OS ပဲ။ POSIX စစ်စစ်တော့မဟုတ်ဘူး။ File System လဲ မတူပါဘူး။
Kurt ဟာ AFS(Atheos File System)ကို အသစ်လုပ်ခဲ့တာကြောင့်ပါ။ ဒါကြောင့် သူ့ OS ဟာ AFS ကိုပဲ သုံးပါတယ်။ ဒါပေမယ့် တစ်ခြား FS တွေကိုတော့ ကောင်းကောင်းသိပါတယ်။
AtheOS version 0.3.7 အထိရောက်ပြီးနောက်ပိုင်းမှာတော့ Kurt ဟာ လေယာမောင်းတဲ့ဖက်ကို စိတ်ရောက်သွားပြီး သူရဲ့ AtheOS ကိုပစ်ထားလိုက်တော့တယ်။
လေယာဉ်တစ်စီးနဲ့ ထွက်သွားလိုက်တာ  ခုထက်ထိ သေသည်ရှင်သည်မသိ လို့ဆိုကြတယ်။
ဒီတော့ကာ ကျန်ရစ်ခဲ့တဲ့ သူ့ရဲ့ AtheOS ကို သူ့သူငယ်ချင်း developer တွေက Syllable လို့နာမည်ပေးပြီး ဆက်လုပ်လာခဲ့ကြတယ်။
၂၀၀၂ ဇူလိုင်မှာ Syllable OS version 0.4.0 ကို release လုပ်ကြတယ်။
အခုဆိုရင် Syllabe OS 0.66 အထိရောက်နေပြီ။ ဆော့ဖ်၀ဲတွေလဲ အတော်ရနေပြီ။ port လုပ်ထားတာတွေလဲ အတော်စုမိဆောင်းမိနေပြီ။
[ATTACH=CONFIG]990[/ATTACH]
သူတို့ရဲ့ ဖိုရမ်ကို ကျွန်တော် ၂၀၀၅ ခုနှစ်လောက်ကတည်းက မင်ဘာ၀င်ခဲ့ပြီး လေ့လာခဲ့ပါတယ်။
သူတို့ရဲ့ web browser မှာ  proxy address ထည့်စရာမပါသေးလို့၊ ကျွန်တော် ဂျီကျခဲ့သေးတယ်။
အဲဒီတုန်းက ကျွန်တော်တို့က proxy မပါပဲ အင်တာနက်သုံးလို့မှ မရသေးတာကိုး။
ခုတော့ သူတို့ရဲ့ web browser မှာ proxy address ထည့်စရာပါလာပြီ။ ကျွန်တော်တို့ဆီမှာလဲ proxy မပါပဲ အင်တာနက်သုံးလို့ရနေပြန်ရော။ ဖြစ်ပုံက...။
ဒါပေမယ့် ကျွန်တော့်ရဲ့ test machine ဖြစ်တဲ့ eeepc လေးကို တင်လို့မရပြန်ဘူးဗျ။ ဒါကိုလဲ ကျွန်တော် သူတို့ကို အကြောင်းကြားထားပါသေးတယ်။
ခုတော့ ရနေပြီ။ ကျွန်တော်လဲ မအားတာနဲ့ မစမ်းဖြစ်ပြန်ဘူး။
အဲဒါကို လေ့လာကြစေချင်ပါတယ်။ API(Application Programming Interface) နဲ့ပတ်သက်တဲ့ အချက်အလက်တွေအကုန်ဒေါင်းလို့ရပါတယ်။
source code တွေလဲပေးထားပါတယ်။
Syllabel ရဲ့ အားသာချက်ကတော့ System တက်တ အရမ်းမြန်တာပါပဲ။
စက်စဖွင်တဲ့အချိန်ကနေ login screen ပေါ်လာတဲ့အထိ ၁၀ စက္ကန့်လောက်ပဲကြာပါတယ်။
အဲဒါ P3 ပေါ်မှာ စမ်းတာနော်။  memory requirement လဲ အရမ်းနည်းပါတယ်။ 32 M ဆိုရင် အလုပ်ဖြစ်ပါပြီ။  64M ဆိုရင်တော့ အကောင်းဆုံးပဲ။
Live CD version လဲရှိပါတယ်။ VMware version လဲရှိပါတယ်။ Virtual Box နဲ့ Virtual PC တွေပေါ်မှာလဲ ကောင်းကောင်းအလုပ်လုပ်ပါတယ်။
လိပ်စာကတော့ http://www.syllable.org/
ကဲ... နောက်ထပ် တစ်ခုကိုဆက်လိုက်ကြရအောင်။
အဲဒါကတော့ ReactOS ဆိုတာပါပဲ။
သူလဲ written from scratch ပါပဲ။
၁၉၉၆ခုနှစ်ကတည်းက စခဲ့တဲ့ project တစ်ခုပါပဲ။ စခါစကတော့ FreeWin95 လို့ခေါ်ခဲ့ကြတယ်။ ၁၉၉၇နောက်ပိုင်းမှာတော့ Jsaon Filby ဆိုတဲဲ့ developer က
ပရောဂျက်ကို ဦးဆောင်လာခဲ့ပါတယ်။ Microsoft Windows 2003 Server ကိုအခြေခံပြီး၊ kernel ကို လုပ်ခဲ့ကြပါတယ်။
ခုတော့ fireball လို့ nickname ရှိတဲ့၊ Aleksey Bragin က ပရောဂျက်ကို ဦးဆောင်နေပါတယ်။
Microsoft ကထုတ်တဲ့ Windows နဲ့ ပတ်သက်တဲ့ စာအုပ်စာတမ်းတွေကိုဖတ်ပြီး Windows အလုပ်လုပ်ပုံအတိုင်းဖြစ်အောင် ရေးထားကြတာပါ။
[ATTACH=CONFIG]991[/ATTACH]
C++ နဲ့ပဲ ရေးထားတာပါတဲ့။ သူသည် Microsoft Windows compatible ဖြစ်ပေမယ့်၊ Microsoft Windows Clone တော့မဟုတ်ဘူးနော်။
သို့သော် .... Windows မှာ run လို့ရတဲ့ software တွေအကုန်လိုလို run လို့ရတယ်လို့ ဆိုတယ်။
ဒီဟာက ကျွန်တော်တို့အတွက် ဘာကောင်းသလဲဆိုတော့... open source Windows တစ်ခုရတဲ့သဘောပါပဲ။
ဥပမာ ပြောရရင် မြန်မာ Windows လုပ်ချင်သူတွေအတွက် အများကြီးကောင်းပါတယ်။ ကြိုက်သလိုပြင်၊ ကြိုက်သလိုကလိပေရော့ပဲ။
သူကတော့ version 0.3.11 ရောက်နေပါပြီ။ installation CD ရှိတယ်။ Live CD လဲရှိတယ်။ VMWare version လဲရှိတယ်။
လိပ်စာကတော့ http://www.reactos.org/
နောက်တစ်ခုကတော့ Haiku OS ဆိုတာပါ။
သူကတော့  တစ်ချိန်က နာမည်ကြီးခဲ့တဲ့ BeOS compatible open source OS ပါ။
BeOS ဆိုတာကတော့ Apple ရဲ့ executive ဟောင်းတစ်ယောက်ဖြစ်တဲ့ Jean Louis Gasse မွေးဖွားခဲ့တဲ့ OS တစ်ခုပါပဲ။
မူလရည်ရွယ်ချက်ကတော့ AT&T ကထုတ်တဲ့  Hobbit processor လေးလုံးသုံးတဲ့ BeBox ဆိုတဲ့ ကွန်ပျူတာတွေမှာ သုံးဖို့ ထုတ်လုပ်ခဲ့တာပါ။
Be Inc ကို ၁၉၉၀ မှာ တည်ထောင်ခဲ့ပါတယ်။ နောက်ပိုင်းမှာ  Hobbit Processor တွေလဲဆက်မထုတ်တော့၊ BeBox လဲရပ်သွားပါတော့တယ်။
ဒီတော့ကာ Be OS ကို Pentium အတွက်ရေးကြပြန်ပါရော။
ဒါပေမယ့် ကြွေးတွေပိပြီး ၂၀၀၁ ခုနှစ်မှာ Be Inc ကို Palm, Inc က ၀ယ်သွားပါတော့တယ်။
အဲဒီအခါမှာ မူလ BeOS တုန်းကပါခဲ့တဲ့  developer တွေပါ၀င်တဲ့ OpenBeOS ဆိုတဲ့ open source OS project ပေါ်လာပါတယ်။
အဲဒါဟာ Haiku ရဲ့ အစပါပဲ။
ပထမဆုံး OpenBeOS ကို ၂၀၀၂ မှာ release  လုပ်ခဲ့ပါတယ်။
၂၀၀၄ မှာတော့ Palm Inc နဲ့ ဇယားမရှုတ်ရလေအောင် Haiku Project လို့ နာမည်အသစ်ပေးခဲ့ပါတယ်။
၂၀၀၉ စက်တင်ဘာမှာ ပထမဆုံး တရား၀င် alpha version ကို release လုပ်နိုင်ခဲ့ပါတယ်။
သူကလဲ C++ နဲ့ရေးထားတာပါပဲ။
အခုပြောနေတဲ့ OS သုံးခုအနက် အပြည့်စုံဆုံးနဲ့ အကောင်းဆုံလို့ ယူဆမိပါတယ်။
application တွေလဲ အပေါဆုံးပါ။ တစ်ချိန်က BeOS application တွေအကုန်လိုလို သူ့အပေါ်မှာ  runလို့ရနေတာကြောင့်
software တော်တော်လေးပေါပါတယ်။ File System ကတော့ BeOS ရဲ့ BFS(Be File System)အတိုင်းပါပဲ။
လိပ်စာကတော့ http://www.haiku-os.org/
ဒီတော့ကာ နိဂုံးချုပ်ရမယ့် အပိုင်းရောက်လာပါပြီ။
အခုပြောခဲ့သမျှကို(ရေးခဲ့သမျှပေါ့လေ)ဖတ်ကြည့်ပြီး .... OS အသစ်ရေးဖို့စိတ်၀င်စားသူ....
ဒါမှမဟုတ်ရင်တောင် OS Development အပေါ်မှာ စိတ်၀င်စားသူတစ်ယောက်ပေါ်လာတယ်ဆိုရင်ကိုပဲ
ကျွန်တော်ပြောရကျိုးနပ်ပြီလို့ယူဆမိပါတယ်။
OS Development နဲ့ပတ်သက်တဲ့ လိပ်စာတချို့ကတော့ ဒီမှာပါ။
http://www.linuxfromscratch.org/
http://wiki.osdev.org/Main_Page
http://www.nondot.org/sabre/os/articles
http://www.osdever.net/tutorials.php?cat=0&sort=4
http://www.freebyte.com/operatingsystems/
Mvc
နောက်ပြီး MVC သုံးလို့ မြန်သွားတယ်လို့ အများကပြောကြတဲ့အခါမှာ process တွေ မြန်သွားတာကိုပြောတာမဟုတ်ဘူး။ ဥပမာ။။ ဒီစာမျက်နှာ ၁ မိနစ်နဲ့တက်လာရမှာကို စက္ကန့် ၃၀ ကတည်းနဲ့ တက်လာတယ်လို့ ဆိုလိုတာမဟုတ်ပါဘူး။ Workflow တွေ မြန်လာတယ်။ နောက်ပြီး မလိုအပ်တာတွေ လျော့သုံးလာနိုင်တယ်။ Duplicate work တွေ လျော့ချနိုင်လာတယ်။ အဲဒါတော့ project တစ်ခုလုံး မြန်မြန်ပြီးလာနိုင်တာကို ပြောတာပါ။ နောက်ပြီးတော့ MVC က programming language ရဲ့ Addon လည်း မဟုတ်ပါဘူး။ အပေါ်မှာ ပြောခဲ့သလို architectural pattern ပါ။
more
http://edu.mysteryzillion.org/mvc
From Beginner to Professional
အမ်ဇက် သုံးနှစ်ပြည့် အထိမ်းအမှတ်နေ့ မှာ ဆွေးနွေးသွားတဲ့ ခေါင်းစဉ်လေးပါ။ အဲဒါကို ကျွန်တော် ဒီမှာ ပြန်ပြီးဆွေးနွေးချင်လို့ပါ။ အဲဒီနေ့က မမ်ဘာတွေက ထပြောရမှာ ရှက်တာနဲ့၊ ပြောရင် ထပ်မေးမှာကို ကြောက်ပြီး ထပြီး မပြောခဲ့ကြပါဘူး။ ဒီမှာတော့ ထိုင်ပြီးတော့ပဲ ဆွေးနွေးလို့ရပါတယ်။
ကျွန်တော် ကတော့ Professional မဟုတ်ပါဘူး။ ကျွန်တော် ဒီကနေ့ အထိရောက်လာပုံလေးကို ကျွန်တော် ပြောပြမယ်နော်။
ကျွန်တော် တက္ကသိုလ် ဒုတိယနှစ် ရှေ့ပိုင်းကတော့ လျှို့၀ှက်ပေ့ါနော်။ အဲဒီနောက်ပိုင်းကိုပြောပြမယ်။
ကျွန်တော် အဲဒီအရှေ့ပိုင်းတုန်းက ကွန်ပြူတာ ဆိုတာကို သိပ်မသိပါဘူး။ ကိုးတန်း တုန်းက Foundation တစ်ခုမှာ ကွန်ပြူတာ အခမဲ့ဆိုလို့ Word/ Excel တို့ကို နည်းနည်းပါးပါး တီးမိခေါက်မိလေးရှိပါတယ်။
10 တန်းဖြေပြီးတော့ Informatics မှာ Certificate ရအောင်လို့ဆိုပြီး Basic IT လေးတက်လိုက်ပါတယ်။ အဲ အရှေ့က ထက်တော့ နည်းနည်းပိုသိလာပြီ။ ဒါနဲ့ ကျွန်တော် တို့ အိမ် ရှေ့လမ်း(ဗိုလ်တစ်ထောင် ဘုရားလမ်း) က New Century Resource Centre လေးမှာ Member ၀င်ပြီး  တစ်နေ့ 2 နာရီလောက် ကွန်ပြူတာသုံးပါတယ်။ အဲဒီမှာ သူငယ်ချင်း များများရပြီး ပိုသိလာပါတယ်။ အဲဒီအချိန်မှာ မှတ်မိသေးတယ် ကိုမင်းမင်း ဆိုတဲ့ အစ်ကိုကြီး ( Now @ MCC ) က Corel Draw လေးကိုသုံးပြီး နန်းတော်ပုံလေး ဆောက်ပြတယ်။ ကျွန်တော် အရမ်းကြိုက်သွားတယ်။ ဒါနဲ့ ကျွန်တော် လျှောက်ဆွဲကြည့်တယ်။ ဒီဇီုင်းပိုင်းကို ပိုစိတ်၀င်စားလာတယ်။ ဒါနဲ့ကျွန်တော် Company တစ်ခုမှာ အလုပ်လုပ်တယ်။ အဲဒီက ရတဲ့ ၀င်ငွေနဲ့ ကျွန်တော် Graphic Design လေးတက်လိုက်ပြန်ရော၊ တော်တော်လေးသိလာတယ်။ ပြီးတော့ အလုပ်က ထွက် စာမေးပွဲဖြေ၊ ကျောင်းမှာ သူငယ်ချင်းဖြစ်တဲ့ ( 8vilboy) နဲ့သိတယ်။
ဒါနဲ့ သူတို့ အင်တာနက်ဆိုင်မှာ အလုပ်၀င်လုပ်ဖြစ်တယ်။ အဲဒီတုန်းက ကျွန်တော် Memory Stick ဆိုတာလည်း မသိဘူး။ ကျွန်တော် သိတာ Floppy Disk ပဲ။ ကျွန်တော် ဆီမှာတောင် အခု 2 ခုရှိသေးတယ်။ (ဟီး) အလုပ် စ၀င်တုန်းက ကျွန်တော် အရမ်း Q တယ်။ အရမ်းချက်တယ်။ နောက်ပိုင်း ကိုဇော်သူရိန် (itmen) မိတ်ဆက်ပေးလို့ Mysteryzillion ကိုသိခဲ့တယ်။ အရမ်းကြိုက်ခဲ့တယ်။ အရမ်းပျော်ခဲ့တယ်။ အခုအမ်ဇက် ပျော်တာ အဲဒီအချိန်ကိုမမှီဘူး။ ဘယ်တော့မှလဲရတော့မှာမဟုတ်ဘူး။ ကျွန်တော် မချက်တော့ဘူး။ Html Dog က နေ Html စသင်တယ်။
အမ်ဇက် ကကြေငြာ လို့ မြန်မာ ၀ီကီ ပွဲသွားတယ်။ နောက် တစ်ပတ်နေတော့ ကိုစည်သူ နဲ့စသိတယ်။ ပြီးတော့ ကိုညမီးအိမ်။ အဲဒီအချိန် CSS စလေ့လာတယ်။ နောက်တော့ မရတာတွေကို ကိုစေတန် ကိုမေးတယ်။ ကိုကိုရဲ ကိုမေးတယ်။ တခြားလူတွေဆီကိုလည်း မေးသေးတယ်။ နောက်ပိုင်း Web Show မှာ အော်ဂနိုင်ဇာ ဖြစ်ခဲ့တယ်။
အမ်ဇက် ပွဲဆက်လုပ်တယ်။ 2009 January လောက်မှာ Php ကိုစလုပ်မယ်လို့ စိတ်ဆုံးဖြတ်လိုက်တယ်။ ဒါပေမယ့် နောက်ကျသွားပြီ ကျွန်တော် ကျန်းမာရေးကြောင့် အလုပ်ကထွက်ရတော့မယ်။ အမ်ဇက် 2 နှစ် ပြည့်ကို ကူညီခဲ့တယ်။ မနှစ်က ပွဲ အရမ်းပျော်တယ်။ ဒါနဲ့ ကျွန်တော် မလျော့သေးပဲ American Center ကနေ Php အထူကြီးကို ငှားတယ်။ အိမ်မှာ ရအောင်ဖတ်တယ်။ ကိုယ်တိုင် စာအုပ်ထဲမှာ ကူးတယ်။ Practice လုပ်တယ်။ တော်တော်လေးရတယ်။ ကိုယ့်် ဟာကိုယ် အရမ်းအထင်ကြီးပြီး ကိုဇော် ကိုဆိုဒ်တစ်ခု ဆွဲပေးမယ်လို့ပြောတယ်။ ဒါပေမယ့် အကျကြီး ကျလေရဲ့။ ကျွန်တော် မနိုင်ဘူး။ ဒါနဲ့ လက်လျော့လိုက်တယ်။ နောက်တော့ ဘာမှမလုပ်ဖြစ်တော့ဘူး။ အခုလောလော ဆယ်တော့ Linux က ကုဒ်တွေကိုလေ့လာနေတယ်။
ဒါကတော့ ကျွန်တော် ဘယ်လိုတက်လာခဲ့လဲ ဆိုတာကိုပြောတာပါ။ အမ်ဇက် က မမ်ဘာများကလည်း ကိုယ် ဒီအခြေအနေထိရောက် အောင်ဘယ်လိုတက်လာခဲ့တယ် ဆိုတာလေးကို တစ်ချက်လောက်ပြောပေးပါ။
ကျွန်တော် ထင်တယ်။ အခြေခံကနေတက်ဖို့အတွက် အောက်က အချက်တွေတော့ မဖြစ်မနေလိုတယ်လို့။
အင်တာနက် ဆိုင် တစ်ဆိုင်မှာ 6 လလောက် ဖြစ်ဖြစ် အလုပ်သင်ဖို့၊
အချိန်ကိုကောင်းစွာအသုံးပြုမူ၊
သူငယ်ချင်းများကို ကောင်းစွာ ချိတ်ဆက်နိုမူ၊
မီးအမြဲတမ်း လာနေတဲ့ ကွန်ပြူတာ တစ်လုံးရှိဖို့၊
ကျွန်တော် အထင်လေးတွေပေါ့ဗျား
လေးစားစွာဖြင့်
World Cup 2010 and IT Aid
နောက်လ June 11 ဆိုရင် 2010 World Cup စတင်တော့မှာ ဖြစ်ပါတယ်။ ကျွန်တော် အနှစ်သက်ဆုံး ဆိုတဲ့ အရာတွေထဲက တစ်ခုဆိုရင်လည်း ဟုတ်ပါတယ်။ ပြောမယ်ဆိုရင် ဘောလုံးအပြင် မျိုးချစ်စိတ်၊နိုင်ငံချစ်စိတ်၊ လူမျိုးချစ်စိတ် စတာတွေ ပြိုင်ဆိုင်မှုတွေကိုပါ တွေ့ရတက်လို့ ကျန်တဲ့ ဘောလုံးပြိုင်ပွဲတွေထက် ကြိုက်ပါတယ်။ ခုလာမယ့် World Cup မှာ IT နဲ့ ပတ်သက်ပြီး ဘာတွေများလုပ်ထားသေးလဲလိုက်ကြည့်ရင်း computerweekly က ဒီ post လေးကိုဖတ်လိုက်မိတယ်။
Event Management System (EMS) ကိုသုံးပြီး World Cup ကိုထိန်းချုပ်ပါလိမ့်မယ်။ ဒီ system ကို developer
လုပ်ခဲ့တာကတော့ India Company တစ်ခုဖြစ်တဲ့ Mahindrasatyam ကဖြစ်ပြီး Microsoft .Net ကိုသုံးထားတယ်လို့
သိရပါတယ်။ ဒီ EMS ကိုလွန်ခဲ့သော သုံးနှစ်ထဲက developer 120 နဲ့ ရေးနေတာ ဖြစ်ပြီး 20 modules ပါဝင်ပြီး ပါဝင်ပါမယ်။
တခြား third-party system များဖြစ်သော Hospitality Management တွေနဲ့လည်း ပေါင်းစပ်ပြီး သုံးနိုင်အောင် design ချထားတာလဲ ဖြစ်ပါတယ်။ ဒီ system ဟာ Web Based Application တစ်ခုဖြစ်သော်လည်း ဘောပွဲလာကြည့်မယ်သူတွေရဲ့Ticker တွေကို ATM လိုစက်မျိုးတွေမှာ ထုတ်ယူနိုင်တဲ့  အထိပါသုံးထားပါတယ်။ ဆိုလိုတာကဗျာ ခုဘောပွဲကို လာမယ့်သူတွေကနိုင်ငံပေါင်း 208 နိုင်ငံက ပြီးတော့ ရောင်းထားတဲ့ လက်မှတ်ပေါင်းက အစောင်ရေ 3 သန်းဆိုတော့ တစ်ယောက်ချင်းဆီရဲ့ လက်မှတ်တွေကို မပို့တော့ပဲ Barcode လိုမျိုး code တခုခုကို ထုတ်ပေးထားပါတယ်။ ကြည့်မယ်သူက Johannesburg လေဆိပ်ကို ရောက်ရင်အဲဒီ barcode လိုဟာမျိုးလေးနဲ့ ATM လိုစက်မျိုးမှာ သွားပြီး ကိုယ်ကြည့်မယ့် ပွဲလက်မှတ်ကို ထုတ်ယူနိုင်ပါတယ်။
တခြားပါသေးတဲ့ module တွေကတော့ ...
1) Accreditation system
World Cup မှာ ပါဝင်ပတ်သတ်မယ့် FIFA ကသူတွေ၊ Players တွေ၊ Medical Staff တွေ၊ Volunteers တွေကို control
လုပ်မယ့် system ဖြစ်ပါတယ်။
2) Volunteer management system
ပြိုင်ပွဲမှာ Volunteer ပေါင်း 130,000 ရှိမှာဖြစ်ပြီ သူတို့တွေရဲ့ Recruitment and Training Function, Time Sheet Function,Matches skills စတာတွေအပြင် payroll function ကိုလည်း ပေါင်းထည့်ထားပါတယ်။
3) Ground transport system
ပြိုင်ပွဲကိုလာရောက်သူတွေရဲ့ သွားလာရေးလွယ်ကူးစေဖို့ လမ်းကြောင်းတွေ၊ အသုံးပြုရမယ့် မော်တော်ယဉ်တွေကို manage လုပ်ပေးမယ့် system လည်းဖြစ်ပါတယ်။
4) Material management
ကျင်းပရာနေရာမှာ အလုပ်လုပ်နေတဲ့ staff တွဲရဲ့ electronic assets ကို management လုပ်နိုင်မှာ ဖြစ်ပါတယ်။
5) Ticketing system
ကျွန်တော် အပေါ်မှာ ပြောခဲ့ သလိုပါပဲ ခင်ဗျာ။ ပွဲကြည့်လာ ပရိတ်သတ်တွေရဲ့ Ticket တွေကို management လုပ်ပေးဖို့ ဖြစ်ပါတယ်။
ဒီ EMS ကို World Cup မှာ သုံးမယ့် တကယ် event တွေ၊ multiple users တွေနဲ testing ကို ပြီးခဲ့တဲ့ April ထဲက စပြီး လုပ်ခဲ့တယ်လို့ သိရပါတယ်။ အင်း software ဆိုတာမျိုးကလည်း ဘယ်လောက်ပဲ သေအောင်စမ်းစမ်း real time ကြမှ ထဖောက်တက်တာမျိုးရှိတော့စိတ်ဝင်စားမိပါရဲ့ ... ကျွန်တော် အဖို့ကတော့ World Cup မှာကစားမယ့် ဘောလုံးအသင်း သတင်းတွေအပြင် ဒီ EMS ရဲ့update news တွေကိုပါ စိတ်ဝင်စားမိတာ အမှန်ပါပဲ။
SHAKIRA ဆိုထားတဲ့ World Cup သီချင်းလေး တပုဒ်ပဲဖြစ်ပါတယ်။ နားထောင်ပြီးတော့ waka waka ဆိုပြီးပါးစပ်ထဲစွဲသွားပါလိမ့်မယ်။
Note: I cannot set with youtube at here, so please see at this link
<object width="640" height="385"><param name="movie" value="http://www.youtube.com/v/McFFpQcCrKI&hl=en_US&fs=1&"><param name="allowFullScreen" value="true"><param name="allowscriptaccess" value="always"><embed src="http://www.youtube.com/v/McFFpQcCrKI&hl=en_US&fs=1&" type="application/x-shockwave-flash" width="640" height="385"></object>
[B]Mahindrasatyam[/B], http://www.mahindrasatyam.com/
[B]ATM[/B], http://en.wikipedia.org/wiki/Automated_teller_machine
[B]Johannesburg[/B]
http://maps.google.com.sg/maps/place?hl=en&um=1&ie=UTF-8&q=Johannesburg&fb=1&gl=sg&ftid=0x1e9507e1ea70caf1:0x402ad65460d50e0&ei=7Aj4S4vWOce5rAeR_qjlCg&sa=X&oi=geocode_result&ct=title&resnum=1&ved=0CCAQ8gEwAA
Ref: http://www.c.com/Articles/2010/03/04/240505/2010-FIFA-World-Cup-core-IT-complete-this-month.htm
Credit : http://www.zack-notes.net/joomzack15/readers-conner/world-cup-2010-and-it.html
Mobile Dev
အရင်ဆုံး ဘာကို Development လုပ်မှာလဲ။ Android လား iPhone လား ။
iPhone Dev
iPhone ကို လိုက်တော့မယ်ဆိုရင်တော့ ပုံမှန် Native အားဖြင့် အရင်ဆုံး Mac ရှိဖို့လိုတယ်။ နောက်ပြီး iPhone SDK ကို download ချပြီး Objective-C လေ့လာဖို့လိုမယ်။ iPhone SDK size က 2GB လောက်ရှိတယ်။ နောက်ပြီး iPhone Developer Account ကို ဝယ်သင့်တယ်။ ဒါမှ Device ပေါ်မှာ စမ်းလို့ရမှာ။ အဲဒီအတွက် $99 ကုန်မယ်။ အဲвЂ¦ ရောင်းတော့မယ်ဆိုရင်လည်း Bank က swift code ရှိတဲ့ bank ဖြစ်ဖို့လိုတယ်။ နောက်ပြီး App ကို အခုတင် အခု App store မှာ မရဘူး။ သူတို့ Review လုပ်ပြီးမှရမယ်။ အဲဒီအတွက် အချိန် အမြန်ဆုံး ၁ ပတ်။ အကြာဆုံး ၁ လ လောက်တော့ ပေးရမယ်။ Approve မဖြစ်ရင် reject လုပ်လိုက်မယ့်။ အဲ.. ရောင်းရင် ကိုယ်က 70% ပဲပြန်ရမှာနော်။
Android Dev
Java အနည်းငယ်တတ်ဖို့လိုတယ်။ Android SDK ကို download ချပြီး Eclipse နဲ့ တွဲသုံးဖို့လိုတယ်။ SDK ကို စသွင်းကာစမှတော့ တော်တော်စိတ်ညစ်ဖို့ကောင်းတာ ကြုံရလိမ့်မယ်။ SDK သွင်းဖို့ Download အကြာကြီး စောင့်ရလိမ့်မယ်။ Android ကတော့ java ဆိုတဲ့ အသံကြားကတည်းက လေ့ကို မလေ့လာတော့တာ။ လူက ဘာကြောင့်လဲမသိဘူး။ Java ဆိုကတည်းက စိတ်ကို မဝင်စားတာ။ Android Market မှာတင်ဖို့ $25 ပေးဖို့လိုတယ်။ သူလည်း Apple လိုပဲ ရောင်းရင် 70% ပဲ ကိုယ်က ပြန်ရမှာ။ သူက Google Android Market အပြင် Motorola Market လည်း ရှိတယ်။ တကယ်လို့ Market ပေါ်မတင်ပဲ apk file ထုတ်ပြီး ဖုန်းတွေမှာ သွင်းလို့ရတယ်။ iPhone ကတော့ အဲလိုမရဘူး။ အဲဒါကတော့ Android က သာတယ်လို့ ဆိုလို့ရမယ်။
Cross Platform
တစ်ခါရေး ၂ ခုလုံး Run ဖို့ကော မဖြစ်နိုင်ဘူးလား။ ဖြစ်နိုင်တာပေါ့။ ကျွန်တော် အပေါ်မှာပြောခဲ့ပါတယ်။ Web Developer တွေအနေနဲ့ App ကို လွယ်လွယ်ရေးလို့ရနေပြီ။ ဘာတွေနဲ့ ရေးလို့ရသလဲ။
more
http://bit.ly/d4oslz
Meet The New Language
စတင်လေ့လာခြင်း
စတင်လေ့လာဖို့အတွက် အရင်ဆုံး လိုအပ်တာတွေ သွင်းရတယ်။ လိုအပ်တဲ့ IDE တွေ  complier တွေ စတာတွေ အရင်ဆုံး သွင်းတတ်လေ့လာရတယ်။ ဥပမာ။။ PHP ဆိုရင် Xampp  လောက်တော့ သွင်းတတ်အောင် အရင်လေ့လာရတယ်။ ကျွန်တော်တို့ ငယ်ငယ်တုန်းကဆို  လေ့လာရတာ တော်တော်ခက်တယ်။ internet မရှိတော့ တစ်ခုခုလုပ်ချင်ပြီဆိုရင်  အရမ်း အချိန်ပေးရတယ်။ တစ်ယောက်တည်း စမ်းသွင်းလိုက်။ မရရင် Internet  ဆိုင်သွားပြီး ရှာ။ အကုန်လုံး save သိမ်းပြီး အိမ်ကို stick နဲ့သယ်လာ။  ပြန်စမ်းသွင်း။ အဲလိုမျိုးတွေ ရှိခဲ့တယ်။ အခုအချိန်မှာတော့ တော်တော်လေးကို  လေ့လာလို့ရနေပြီ။ မြန်မာလို Xampp သွင်းနည်းတွေ ရေးထားတာတွေလည်း  တော်တော်များများ တွေ့ရတယ်။ နောက်ပြီး အခြား language တွေကိုလည်း မြန်မာလို  ရေးထားတာတွေကို တွေ့လာရတာပဲ။ အရင်တိုင်းကလို လိုအပ်တဲ့ဟာတွေသွင်းဖို့ ၁  ရက် ၂ ရက်လောက် အချိန် ယူစရာမလိုပဲ ၂ နာရီလောက်နဲ့သွင်းလို့ရနေပြီ။
Resource
Language အသစ်လေ့လာတော့မယ်ဆိုရင် အရေးကြီးတာက resource ပဲ။ resource  ဆိုတာတွေက
Ebooks
Books
Video (Youtube, iTuneU)
Google
Website
Forum or QA
စတာတွေ လိုအပ်တယ်။ Inernet ကတော့ မဖြစ်မနေ လိုအပ်တဲ့ အရာပဲ။ အရင်ဆုံး  လိုအပ်တဲ့ resource ကတော့ စာအုပ်တွေနဲ့ Ebooks တွေပဲ။  စလုံးရေ စ အဆင့်မှာ  တခြားဟာတွေထက် စာအုပ်တွေက အသင့်တော်ဆုံးပဲ။ စာအုပ်တွေထဲမှာ အခြေခံကျကျ။  လူပိန်းနားလည်အောင် ရေးထားတာတွေပါ။ Begineer Guide တို့ Dummies တို့လို  စာအုပ်တွေက စလုံးရေစ အတွက် အရမ်းအဆင်ပြေတယ်။ စလုံးရေ စ အဆင့်မှာ စာအုပ်တွေ  မဖတ်ပဲ နဲ့ ရှေ့ဆက်လို့ ကို မရတာ။ ဘာကို စရမယ်မှန်း မသိပဲ ဘာမှ  လုပ်လို့ရမှာ မဟုတ်ဘူး။ ကျွန်တော် အလှည့်တုန်းက Ornagai iPhone app  ရေးချင်တာပဲ သိတယ်။ ဘယ်က စရေးမှန်းလည်း မသိ။ iPhone SDK ကို ဖွင့်လိုက်တယ်။  ဘာလုပ်ရမှန်းလဲမသိ။ ပြီးတော့ ပြန်ပိတ်လိုက်တယ်။ ဘာလုပ်ရမှန်းမှ မသိတာကတော့  ebook ကို စဖတ်တာ အကောင်းဆုံးပဲ။
တဆင့်ခြင်း တဆင့်ခြင်း ဖတ်ရင်းကနေ Youtube လိုမျိုး site ကနေ video  tutorial တွေ ရတယ်။ နောက်ပြီး iTuneU က တော်တော်ကောင်းတယ်။ iPhone SDK ကို  Stanford က သင်ပေးလိုက်တာဆို ပိုမှန်မယ်။ စာအုပ် ဖတ်တာ  တော်တော်နဲ့နားမလည်ဘူး။ iTuneU ကနေ Stanford online course ကို download  ချပြီး iPodTouch လေးနဲ့ ရုံးသွားရုံးပြန်ကြည့်ရင်း သင်ခဲ့ရတာ။ စနေ  တနင်္ဂနွေမှာ ပြန်စမ်းပေါ့။ နောက်ပြီး Youtube ကနေလည်း သိချင်တာလေးတွေ  ရှာပြီး သင်ခဲ့ရတယ်။ Video နဲ့ သင်တာက စာအုပ်နဲ့ သင်တာထက် ပိုထိရောက်တယ်။  Ebooks ကျပြန်တော့လည်း code တွေကို သေသေချာချာ ကြည့်လို့ရတယ်။ copy  ကူးလို့ရတယ်။ Video ကတော့ မရ။ Pause လုပ်ပြီး code တွေကို ဖတ်ကြည့်ရတယ်။
Intenet ဆိုတာထက် Google ဆိုတာ ပိုမှန်မယ်။ လိုအပ်တာဟာတွေကို Google ကနေ  ရှာရတာပဲ။ နည်းနည်းပါးပါး စမ်းရေးရင် error တွေ တက်ပြီဆိုရင် Google ကနေ  ရှာပဲ။ အဲဒီမှာ English စာက အရေးပါတယ်။ မြန်မာလို content တွေ  ဘယ်လောက်မျာများ နည်းပညာနဲ့ပတ်သက်တဲ့ content တွေ coding ဆိုင်ရာ content  တွေ forum တွေ က အရမ်းရှားတယ်။ Latest Technology တွေ error message တွေက  English လို blog တွေ forum တွေမှာပဲရှိတာ။ English စာ မတတ် ရင်တော့  Programming ကို လေ့လာဖို့ မကြိုးစားသင့်ဘူး။ English စာ အရမ်းကြီးကို  တော်ဖို့ ပြောတာမဟုတ်ပါဘူး။ ဖတ်တတ်ရုံလောက်ဆိုရင် ရပါတယ်။ Blog တွေ forum  တွေမှာက ဝတ္ထုရေးနေတာမှမဟုတ်တာ။ သာမာန် သုံးနေကျ ပြောနေကျ ပုံမှန် လေးပဲ  ရေးနေ ပြောနေကြဆိုတော့ English ဝတ္ထု တစ်အုပ်လုံး ဖတ်ရတာလောက် မခက်ပါဘူး။
နောက်ပြီး အမြဲလေ့လာလို့ရမယ့် website တွေ blog တွေပေါ့။ iPhone  ဆိုရင်လည်း iPhone SDK tutorial website တွေ ရှိတယ်။ အဲလို site တွေကနေ  အမြဲလေ့လာလို့ရတယ်။ code တွေကို ဖတ်ကြည့်လို့ရတယ်။ အဲလို site တွေကို  google reader ထဲပဲ ဖြစ်ဖြစ် bookmark လုပ်ပြီး သိမ်းထားသင့်တယ်။
Forum နဲ့ QA site တွေကိုလည်း သိထားသင့်တယ်။ နောက်ဆုံး ရှာတာလည်း  မရတော့ဘူး။ ၂ ရက်လောက်လည်း ကြာနေပြီဆိုရင်တော့ သူများကို မေးကြည့်တာ  အကောင်းဆုံးပဲ။ အဲလိုအတွက် သီးသန့် site တွေကို မေးဖို့လိုတယ်။ မေးရမယ့်  နေရာတွေကိုလည်း သိဖို့လိုတယ်။ C# သမားတွေပဲရှိတဲ့ forum မှာ PHP  အကြောင်းသွားမေးရင်တော့ အဖြေက ရမှာမဟုတ်ဘူး။ ဒါကြောင့် ကိုယ် မေးမယ့်  နေရာကိုလည်း သေသေချာချာ သိဖို့လိုအပ်တယ်။ အဲလိုနေရာတွေက အပေါ်မှာ  ပြောခဲ့သလို Google မှာ ရှာရင်း တွေ့တဲ့ site လေးတွေကို မှတ်ထားပြီး မရတော့  တဲ့အဆုံး မေးလို့ရတာပေါ့။
Playing
လေ့လာပြီဆိုရင် စာကြီးပဲဖတ်နေလို့ မရ။ Video တွေကြီးပဲ ထိုင်ကြည့်နေလို့  မဖြစ်။ အချိန်ပေးရင် စမ်းကြည့်ရတာ။ ကလိ ကြည့်ရတာ။ ဒါမှ မရရင်  ကိုယ်လုပ်ချင်တာကို ရှာရင်း သိလာမှာ။ UCSY ကျောင်းတက်တုန်းကလို   ဒါတွေကြီးပဲ ကျက် ဖတ်ဆိုပြီး မရှိပါ။ ကိုယ် လုပ်ချင်တာလေးကို စမ်း။ ၁ ခု  သိရင် အဲဒီ ၁ ခုနဲ့ ဘာတွေ လုပ်လို့ရလဲဆိုတာကို စမ်းရင်း ၂ ခု ၃ ခု မက  သိလာပါတယ်။ နောက်ပြီး Documentation တွေကို ဖတ်တတ်ဖို့လိုတယ်။  Documentation လို့တာ ပြောတာ။ စလုံးရေ စ အဆင့်မှာ မဖတ်တတ်တာ သေချာတယ်။  iPhone SDK Reference Documentation ကို လုံးဝ ကို နားမလည်တာ။ ဘာတွေ  မှန်းလဲမသိ။ အခုအချိန်မှာတော့ နားမလည်ရင် မသိရင် iPhone SDK Rerference  လေးကို သွားပြီး ဖတ်ကြည့်လိုက်တာနဲ့ ရပါပြီ။ အချိန်ပေးပြီးတော့ programming  language အသစ်နဲ့ရေးချင်တာတွေ လျှောက်ရေးကြည့်ဖို့တော ့လိုတယ်။
အဲလို အဆင့်တွေကနေ မှ တဖြည်းဖြည်း သူများရေးထားတာတွေ ဖတ်တတ်လာမယ်။ Copy  ကူးတတ်လာပါလိမ့်မယ်။ သူများရေးထားတာတောင် Copy ကူးတတ်ဖို့မလွယ်ဘူးဗျ။ Java  မတတ်တဲ့သူကို ရော့ ဒါကို copy ကူးပြီး လုပ်လိုက်ဆိုရင် လုပ်တတ်မှာမဟုတ်ဘူး။  အနည်းဆုံးတော့ ဖတ်တတ် နားလည်ထားမှတာ copy ကူးတတ်မှာကို။ နောက်ပြီး  ကျွန်တော်တို့တွေက အရမ်းလောတယ်။ အားမလို အားမရ တွေဖြစ်တတ်တယ်ဗျ။ ဟင်  သူများတွေ ရကုန်ကြပြီ။ ငါကတော့ လေ့လာနေတာကြာပြီ။ အခုထက်ထိ မရသေးဘူး။  အဲလိုမျိုး ခပ်ကြောင်ကြောင် အတွေးအခေါ်တွေလည်း ဝင်တတ်တယ်။  သူလေ့လာနိုင်စွမ်းနဲ့ ကိုယ့်လေ့လာနိုင်စွမ်းက သူချင်မှ သူမှာကို။ သူပေးတဲ့  အချိန်နဲ့ကိုယ်ပေးတဲ့ အချိန် တူချင်မှ တူမှာကို။ သူက တနေ့က ၅ နာရီပေးပေမယ့်  ကို က တနေ့ကို ၁ နာရလောက် ပဲ အချိန်ပေးနိုင်ရင် သူ့လောက် မြန်မြန်  တတ်ကျွမ်းမှာမဟုတ်ဘူးလေ။ အဲဒါကိုတော့ နားလည်ဖို့လိုတယ်။
Copy ကူးတတ်တဲ့ အဆင့်ကနေမှ ကိုယ်တိုင် ဖန်တီးရေးဆွဲတတ်တဲ့ အဆင့်ကို  ရောက်နိုင်မှာပါ။
Flash Future
ဒီဆောင်းပါး (http://macapper.com/2010/05/13/opera-joins-the-flash-movement/)  ထဲမှာ ရေးထားတဲ့ စာလုံးလေး ကိုတော့ တော်တော်သဘောကျမိတယ်။
вЂњBut at Opera we say that the future of the web is open  web standards and Flash is not an open web standards technology.
вЂњFlash does have its purposes and will have its purposes, the same as  [Microsoft's] Silverlight and others, especially for dynamic content.
вЂњBut flash as a video container makes very little sense for CPU, WiFi  battery usage etcetera вЂ“ you can cook an egg on [devices] once you  start running Flash on them and thereвЂ™s a reason for that.вЂќ
Apple က Steve ရေးထားတဲ့ Thoughts on  Flash (http://www.apple.com/hotnews/thoughts-on-flash/) ကလည်း ဖတ်ကြည့်သင့်ပါတယ်။
Flash က Video တွေနေရာမှာ ဘယ်လောက် နေရာယူလာနိုင်မလဲ။ HTML5 video နဲ့  Flash နဲ့ ယှဉ်ကြည့်တဲ့အခါ HTML5 video က flash ထက်စာရင် ပိုအဆင်ပြေတယ်။  နောက်ပြီး stackoverflow (http://stackoverflow.com/questions/1086886/html-5-video-tag-vs-flash-video-what-are-the-pros-and-cons)  မှာ ဆွေးနွေးထားတာလေးတွေက အရမ်းကောင်းတယ်။ Flash ရဲ့ အဓိက ပြဿနာက Windows  မဟုတ်တဲ့ platform တွေမှာ CPU usages အများကြီးသုံးတာပဲ။ Flash က windows  ပေါ်မှာ ကောင်းကောင်းလေး အဆင်ပြေပေမယ့် Windows မဟုတ်တဲ့ site တွေမှာ  အဆင်မပြေဘူး။ နောက်ပြီး Mac မှာ Flash ကြော်ငြာတွေမှာ ကိုယ်ပိုင် pointer  သုံးထားရင် ကြော်ငြာပေါ်က ဖြတ်ပြီး သွားလိုက်ရင် လက်ရှိ pointer  ပျောက်သွားတတ်တယ်။
HTML5 video ဟာ javascript နဲ့ ပေါင်းပြီး ရေးလို့ရတဲ့အတွက် flash  ထက်စာရင် အားသာချက်ပဲ။ နောက်ပြီး ogg ဟာ Open Standard ဖြစ်ပြီး flash  ကတော့ Adobe ရဲ့ ထိန်းချုပ်မှုအောက်မှာ ရှိနေတယ်။ အဲဒီအတွက်ကြောင့် browser  တွေမှာ Flash ကို default အနေနဲ့ ထည့်ပေးပိုင်ခွင့်မရှိဘူး။ Adobe ကနေ  တဆင့် download ချပြီး ထည့်ခွင့်ပဲရှိတယ်။ အဲလို ချုပ်ကိုင်ထားတာဟာ Flash  အတွက် ကျဆုံးစေတော့မှာလားလို့တောင် မေးခွန်းတွေ ဖြစ်လာပါတယ်။
more...
http://www.saturngod.net/knowledgebase/flash-future
Ogv / Ogg Convertor
ogv / ogg ကိုပြောင်းချင်ရင်တော့
http://v2v.cc/~j/ffmpeg2theora/download.html
ကို အရင် download ချဖို့လိုပါတယ်။ ogv / ogg အတွက် Linux , Mac , Windows အားလုံးအတွက် ရှိပါတယ်။ အဲ.. အဆင်မပြေတာကတော့ GUI မဟုတ်တာပဲ။ GUI မဟုတ်ပေမယ့် သုံးရလွယ်ပါတယ်။ Command ကနေ ပြောင်းချင်တဲ့ file ရှိတဲ့နေရာကိုသွား။ ပြီးရင်
$ffmpeg2theora sample.flv
အင်တာနက်ဆိုင်များဆက်လက်ရှိဦးမည်လော
ဒီခေါင်းစဉ်ကိုတွေ့လိုက်လို့ အင်တာနဲ့ဆိုင်ဖွင့်ထားသူများလန့်သွားမလားတော့မသိပါဘူး။မလန့်ပါနဲ့လို့ကြိုတင်ပြီးစကားပုလ္လင်ခံထားပရစေ။
ပြောချင်တာလေးက ဒီလိုဗျာ........
တနေ့..ကျနော်ကားစီးပြီးအိမ်အပြန် ကာရာအိုကေ ဆိုင်လေးတစ်ဆိုင်ကိုတွေ့မိလို့စဉ်းစားမိတယ်။ သြော်.........ရန်ကုန်မြို့က အင်တာနက်ဆိုင်တွေလဲ တနေ့ ကာရာအိုကေဆိုင်တွေလိုဖြစ်လာမလားလို့စဉ်းစားမိပါတယ်။ ဟိုတချိန် နိုင်တီးဂွမ်တီးလောက်တုန်းက အောက်စက်တို့ ကတ်စက်တို့ဆိုရင် tape စနစ်ဘဲရှိခဲ့ပါတယ်။ တဖြည်းဖြည်းနဲ့ CD တွေ VCD တွေ DVD တွေဖြစ်ကုန်ကြပါပြီ။ Tape  ခေတ်ကတည်းကစခဲ့တဲ့ ကာရာအိုကေဆိုင်တွေဟာဖြင့် အခု DVD တွေပေါ်ပေါက်လာတဲ့အထိရှိနေတုန်းပါဘဲ။ ဒါပေမယ့် အခုအချိန်မှာတော့ တော်တော်လေးနည်းပါးသွားပါပြီ (မှတ်ချက်။   ။ KTV မပါပါဘူး:D)။ Tape ခေတ်ကစပြီး VCD ခေတ်အထိ လမ်းတိုင်း.ရပ်ကွက်တိုင်းတွေမှာလိုလို ကာရာအိုကေဆိုင်တွေဟာဖြင့် မှိုလို ပေါ်ပေါက်ခဲ့ပါတယ်။ ယခု DVD ခေတ်မှာတော့ ဆိုင်တွေမရှိသလောက်နည်းပါးသွားပါပြီ။ ကိုယ့်အိမ်မှာကို သီဆိနေကြပါပြီ။ အင်တာနက်ဆိုင်တွေကိုလဲ ကျနော် အဲဒီလိုဘဲမြင်မိပါတယ်။ dail-up ကစခဲ့တာ Broadband ၊ IpStar ၊ WiMax စသည်ဖြင့် တိုးတက်လာခဲ့ပါပြီ။ အင်တာနက်ဆိုင်တွေဆိုရင်လဲ တစ်ဆိုင် နှစ်ဆိုင်မှ ယခုဆိုရင်တော်တော်လေးကိုများပြားလာခဲ့ပါပြီ။ နောက်ပိုင်း သူများနိုင်ငံက စနစ်တွေ(Wi-Fi)လိုမျိုးများရလာခဲ့ရင် အင်တာနက်ဆိုင်တွေဆက်လက်ရှိဦးမလား (သို့) နည်းသွားမလား မသိပါဘူးခင်ဗျ။ ကွန်ပျူတာတလုံးရှိရုံနဲ့ ဘယ်နေရာကမဆို အင်တာနက်သုံးလို့ရတာကိုး(wireless စနစ်ပါသော ကွန်ပျူတာများကိုရည်ညွန်းပါသည်)။ ကျနော်တို့နိုင်ငံမှာလဲ သုံးလို့တော့ရနေပါပြီ (တိုကျိုဒိုးနတ် တို့လိုပေါ့ဗျာ)။ ဒါပေမယ့်တခုခုသောက်မှကောင်းမှာပေါ့နော်:D။ တမြို့လုံးအနေနဲ့ ဒီလိုဖြစ်နိုင်ဖို့ဆိုတာကတောဖြင့် မကြာမီ လာမီမျှော် ဆိုသလိုပါဘဲပေါ့ဗျာ:D။ကျနော်ပြောတာရှည်လဲရှည်သွားပြီ..နိဂုံးအနေနဲ့ ကျနော်ပြောချင်တာကတော့ ဆက်လက်တော့ရှိနေဦးမည် (သို့) နည်းပါးသွားလိမ့်မည်လို့ထင်ပါတယ်။:D
xxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxx
ကျနော့်အစ်ကိုကြီတွေရေးတာအားကျလို့ရေးကြည့်တာပါ
Docs.com
GUI က  ရိုးရှင်းပြီး သုံးရတာ လွယ်ကူတယ်။ Function တွေကတော့ application လောက်  မစုံပေမယ့် သုံးပျော်ပါတယ်။ Word နဲ့ Excel ကို Google Docs  ထက်ပိုသဘောကျပေမယ့် Powerpoint ကိုတော့ သဘောမကျဘူး။ အရမ်း Plain  ကြီးဖြစ်နေတယ်။ Animation တွေလည်း ထည့်လို့မရဘူး။
http://docs.com
web 3.0 သို့မျှော်ကြည့်ခြင်း
web 2.0 ဆိုတဲ့စကားလုံးကအခုအချိန်မှာ လူတိုင်းကြားမိ သတိထားမိကြပါတယ်..။ ဒါပေမယ့် သူ့ရဲ့အဓိပ္ပါယ်ကိုတော့ အသေအချာနားမလည်ကြတာများပါတယ်။ တိတိကျကျရှင်းရှင်းလင်လင်း အဓိပ္ပါယ်မရှိပါဘူးလို့လည်း လူတစ်ချို့အနေနဲ့ကယူဆထားကြပါတယ်.။ web 2.0 မတိုင်ခင်မှာလည်း web 1.0 ရယ်လို့ရှိခဲ့တာမျိုးမကြားမိခဲ့ဖူးဘူးလေ..။
တချို့သောသူများကတော့ web 2.0 ကိုအသေအချာအဓိပ္ပါယ်ဖွင့်ကြပါတယ်..။ အကျဉ်းချုပ်ပြောရရင် web 2.0 လို့ပြောနိုင်တဲ့အကြောင်းအချက်တွေကအောက်ပါအတိုင်းပါပဲ..။
- လာရောက်လည်ပတ်သူ website visitors တွေအနေနဲ့ web pages တွေပေါ်မှာ ပြုပြင်ပြောင်းလဲမှုတွေလုပ်နိုင်စွမ်း.. လုပ်နိုင်ခွင့်ရှိခြင်း..။ Amazon အနေနဲ့ visitors တွေကို product review တွေတင်ဖို့ခွင့်ပြုပါတယ်။ Online Form တစ်ခုကိုအသုံးပြုပြီးတော့ လာရောက်လည်ပတ်သူအနေနဲ့ နောက်ထပ်လာလည်ဦးမယ့်.. visitors တွေဖတ်မိစေနိုင်ဖို့ အချက်အလက်တွေကို Amazon ရဲ့စာမျက်နှာပေါ်မှာ ရေးသားနိုင်ပါတယ်..။
- user တွေအချင်းချင်းကြားထဲမှာвЂ¦ ဆက်သွယ်မှုအဖြစ်နဲ့ web စာမျက်နှာများကိုအဓိကအသုံးပြုလာကြခြင်း..။ ဒီအပိုင်းနဲ့ပတ်သက်ပြီးတော့.. Facebook နဲ့ Myspace တို့လို Social networking ၀က်ဘ်ဆိုဒ်တွေရဲ့ ကျော်ကြားမှုကိုကြည့်ရင် အထင်အရှားမြင်နိုင်ပါတယ်။ သူတို့တွေကိုသုံးခြင်းအားဖြင့် လူအချင်းချင်းကြားမှာ တစ်ယောက်နဲ့တစ်ယောက်အမြဲတမ်း ထိတွေ့ဆက်ဆံမိနေစေပါတယ်။
- content တွေကို မျှေ၀ဖို့ လွယ်ကူမြန်ဆန်ခြင်း။ Youtube ကအဲဒီအတွက်တော့ ပြီးပြည့်စုံတဲ့ဥပမာတစ်ခုပါပဲ။ Youtube member တစ်ယောက်အနေနဲ့ video တစ်ခုကို ပြုလုပ်ပြီးတော့ တစ်နာရီတောင်မကြာတဲ့အချိန်အတွင်းမှာ တခြားသူတွေကြည့်ရှုနိုင်ဖို့ ဆိုဒ်ပေါ်မှာ upload တင်နိုင်ပါတယ်။
- အချက်အလက်တွေရရှိဖို့နည်းလမ်းအသစ်များ။ ယနေ့အခါမှာ.. Internet အသုံးပြုသူတွေအနေနဲ့ web page ရဲ့ Really Simple Syndication(RSS) feeds တွေမှာ subscribe လုပ်ပြီးвЂ¦ အချိန်နဲ့တပြေးညီ.. အသိပေးနေခြင်းမျိုးကို ခံစားရယူနိုင်ပါတယ်။ အင်တာနတ် connection ရှိနေသရွေ့ web page ရဲ့ updates အချက်အလက်တွေကို ရနေမှာပါ။
- ကွန်ပျူတာတွေမှာတင်မကပဲ.. Internet အသုံးပြုမှု အခြားပစ္စည်းများဖြင့်ပါ ကျယ်ပြန့်လာခြင်း။ လူအတော်များများဟာ cell phones ဒါမှမဟုတ် video game consoles စတဲ့ ပစ္စည်းတွေနဲ့တောင် အင်တာနတ်သုံးနိုင်နေကြပါပြီ။ အချို့သောကျွှမ်းကျင်သူများရဲ့အဆိုအရ တယ်လီဗေးရှင်းတွေ တခြား ပစ္စည်းတွေကနေတစ်ဆင့် အင်တာနတ်သုံးလို့ရနိုင်တော့မှာကိုမျှော်လင့်ထားနေကြပါပြီ။
web 1.0 ဆိုတာကို စာကြည့်တိုက်တစ်ခုလိုသဘောထားကြည့်မယ်။ သူ့ကိုကျွှန်တော်တို့ သတင်းအချက်အလက်တွေ ရရှိနိုင်တဲ့နေရာတစ်ခုလိုမျိုးအသုံးပြုခဲ့ကြတယ်။ ဒါပေမယ့် ကျွှန်တော်တို့ user တွေကြားထဲမှာ contribute လုပ်တာမျိုး .. ရှိပြီးသားအချက်အလက်တွေကို ကိုယ်တိုင်ပြောင်းလဲနိုင်တာမျိုးမရရှိခဲ့ဘူး..။ web 2.0 ကတော့ မိတ်ဆွေသူငယ်ချင်း user အချင်ချင်း သိကျွှမ်းလာတာတွေ ကြီးမားတဲ့အစုအေ၀း တစ်ခုလိုပါပဲ။ သတင်းအချက်အလက်တွေကိုလည်းရရှိဖို့လည်းအသုံးပြုတယ်။ ဒါ့အပြင် contribute လည်းလုပ်နိုင်တယ်ပေါ့။
လူအတော်များများက web 2.0 ပေါ်မှာ အခြေကျနိုင်ဖို့ကြိုးစားနေရဆဲမှာပဲ.. တချို့တွေကတော့ နောက်ထပ်ဘာလာဦးမလဲဆိုတဲ့အပေါ်မှာစတင်တွေးတောနေကြပါပြီ။ web 3.0 ဆိုတာ ဘယ်လိုမျိုးများဖြစ်လာနိုင်မလဲပေါ့။ ငါတို့ဒီနေ့သုံးနေတာနဲ့ ဘယ်လိုများခြားနားသွားဦးမလဲ..။ ပြောင်းလဲမှုကြီးကြီးမားမားဖြစ်လာမှာလား ဒါမှမဟုတ် ခြားနားမှုတွေက ငါတို့ သတိမပြုမိလိုက်လောက်အောင် အသေးအဖွဲလောက်လေးလားвЂ¦ စတဲ့မေးခွန်းမျိုးတွေကိုပေါ့..။
ဒီအကြောင်းအရာနဲ့ပတ်သတ်ပြီး အင်တာနတ်ရေးရာကျွှမ်းကျင်သူတွေက World Wide Web ရဲ့နောက်ထပ်လာမယ့် generation ဟာ ဘယ်လိုပုံစံမျိုးဖြစ်မယ်လို့တွေးတောထင်မြင်နေကြပါသလဲ..။
အင်တာနတ်ရေးရာ ကျွှမ်းကျင်သူများကတော့ web 3.0 က personal assistant တစ်ယောက်ကိုယ့်မှာရှိနေသလိုခံစားမိစေမယ်လို့တောင်ယူဆနေကြပါတယ်။ သင့်ရဲ့အကြောင်းကိုအကုန်သိနေပြီးတော့ သင့်ရဲ့ဘယ်မေးခွန်းကိုမဆို ဖြေကြားပေးဖို့ ရှိနေမယ်.. သင်သိချင်တဲ့အင်တာနတ်ပေါ်ကအချက်အလက်တွေကိုလည်း အကောင်းဆုံး ထုတ်ပေးနိုင်မယ်လို့ တွေးထင်နေကြပါတယ်။ လူအများစုက web 3.0 ကို အရမ်းကြီးမားတဲ့ Database ကြီးတစ်ခုအဖြစ်နဲ့နှိုင်းယှဉ်နေကြပါတယ်..။ အခုအချိန်အခါမှာ web 2.0 က internet ကိုကြားခံပြီး.. လူတွေကြားထဲမှာ ဆက်သွယ်မှုကောင်းကောင်းပြုလုပ်ပေးနိုင်နေပြီးတော့ web 3.0 ကတော့ internet ကိုကြားခံပြီးвЂ¦ သတင်းအချက်အလက်တွေကြားထဲမှာ ဆက်သွယ်မှုကောင်းကောင်းလုပ်ပေးနိုင်ပါလိမ့်မယ်။ ဆိုလိုတဲ့သဘောကိုလွယ်လွယ်ကူကူနားလည်ဖို့ ဥပမာတစ်ခုကြည့်ရအောင်вЂ¦။ သင့်အနေနဲ့ အားလပ်ရက်မှာ အပန်းဖြေအနားယူဖို့ခရီးထွက်မယ် ဆိုပါတော့ဗျာ။ နွေးနွေးထွေးထွေးရှိတဲ့ အပူပိုင်းဒေသတစ်ခုကို သွားမယ်ပေါ့ဗျာ..။ သင့်ရဲ့ခရီးစဉ်အတွက် budget $3,000 သက်မှတ်ထားလိုက်မယ်..။ နေလို့ထိုင်လို့ လည်ပတ်လို့ကောင်းမယ်နေရာလေးကိုသင်ကလိုချင်တယ်..။ ဒါပေမယ့် ပိုက်ဆံတော့ များများမသုံးချင်ဘူးвЂ¦။ ပြီးတော့ လေယဉ်စီးခကလည်း သင့်တင့်ရမယ် вЂ¦ အဆင်ပြေရမယ်။ အခုလောလောဆယ် ကျွှန်တော်တို့မှာရှိနေတဲ့ Web technology အရвЂ¦ အကောင်းဆုံး အားလပ်ရက် ခရီးစဉ်တစ်ခုကိုရွေးချုယ်နိုင်ဖို့အတွက် research လုပ်ရမှာအမြောက်အများရှိနေပါလိမ့်မယ်။ သွားသင့်တဲ့နေရာကို တစ်ခုချင်းလိုက်စဉ်းစားနေရမယ်။ travel site နှစ်ခုသုံးခုလောက်၀င်ကြည့်ရမယ်..။ လေယဉ်ခတွေ ဟိုတယ်အခန်းခတွေ နှိုင်းယှဉ်ရမယ်вЂ¦။ နာရီပေါင်းများစွာအချိန်ကုန်နိုင်ပါတယ်။ တချို့သော အင်တာနတ် ရေးရာ ကျွှမ်းကျင်သူတွေရဲ့အဆိုအရ web 3.0 နဲ့သာဆိုရင် အေးဆေးဆေးဆေးလေး ထိုင်နေယုံပဲ.. အင်တာနတ်ကသူ့ဟာသူ လုပ်စရာရှိတာ သင့်အတွက်လုပ်ပေးနိုင်မှာပါတဲ့..။ Cheesy search service တစ်ခုကိုအသုံးပြုပြီးတော့ သင်ရှာဖွေရတဲ့ parameters ကိုကျဉ်းမြောင်းစေနိုင်ပါတယ်။ အင်တာနတ်က သူကိုယ်တိုင် အချက်အလက်စုဆောင်း ေ၀ဖန်ပိုင်းခြား analyze လုပ်ပြိး.. အကောင်းဆုံးအဖြေကိုသင့်ကိုချပြပါလိမ့်မယ်..။ အဲဒီလိုဖြစ်လာစရာရှိပါတယ်вЂ¦ ဘာဖြစ်လို့လည်းဆိုတော့ web 3.0 အနေနဲ့က Web ပေါ်မှာရှိတဲ့ သတင်းအချက်အလက်တွေကို နားလည်နေနိုင်မှာမို့လို့ပါပဲ..။ အခုလက်တစ်လောအနေအထားမှာတော့ search engine တစ်ခုကိုကျွှန်တော်တို့ အသုံးပြုတဲ့အခါမှာ သူက ကျွှန်တော်တို့ရှာလိုက်တာကို အမှန်တကယ်နားမလည်ပါဘူး.. ကျွှန်တော်တို့ရိုက်ထည့်လိုက်တဲ့ keywords တွေပါ၀င်နေတဲ့ ၀က်ဘ် စာမျက်နှာတွေကိုသာ ရှာဖွေပေးတာပါ။ ကျွှန်တော်တို့ဘာကိုရှာတာလဲ.. သူပြလိုက်တဲ့ web page ကကျွှန်တော်တို့ရှာတာနဲ့ ကိုက်ညီလားဆိုတာ သူမသိပါဘူး။ ဥပမာ.. вЂњSaturnвЂќ လို့ကျွှန်တော်တို့ရှာလိုက်ရင် planet နဲ့ပတ်သတ်တာ ဖော်ပြမှာဖြစ်သလို car manufacturer အကြောင်းတွေပါသူကပြပေးမှာပါ..။
web 3.0 မှာဖြစ်ပေါ်လာမယ့် search engine ကတော့ ကျွှန်တော်တို့ရှာလိုက်တဲ့ keyword ကိုတင်မဟုတ်တော့ဘဲ.. ကျွှန်တော်တို့ရဲ့ တောင်းဆိုမှုရဲ့ ဆိုလိုရင်းကို အဓပ္ပါယ်ပြန်ပေးနိုင်ပါလိမ့်မယ်။ အကယ်လို့သာ ခုနကဥပမာ အရ.. ကျွှန်တော်တို့က вЂњtropical vacation destinations under $3,000вЂќ လို့ရိုက်ပြီး ရှာလိုက်ရင် အဖြစ်သင့်ဆုံးနဲ့အကောင်းဆုံး ကိုသူကချပြပေးပါလိမ့်မယ်.. အင်တာနတ်တစ်ခုလုံးကိုမွှေနှောက်ပြီးတော့ ပေါ့..။
တကယ်တမ်းမှာတော့ အနာဂတ်မှာ နည်းပညာအသစ်တွေ ဘယ်လိုတစ်ဖြည်းဖြည်း ထွက်ပေါ်လာမယ်ဆိုတာ ကျွှန်တော်တို့အနေနဲ့ ဘယ်လိုမှတော့ အတိအကျမသိနိုင်ပါဘူး..။ web 3.0 နဲ့ပတ်သက်ပြီးတော့ တော့ internet experts အများစုက ယေဘူယျအချက်တွေကိုတော့ သဘောတူနေကြပါတယ်။ web 3.0 က user တွေကိုသေချာပေါက် ပိုပြီးကောင်းတဲ့ ကျေနပ်မှုနဲ့ အမြင်သစ်တွေကိုပေးစွမ်းနိုင်မယ်လို့ ယုံကြည်ထားကြပါတယ်။ အများစုက web 3.0 ကိုရောက်လာတဲ့အခါ ကျွှန်တော်တို့ အင်တာနတ်အသုံးပြုကြသူတိုင်း ကျွှန်တော်တို့ရဲ့ browsing history အပေါ်မှာအခြေခံတဲ့ internet profile လေးတွေရှိကြမယ်လို့ ယုံကြည်နေကြပါတယ်။ ဒီ profile လေးတွေကိုသုံးပြီး.. web 3.0 က မတူညီတဲ့ browsing experience တွေကိုတစ်ဦးချင်းဆီကိုပေးပါလိမ့်မယ်..။ ဘာကိုဆိုလိုလည်းဆိုတော့ ဥပမာ သင်နဲ့ကျွှန်တော် က internet ပေါ်မှာ တူညီတဲ့ keyword တစ်ခုကိုရိုက်ထည့်ပြီး search လုပ်ရင် မတူညီတဲ့ result တွေရရှိပါလိမ့်မယ်..။ စိတ်လှုပ်ရှားစရာပါပဲвЂ¦။
ဒါပေမယ့်လည်း အဲဒီလိုလုပ်နိုင်တဲ့ နည်းပညာနဲ့ software မျိုးတွေဟာ အခုအချိန်အထိတော့ mature မဖြစ်ကြသေးပါဘူး..။ အချို့ကြိုးစားနေကြပေမယ့် ကောင်းကောင်း အဆင်ပြေတာမျိုးမကြားရသေးပါဘူး။ TiVO , Pandora စတဲ့ services တွေတော့ ပေါ်လာနေပါတယ်вЂ¦ ဒါပေမယ့်လိုအပ်ချက်များစွာနဲပါвЂ¦။ အထူးသဖြင့်ကတော့ television show နဲ့ တေးဂီတသီသန့် အစရှိသဖြင့် ကန့်သန့်ချက်မျိုးတွေပါвЂ¦။ web 3.0 ကြရင်တော့ အင်တာနတ်မှာရှိတဲ့ သတင်းအချက်အလက်အားလုံး ပါ၀င်ပတ်သက််ရမှာပါ။
အချို့သောကျွှမ်းကျင်သူများကတော့ web 3.0 ရဲ့ အခြေခံ ဖောင်ဒေးရှင်က application programming interfaces(API) ဖြစ်လာမယ်လို့ယူဆကြပါတယ်.။ API ဆိုတာက တိကျတဲ့ အချက်အလက်အရင်းအမြစ်ပေါ်မှာ မူတည်ပြီး.. developer တွေအနေနဲ့ application တွေကိုဖန်တီးနိုင်စေတဲ့ ကြားခံ ဒီဇိုင်းတစ်ခုကိုဆိုလိုပါတယ်။ ယနေ့ခေတ် web 2.0 ဆိုဒ်အချို့မှာвЂ¦ ၀က်ဆိုဒ်ရဲ့ data နဲ့ capabilities တွေကို programmer တွေကို access လုပ်ခွင့်ပေးတာမျိုးရှိပါတယ်။ Facebook ကတော့အမြင်သာဆုံးပါပဲ..။ Facebook ရဲ့ API က သူ့့ကို game ကစားရာနေရာ quizzes တွေ product review အစရှိတာတွေရဲ့ တင်ပြပေးတဲ့နေရာတစ်ခုအနေနဲ့ developer တွေအနေနဲ့ program တွေကိုဖန်တီးထားစေပါတယ်။
နောက်ထပ် web 3.0 ကိုဦးတည်နေစေတဲ့ web 2.0 လမ်းကြောင်းတစ်ခုကတော့ mashup ပါвЂ¦။ mashup ဆိုတာက နှစ်ခုဒါမှမဟုတ် နှစ်ခုထက်ပိုတဲ့ application နှစ်ခုကို တစ်ခုတည်းဖြစ်အောင်ပေါင်းစပ်အသုံးချတာမျိုးပါ။ ဥပမာвЂ¦ developer တစ်ယောက်က user တွေ စားသောက်ဆိုင် review လုပ်တဲ့ program ကို google map နဲ့ပေါင်းလိုက်တာမျိုးပေါ့.။ ပေါင်းလိုက်တဲ့ mashup application အနေနဲ့ restaurant reviews ကိုတင်မဟုတ်တော့ပဲ သူ့ရဲ့တည်နေရာကိုပါ user ကိုသိရှိစေဖို့လမ်းညွန်ပေးပါလိမ့်မယ်။
တချို့သော ကျွှမ်းကျင်သူများကလည်း web 3.0 အနေနဲ့လန်းလန်းဆန်းဆန်းစတင်လာမှာမျိုးဖြစ်တယ်လို့ ထင်နေကြပြန်ပါတယ်။ HTML ကို အခြေခံ ဘာသာစကားအဖြစ်အသုံးပြုနေတဲ့ အစား.. သူ့နေရာမှာ တခြားအသစ်သော (အခုထိမသိရသေးသော) language အသစ်တစ်ခု ပေါ်မှာမူတည်မယ်ဆိုတဲ့အတွေးမျိုးပါပဲ။ လက်ရှိရှိနေတဲ့ web ကိုပြောင်းလဲပစ်တာထက် သုညကနေပြန်စ တာကပိုမိုလွယ်ကူမယ်လို့ ယူဆနေကြတာပါ.။ ဘယ်လိုပဲဖြစ်ဖြစ်သေချာတာကတော့ web 3.0 အကြောင်းအခုပြောရတာ အယူအဆသက်သက်ဆန်လွန်းပြီးတော့ လက်တွေ့မှာတော့ သူဘယ်လိုပုံစံမျိုးလဲဆိုတာ အတိအကျပြောဖို့မဖြစ်နိုင်သေးပါဘူးလို့ကျွှန်တော်ကတော့ ယူဆမိပါတယ်вЂ¦။
P.S mmso.org နှင့် ကျနော့်ဘလော့မှာတင်ထားတာကိုမဖတ်ရသေးသူများအတွက် ပြန်တင်ပေးတာပါ... ကျေးဇူးတင်ပါတယ်။
Time to go android Development
အခုအချိန်မှာ Touch တွေ ခေတ်စားလာတဲ့အမျှ Android ဟာလည်း  အောင်မြင်လာတာပဲ။ မြန်မာနိုင်ငံမှာလည်း မကြာခင်ကာလမှာ Android ဟာ  အောင်မြင်လာနိုင်စရာ ရှိပါတယ်။ ဘာဖြစ်လို့လည်းဆိုတော့ Android ဟာ OS က free  ဖြစ်လို့ပါ။ လက်ရှိ မြန်မာနိုင်ငံမှာ တရုတ်ဖုန်းတွေ စျေးကွက်တည်း  စဝင်လာတာကိုလည်း တွေ့ရပါတယ်။ တရုတ်ဖုန်းတွေ Nokia လိုမျိုး Symbian OS  ကိုထည့်သွင်းထား ပါပေမယ့် နောင်တချိန်မှာ Android ကိုပြောင်းလဲလာဖို့  အလားအလာရှိပါတယ်။ ဘာလို့ Android ကို အခုအချိန်မှာ စလေ့လာဖို့လိုသလဲဆိုတော့  စျေးကွက်ပြောင်းလဲလာခဲ့ရင် အသင့်ရှိနေအောင်ပါ :cool:။
Android က iPhone App ထက်စာရင် apk ကို တိုက်ရိုက်သွင်းလို့ရတယ်။ ဒါဟာ  မြန်မာနိုင်ငံအတွက် သင့်တော်တဲ့ အချက်ပဲ။ ဆိုင်တွေမှာ apk file ပေးထားပြီး  သွင်းခိုင်းပြီး ရောင်းချတာပဲ ဖြစ်ဖြစ် apk file ကိုပဲ internet ကနေ free  ပေးတာပဲဖြစ်ဖြစ် သင့်လျော်ပါတယ်။  Apk ဆိုတာကတော့ နားလည်အောင်ပြောရရင်  Android app installer file ပေါ့။ Android SDK နဲ့ရေးပြီး complie  လုပ်လိုက်ရင် APK file ရပါတယ်။ အဲဒီ APK file ရရင် Android တွေ မှာ  သွင်းလို့ရပါပြီ။ မြန်မာနိုင်ငံစျေးကွက်ပုံစံအရ hardware  လိုက်ရောင်းချလာတာတွေလည်း ရှိနိုင်တယ်။ Android OS တင်ထားပြီး APK အရံသင့်  သွင်းထားတဲ့ hardware တွေ ရောင်းချလာနိုင်တယ်။ ဥပမာ။။ Dictionary  လိုမျိုးပေါ့။ Android OS ရဲ့ အားသာချက်က Screen အရွယ်အစားမရွေးတာပဲ။  နောက်ပြီး hardware ကောင်းရင်ကောင်းသလောက် မြန်ဆန်တာကိုတွေ့ရပါတယ်။ Nexus  One ဟာ Android ဖုန်းတွေထဲမှာ သဘောကျစရာအကောင်းဆုံးနဲ့ လက်ရှိ အကောင်းဆုံး  Android လို့တောင် ဆိုလို့ရပါတယ်။
သမာရိုးကျ APK ရောင်းတာထက် မြန်မာနိုင်ငံအနေနဲ့ hardware နဲ့တွဲပြီး  ရောင်းချတာ ပိုအောင်မြင်နိုင်တဲ့ အလားအလာရှိပါတယ်။ Dictionary ပဲဖြစ်ဖြစ်  အခြား ကိုယ်ပိုင် Software ပဲဖြစ်ဖြစ်ပေါ့။ သေးသေးလေးမဟုတ်ပဲ apk file တွေ  ခိုးကူးမှာ ကြောက်ရတဲ့ လုပ်ငန်းရှင်တွေအတွက် အဲလိုမျိုး hardware  လိုက်ရောင်းချလာဖို့ ရှိလာနိုင်တယ်။ မြန်မာနိုင်ငံမှာ အဓိကလိုအပ်တာက  Android Developer တွေပါ။ လက်ရှိ mobile developer တွေအနေနဲ့လည်း Android  ကိုစလေ့လာသင့်နေပါပြီ။ java အခြေခံရှိတဲ့သူတွေအနေနဲ့ လေ့လာဖို့  အရမ်းလွယ်ပါတယ်။ Android SDK ကို  http://developer.android.com/sdk/index.html မှာ download ချနိုင်ပါတယ်။  နောက်ပြီး Eclipse နဲ့ တွဲရေးဖို့အတွက် android ADT plugin ကို  http://developer.android.com/sdk/eclipse-adt.html အဲဒီမှာ  သွင်းနိုင်ပါတယ်။ Android SDK ကိုသွင်းရတာ အစက ခက်ခဲပေမယ့် gooling  လုပ်ပြီးတော့ ဖြစ်စေ MZ မှာ ဖြစ်စေ မေးမြန်းနိုင်ပါတယ် :confused: ။
Ubuntu GoTo Mac????
သင့်အနေနဲ့လည်း ယခု ထွက်ရှိမဲ့ Ubuntu10.04 က theme လေးကို နှစ်သက်တယ်ဆိုရင်
http://gnome-look.org/content/show.php/Ubuntu-X+Iconsets+by+mickyz?content=122279&PHPSESSID=c082e897eba0ce26811b195e259156d8
မှာ သွားပြီး ဒေါင်းလုပ်ချပြီး သင့်ရဲ့ ယခု Ubuntu မှာ သွင်းပြီး အသင့် သုံးစွဲနိုင်ပါတယ် ခင်ဗျာ။
သင်လည်း ကြိုက်မကြိုက် ပြောခဲ့ပါဦး။
Facebook F8 Keynote
Keynote အဖွင့်မှာကတည်းက Open Graph API နဲ့ စလိုက်တာပဲ။ Open Graph  ဆိုတာကတော့ ကျွန်တော်တို့ ကျောင်းမှာသင်ခဲ့ရတဲ့ sementatic ပါပဲ။ အဲ...  UCSY မှာကတော့ မသင်ရဘူးလားမသိဘူး။ ကျွန်တော် Hons လုပ်တုန်းက Master Thesis  လုပ်နေတဲ့သူဆီကနေ ခဏ ငှားဖတ်မိပြီး သဘောကျတာနဲ့ တခြား  စာအုပ်တွေကိုဖတ်ကြည့် လေ့လာကြည့်မိဘူးတယ်။ Theory အရသဘောတွေ့ပေမယ့်  လက်တွေ့မှာ တော်တော်ဖြစ်ဖို့ခဲယဉ်းတယ်လို့ ဆိုရမယ်။ လူပျိုကြီးနဲ့လည်း  Sementatic အကြောင်း ဆွေးနွေးဘူးသေးတယ်။ theory ကောင်းပေမယ့်  သူ့ကိုသုံးမယ်ဆိုရင် developer တွေက အကုန်လိုက်ပြင်ရမလို ဖြစ်နေတော့  ဖြစ်ဖို့ သိပ်မလွယ်လှဘူးပေါ့။ Mark ကလည်း စကတည်းက Open Graph ကို  တန်းမပြောဘူး။ Steve စတိုင်အတိုင်း statics တွေနဲ့ facebook connect  လူသုံးများလာတာတွေ နောက်ပြီး fan page တွေ လူသုံးများလာတွေကို ရှင်းပြတယ်။  အဲဒါက အစပဲ။
facebook connect လူသုံးများလာခြင်းက Open Graph ကို  ဖြစ်လာစေဖို့အများကြီး အထောက်အကူပြုတာပဲ။ မလွယ်လှဘူးထင်တဲ့ Sementatic  Network ကြီးပေါ်လာစေခြင်း အစပဲ။ facebook connect တွေ လူသုံးများလာတာ  ကိုယ်လည်း သိတယ်။ အဲလို လူသုံးမျာလာတာ Sementatic Network  ဖြစ်စေတယ်ဆိုတာကို ကိုယ့်ကို မသိလိုက်လေခြင်းလို့ တွေးမိပြီး အားမလို  အားမရတောင် ဖြစ်သွားတယ်။ Open Graph ကရှင်းပါတယ်။ Facebook Connect ကို  သုံးမယ်။ ပြီးရင် Graph အတိုင်းဆွဲထုတ်လိုက်ရုံပဲ။ ဥပမာ။ ကျွန်တော်က  cocacola ကြိုက်တယ်။ သူ့ Fan Pages ကို Like လုပ်လိုက်တယ်။ ဒါဆို ကျွန်တော်  cocoacola ကြိုက်တာကို ကျွန်တော့် သူငယ်ချင်းတွေ သိနိုင်တယ်။ နောက်ပြီး  facebok connect သုံးထားတယ်။ အရင်ကလို code တွေ အများကြီးနဲ့  ခေါ်နေစရာမလိုတော့ဘူး။ Login ဝင်ထားသူရဲ့ information သိချင်တယ်။ ဒါဆိုရင်  https://graph.facebook.com/me/ လို့ ခေါ်လိုက်ရုံပဲ။ ဒါဆိုရင် home wall   ကို သိချင်တာလား https://graph.facebook.com/me/home ဆိုရင် ရပါပြီ။  ရိုးရှင်းတယ်။ လွယ်ကူပါတယ်။ နောက်ပြီး oAuth 2.0 ကို အသုံးပြုထားပါတယ်။  အရင်ကထက် သုံးရတာ အများကြီးလွယ်သွားပြီ။ နောက်ပြီး Picture , Analystic ,  Publish Post စတာတွေကို လုပ်လို့ရလာပြီ။
နောက်ထပ် တစ်ခုကတော့ Social  Plugins (http://developers.facebook.com/plugins) အသစ် ၇ ခုကို ကြေငြာခဲ့ပါတယ်။ သဘောအကျဆုံးကတော့ like button  ပဲ။ သမာရိုးကျ wordpress မှာ like button သုံးရတာထက် facebook like button  ကို သုံးရတာ ပိုသဘောကျတယ်။ ဘာဖြစ်လို့လည်းဆိုတော့ ကိုယ့် ဘယ်သူငယ်ချင်းတွေ  like သလဲဆိုတာကို သိနိုင်လို့ပါ။ အဲဒီ like button ကိုလည်း meta tag  တွေသုံးထားခဲ့ရင် ကိုယ် ဘာကို like ထားလဲဆိုတာကို ပြန်ဖော်ပြပေးနိုင်တယ်။
နောက်ပြီးတော့ အရင်ကလို Authentication လုပ်ပုံမဟုတ်တော့ပဲနဲ့  တစ်ခါတည်းနဲ့ Authentication အများကြီးကို Allow လုပ်လို့ရပါပြီ။ အရင်ကဆို  Allow ကြီးပဲ ၂ ခါ ၃ ခါ လောက်နှိပ်ရတဲ့ ပြဿနာတွေ ကင်းဝေးသွားတာပေါ့။
Facebook F8 ပွဲ keynote မှာ
Graph API
Authentication
Social plugins
Open Graph protocol
qhub
Header Image  တွေ လည်း တင်လို့ရတယ်။ background image လည်းတင်လို့ရတယ်ဗျ။  စျေးက  ဘယ်လောက်သက်သာလဲဆိုရင် custom ကြော်ငြာထည့်ချင်ရင် $20/month ပဲ။ qhub  brand ဖြုတ်ချင်ရင် $20/month ပဲဗျ။ လန်ထွက်တယ်။ တော်တော်သက်သာတဲ့ စျေးပဲ။  ရေးလက်စ feel တောင် ပျောက်ထွက်သွားတာပဲ ။ဘာပဲဖြစ်ဖြစ် အတော်ပဲ admin panel  ဘယ်လို ရေးရမှန်းမသိတာ Q&A system အတွက် design ပိုင်းကို  ကြည့်လိုက်လို့ရပြီ။ မြန်မာစာကနေ english ပြောင်းရိုက်လိုက်တာပဲဖြစ်ဖြစ်။  english ကနေ မြန်မာ ပြောင်းလိုက်ရိုက်တာပဲဖြစ်ဖြစ် ရှေ့ကို  ရောက်ရောက်သွားတော့ ရိုးရိုး texteditor မှာ ရိုက်ပြီး copy paste  လုပ်တင်နေရတဲ့ ပြဿနာတော့ ရှိတယ်။ တခြားအပိုင်းတွေက  မဆိုးဘူးလို့ဆိုလို့ရမယ်။ နောက်ပြီး facebook ,twitter တို့နဲ့ connect  လုပ်ပြီး ကိုယ် ရေးတဲ့ comment ကို share လုပ်လိုက်လို့လည်း ရတယ်။  တကယ်ကောင်းတဲ့ question and answer system ပါ။
Programmer or Developer
ornagai.com မှာ ရှာထားတဲ့ result ကတော့
Developer (n) : နယ်မြေကို ဖွံ့ဖြိုးတိုးတက်အောင် ဆောင်ရွက်သူ(သို့)ကုမ္ပဏီ။ (ဖလင်၊ ဓာတ်ပုံ) ပုံဖော်ဆေး။
Programmer (n) : ကွန်ပျူတာအတွက်ညွှန်ကြားချက်ရေးသားပြုစုသူ။
WordNet မှာ ပြထားတဲ့ result တွေကတော့
developer  (someone who develops real estate (especially someone who prepares a site for residential or commercial use))
programmer, computer programmer, coder, software engineer (a person who designs and writes and tests computer programs)
လို့ ရေးထားပါတယ်။ wiki မှာဆိုရင်တော့
Programmer
A programmer, computer programmer or coder, is someone who writes computer software. The term computer programmer can refer to a specialist in one area of computer programming or to a generalist who writes code for many kinds of software.
Developer
A software developer is a person or organization concerned with facets of the software development process. They can be involved in aspects wider than design and coding, a somewhat broader scope of computer programming or a specialty of project managing including some aspects of software product management.
ထပ်ရှင်းရရင်တော့ programmer က code ရေးမယ်။ မှားနေတဲ့ဟာတွေ bugs တွေရှိရင် ပြန်ပြင်မယ်ဒီလောက်ပဲ။ Developer အလုပ်ကတော့ development တစ်ခု ပြီးဆုံးအောင်လုပ်ရတယ်။ code ရေးရုံနဲ့ မရဘူး။ Web Developer တစ်ယောက်အနေနဲ့ HTML လည်း ပြင်ရမှာပဲ။ CSS လည်း ပြင်ရမှာပဲ။ code ရေးရုံပဲမဟုတ်ဘူး။ တကယ်လို့ လိုအပ်ရင် server ပေါ်မှာ web application တစ်ခုလုံး run အောင် တင်ပေးရတဲ့ ကိစ္စတွေ လုပ်ရမှာပဲ။ SSH သုံးပြီးတော့ဖြစ်ဖြစ် backup ကိစ္စတွေ လုပ်ရမှာပဲ။ web developer တစ်ယောက်ရဲ့ knowledge တွေကို
http://www.saturngod.net/wp-content/uploads/Web.png
ပြထားပါတယ်။
Programmer နဲ့Developer အများကြီး ကွာခြားပါတယ်။ Software Developer တစ်ယောက်အနေနဲ့လည်း ဒီ software ကို တစိတ်တပိုင်း ရေးသားရုံသာမက ဒီ software release ဖြစ်ပြီး installer ထုတ်တဲ့ အထိ ပါရင် ပါရမယ်။ ဒါမှမဟုတ် Client တွေနဲ့ပြောဆိုပြီး ညှိရမယ့် ကိစ္စတွေ ရှိကောင်းရှိတယ်။ Software Development လုပ်နေတာ။ Programming လုပ်နေတာမဟုတ်ဘူး။ Programming လုပ်တယ်ဆိုတာက computer ရှေ့မှာ ထိုင် code တွေ ရေးလိုက်။ အမှားတွေကို ပြင်လိုက်။ ဒါလေးပဲ လုပ်ရတာပါ။
Programming တတ်တဲ့သူတိုင်း Programmer တစ်ယောက် ဖြစ်နိုင်ပါတယ်။ Developer တစ်ယောက်ဖြစ်ဖို့ကတော့ programming knowledge နဲ့တင် မလုံလောက်ပါဘူး။ တကယ့် realworld မှာ Web Programmer ဆိုတာ မရှိပါဘူး။ Web Developer ပဲရှိတယ်။ Web Development မှာ code ထိုင်ရေး ရတဲ့ အလုပ်တစ်ခုသာမက အခြား ကိစ္စတွေ ပါဆောင်ရွက်ရလို့ပါ။ Software Development မှာကတော့ programmer ကော developer ပါရှိပါတယ်။
Software Engineer ကိုတော့ အခုထက်ထိမတွေ့ရသေးဘူး။ ရုံးမှာလည်း Software Engineer ဆိုပြီး သီးသန့်ခန့်ထားတာ မရှိဘူး။ wiki မှာကတော့
A software engineer is a person who applies the principles of software engineering to the design, development, testing, and evaluation of the software and systems that make computers or anything containing software, such as computer chips, work.
Software Engineer ဆိုတာ Software Engineering နဲ့ ဘွဲ့ရထားတဲ့ သူကိုခေါ်တာပဲလားတော့ မသိ ။ အားမှပဲ ရှာဖတ်ကြည့်အုံးမယ်။ project manager တွေကတော့ Software Engineering ကို တတ်မြောက် ကျွမ်းကျင်မှသာ project management လုပ်ရတာ အဆင်ပြေမှာပါ။ Software Engineering ကို ကျောင်းမှာ သင်တုန်းကတော့ ပျင်းဖို့ ကောင်းလိုက်တဲ့ subject တရပ်လို့ ဆိုရမလားပဲ။ ကျောင်းက လူတွေခေါ်တာကတော့ ကျက်စာ တဲ့။ SE က တကယ် အခြေခံမပိုင်ပဲ Project Manger ဖြစ်လာခဲ့ရင် တော်တော် ကမောက်ကမ နိုင်တယ်လို့ ဆိုရမယ်။ Risk Managemement တို့ Testing တို့ဆိုတာက ကျောင်းမှာ အလကားသင်တာ မဟုတ်မှန်း အခုမှ သဘောပေါက်တော့တယ်။ တစ်ခါတစ်လေတော့လည်း စဉ်းစားမိပါတယ်။ ကျောင်းမှာ စာတွေကို သေသေချာချာ ဖတ်ခဲ့ပြီး ဆရာမ သင်တာ ကောင်းသည်ဖြစ်စေ ဆိုးသည် ဖြစ်စေ နားထောင်ဖြစ်ခဲ့ရင် ကောင်းသားလို့။
Web Designer Should use Grid
ဘယ်ဟုတ်မလဲ။ သူက 960.gs ကို သုံးတာကို။  နောက်မှ သဘောပေါက်သွားတော့တယ်။ http://www.960.gs ကနေ 960 grid system ကို  ယူပြီး CSS မှာ အသုံးပြုနိုင်တယ်။ ကျွန်တော်တို့ web design layout ချရာမှာ  grid system က အရေးပါပါတယ်။ နောက်ပြီး သူ့ကို နားလည်ထားရင် web design  layout ဆွဲရတာ အရင်ကထက် ပိုမြန်ပြီးလှတာကို တွေ့မှာပါ။ အသုံးပြုပုံကိုတော့  ကျွန်တော် video.saturngod.net မှာ ပြထားပါတယ်။ ကျွန်တော်တို့ grid system  တွေ အကြောင်းကို အောက်က လိပ်စာတွေမှာ သွားဖတ်ပြီး လေ့လာနိုင်ပါတယ်။
http://net.tutsplus.com/tutorials/html-css-techniques/design-a-beautiful-website-from-scratch/
http://www.instantshift.com/2009/05/21/grid-style-in-modern-web-design-showcase-and-resources/
snippets
Windows မှာကတော့ အများကြီးရှိတယ်။ နာမည်ကြီးတာကတော့ Snip-It Pro ဆိုတာရှိပါတယ်။ သူကတော့ free တော့မဟုတ်ဘူး။ free ရတဲ့ ဟာလေးတွေက Air နဲ့ရေးထားတဲ့ Snippely ရှိတယ်။သူ့အကြောင်းကိုတော့ ဒီမှာ ရေးဘူးတယ်။ Windows မှာဆိုရင် codex လည်း free ရတယ်။ နောက်ပြီးတော့ Mac မှာဆိုရင်တော့ Snippetsapp ရှိတယ်။ version 1 မရောက်ခင်ထိတော့ free ပါ။ ဒါတွေက offline သုံးဖို့ပေါ့။ Snippets Program တွေအကြောင်းကို StackOverflow မှာ ပြောထားတာတွေလည်းရှိပါတယ်။ snippets ဆိုပြီး ရှာလိုက်ရုံနဲ့တွေ့နိုင်ပါတယ်။
Cloud ထဲမှာဆိုရင်တော့ Evernote မှာ ရေးမှတ်တာ အကောင်းဆုံးပဲ။ offline လည်းရတယ်။ နောက်ပြီး Tag လေးတွေလေး မှတ်ထားလို့ရတယ်။ အဲ.. သူ့မှာကတော့ syntax highlighting တော့ မရဘူးပေါ့။ နောက်ပြီး online မှာဆိုရင်တော့
http://gist.github.com/
http://snipplr.com/
"သားသားကြီးလာရင် Game Developer လုပ်မယ်"
တကယ်လို့ သင်ဟာ IT ကိုလဲ စိတ်၀င်စားမယ်၊ games တွေကိုလဲအရူးအမူးကစားမယ်၊ အားတဲ့အချိန်မှာလဲ game အိုင်ဒီရာ အသစ်တွေအမြဲတွေးနေမယ်ဆိုရင်၊ သင်ဟာ game developer ဖြစ်ဖို့ ပါရမီပါတယ်လို့ ပြောရမှာပါ။ တကယ်လဲ game developer ဖြစ်ချင်လို့၊ အဲဒီ career ကိုရွေးချယ်ခဲ့မယ်၊ ဇွဲမလျှော့ဘဲ ကျိုးစားမယ်ဆိုရင် တကယ် rewarding ဖြစ်တဲ့ career path တခုပါ။ တကယ်၀ါသနာပါတဲ့ သူတွေအတွက်၊ အလွန်ကျေနပ်စရာ ကောင်းတဲ့အလုပ်တခုပါ။ ဒါပေမဲ့ သင်ဟာ game developer ဆိုရင် game ဆော့ရင်း ပိုက်ဆံရနေသူတွေ၊ အချောင်ခိုလို့ရတဲ့ အလုပ်လို့ မြင်နေရင်တော့၊ ဒီလမ်းကို လိုက်ဖို့ ရပ်လိုက်ပါ။ Game developer ဆိုတာ တခြားအလုပ်တွေလိုဘဲ၊ ဉာဏသုံးပြီး ပင်ပင်ပန်းပန်းလုပ်ရတဲ့ အလုပ်တခုပါ။ တခြားသူတွေလိုဘဲ၊ အားလပ်ချိန်မှာမှ game ဆော့ခွင့်ရမှာပါ။
ဟုတ်ပြီ၊ တကယ် game developer ဖြစ်ချင်တယ်။ ဘယ်ကစမလဲ။ Game developer လို့သာပြောနေတာ၊ ကမ္ဘာပေါ်မှာ game developer လို့ခေါ်တဲ့ အလုပ် job position မရှိပါ။ တကယ်တော့ game တခုကိုဖန်တီးဖို့ မတူညီတဲ့ အောက်က အလုပ်တွေပေါင်းစပ်ထားတာပါ။
Game programmer: သာမန် programmer ယောက်ပါ။ Programming language တခုကျွမ်းကျင်စွာ ရေးနိုင်ရင် game programmer လုပ်လို့ရပါပြီ။ သင်ဟာ programming ကိုစိတ်၀င်စားမယ်၊ သချာင်္တော်မယ်ဆိုရင် game programmer လုပ်သင့်ပါတယ်။
Game Artist: သာမန် CG artist တယောက်ပါ။ 3D modeling, animation, texturing, sculpting ပိုင်ရင် game artist တယောက်လုပ်လို့ရပါပြီ။ သင့်မှာ အနုပညာပါရမီ ရှိတယ်၊ ဇာတ်ကောင်တွေ၊ environment တွေဖန်တီးရတာကြိုက်ရင် လုပ်သင့်တဲ့အလုပ်ပါ။
ဒါတွေပြီးရင် QA tester၊ Producer၊ Sound Artist နဲ့ game mechanic တွေပါ၀င်ပါတယ်။ တကယ်လို့ သင်ဟာ game developer လိုင်းလိုက်ဖို့စဉ်းစားပြီးရင်၊ ခုနကပြောထားတဲ့ programmer နဲ့ artist ကြိုက်ရာ တခုလိုက်နိုင်ပါတယ်။ ဒါဆို game programmer တယောက်ဖြစ်ဖို့ ဘယ်လိုလေ့လာရမယ်ဆိုတာ နဲနဲထပ်ပြောချင်ပါတယ်။
Game programmer ဆိုတာ တခြား programmer တွေနဲ့ဘာမှမခြားပါဘူး။ တကယ်လို့ သင်ဟာ programming language တခုခုကိုကျွမ်းကျင်မယ်ဆိုရင်၊ game programmer တ၀က်ဖြစ်နေပါပြီ။ ဒီတော့ game programmer လုပ်ဖို့ဘယ် language ကိုလေ့လာရမလဲ? ဒီမေးခွန်းကို မေးခဲ့မယ်ဆိုရင် သင်ဟာ programming language ကို တကယ်မကျွမ်းကျင်သေးပါဘူး။ Language ဟာတကယ်တော့ အရေးမကြီးပါဘူး၊ တကယ်က programming concept တွေကျွမ်းကျင်နေဖို့သာ လိုပါတယ်။ ကျွန်တော်တို့ game programmer တွေသုံးနေတဲ့ တချို့ languages တွေကို ပြောပြရရင် C/C++၊ C#၊ Java၊ ActionScript၊ ObjectC၊ PHP၊ Python၊ SQL၊ နဲ့တခြား propriety scripting language တွေလဲသုံးကြပါတယ်။ ဒီတော့ တခြား programming အလုပ်တွေနဲ့ ဘာမှမထူးပါဘူး။ ဒီတော့ programming language တခုကိုရွေးလိုက်ပါ (C/C++ (သို့) C# ကိုအကြံပေးချင်ပါတယ်)။ ပြီးရင် programming ကိုကျွမ်းကျင်ပိုင်နိုင်စွာ ရေးနိုင်အောင်အရင် ကျိုးစားပါအုံး။
Programming ရပြီဆိုရင်တော့၊ Graphic API တွေလေ့လာဖို့လိုပါတယ်။ Graphic API က game programming ရဲ့အသက်ပါ။ ကွန်ပြူတာပေါ်မှာ လှုပ်ရှားတာ မှန်သမျှ graphic API သုံးပြီးရေးမှာမို့လို့ပါ။ Graphic API မှာအဓိကသုံးနေတာ DirectX နဲ့ OpenGL ဖြစ်ပါတယ်။ တခြား propriety API တွေလဲရှိပါတယ်။ ဒါပေမဲ့၊ အများစုက DirectX သို့မဟုတ် OpenGL ကိုမှီးပြီး extend လုပ်ထားတာများပါတယ်။ DirectX နဲ့ OpenGL တောင် အခြေခံ concept ကအတူတူဖြစ်ပါတယ်။ ဒီတော့ graphic API တခုခုကိုလေ့လာထားရင်၊ ကျန်တဲ့ API တွေလဲအလွယ်တကူ သုံးနိုင်ပါတယ်။ ဒီတော့ Google ထဲမှာသာ DirectX (သို့) OpenGL လို့ရိုက်ထည့်လိုက်၊ တက်လာသမျှ လေ့လာပေတော့ :)
Programming နဲ့ graphic API နှစ်မျိုးလုံးရပြီဆိုရင်၊ games တွေရေးတော့လို့၊ ပြောစရာလိုမယ်မထင်ပါ။ တကယ်၀ါသနာပါသူဟာ၊ လေ့လာရင်း game အသေးလေးတွေ ရေးဖြစ်နေမှာပါ။ Game လေးတွေလျှောက်စမ်းရင်နဲ့ လုပ်ချင်တာလေးတွေ တွေ့လာပါမယ်။ ကိုယ့်ရဲ့ စစ်တိုက်တဲ့ game မှာ unit တွေလမ်းကြောင်းမရှာနိုင်ဖြစ်နေလား? ဒါဆိုလိုနေတာ A* algorithm ပါ။ ဒုံးပျံပြစ်ဖို့ခက်နေသလား၊ vector mathematic သုံးကြည့်ပါ။ ရန်သူ AI ဘယ်လိုရေးမလဲ? State machine သုံးကြည့်ပါ။ စသည်ဖြင့်ပေါ့၊ game ရေးတဲ့အခါ သူနေရာနဲ့သူသုံးရမဲ့၊ technique လေးတွေရှိပါတယ်။ အုန်းနောက်ချောက်ခံပြီး တယောက်ထဲကျိတ်စဉ်းစား မနေပါနဲ့။ Internet မှာရှာကြည့်ပါ။ Forums တွေမှာမေးပါ။ ဒီလို game programming မှာသုံးတဲ့ technique တွေစုထုတ်ထားတဲ့ စာအုပ်တွေရှိပါတယ်။ ကျွန်တော်ကြိုက်တာ ညွန်းရမယ်ဆိုရင် Core Techniques and Algorithms in Game Programming by Daniel SГЎnchez-Crespo Dalmau (ISBN : 0-1310-2009-9) ဖြစ်ပါတယ်။
ကဲဒါဆို game developer ပေါက်စလေးဖြစ်ပြီဆိုပါဆို့။ တကယ့်ပြင်ပမှာ ပိုက်ဆံရတဲ့ professional game developer တယောက်ဖြစ်အောင်ဘယ်လို လုပ်မလဲ။ ဒီအတွက် သင့်မှာရွေးချယ်ရမဲ့ လမ်း (၃) လမ်းရှိပါတယ်။
Indie: အင်ဒိုင်းလို့အတိုခေါက်ခေါ်တဲ့၊ independent game developer အဖြစ်ရပ်တည်မလား? Independent game developer ဆိုတာ ကိုယ်တိုင် game တွေထုတ်၊ ကိုယ်တိုင်ရောင်းပြီး ရပ်တည်နေတာပါ။ ဘယ်သူ့ဆီကမှ ပိုက်ဆံကိုမျှော်ပြီးလုပ်တာ မဟုတ်ဘဲ၊ ကိုယ့် game ကိုဆော့မဲ့ player တွေဆီတိုက်ရိုက်ရောင်းပြီး ပိုက်ဆံရှာတာပါ။ ရပ်တည်ဖို့ အရမ်းခက်ပြီး၊ အောင်မြင်ရင်လဲ အရမ်းစိတ်ကျေနပ်စေမဲ့ အလုပ်ပါ။ နိုင်ငံတကာမှာတောင် ဒီလိုအောင်မြင်စွာရပ်တည်နိုင်တဲ့သူ အနည်းငယ်သာ ရှိတာကို ကြည့်ချင်းဖြင့် ဘယ်လောက်ခက်တယ်ဆိုတာ သိနိုင်ပါတယ်။
Freelancing/Contracted: တကယ်လို့ သင်ဟာနိုင်ငံခြားထွက်ပြီး မလုပ်ချင်ဘူး၊ ကိုယ့်နိုင်ငံမှာကို နေချင်တယ်။ Indie လဲမရပ်တည်နိုင်ဘူးဆိုရင် outsourcing project တွေလက်ခံပြီးလဲ ရပ်တည်နိုင်ပါတယ်။ အဆက်အသွယ်ကောင်းဖို့ တော့လိုပါလိမ့်မယ်။ ဒါပေမဲ့ မိဘနဲ့မကွဲဘဲနေနိုင်ပြီး၊ တော်ရင်တော်သလို နိုင်ငံခြားထွက်လုပ်တာထက်တောင် ၀င်ငွေကောင်းနိုင်ပါသေးတယ်။ Game အလုပ်ဟာ ဒီမှာနေပြီး၊ online ကနေ contract လုပ်ဖို့အသင့်တော်ဆုံး အလုပ်တခုလို့တောင်ပြောလို့ရပါတယ်။ သူက online ကနေဘဲ file အပေးအယူလုပ်၊ presentation လဲပြစရာမလို၊ tech-support လဲပေးစရာမလိုတဲ့ အလုပ်ပါ။
Working at a game company: နိုင်ငံခြားကိုဘဲ သွားပြီးလုပ်မယ်ဆိုလဲ game developer အလုပ်ဟာ၊ အလုပ်ရဖို့ ခက်ခဲတဲ့ အလုပ်တခုမဟုတ်တော့ပါဘူး။ အရှေ့တောင်အာရှ နိုင်ငံတော်တော်များများမှာ game company တွေရှိတယ်။ Singapore နဲ့ China မှာ EA၊ Ubisoft လို game company အကြီးကြီးတွေရဲ့ လက်ခွဲတွေရှိတယ်။ ဒီတော့အလုပ်ရဖို့ လွယ်ကူတဲ့အလုပ်တခုပါ။ ကိုယ်သာကျွမ်းကျင်ပါစေ၊ အလုပ်မရှားပါဘူး။ တခြား level တူ programmer အလုပ်တွေထက်တောင် လခကောင်းနိုင်ပါသေးတယ်။ ကိုယ်၀ါသနာပါတာလဲ လုပ်ရတဲ့အတွက် သင်စိတ်တိုင်းကျနိုင်မှာပါ။
ဒီ (၃) လမ်းကိုခွဲခြားပြလို့၊ တခုစီသာ လုပ်ရမယ်လို့ မဆိုလိုပါဘူး။ သင်ဟာ နေ့ဘက်မှာ game company မှာ full-time လုပ်မယ်၊ ညဘက်ရောက်တော့ contract ရေးမယ်။ ရတဲ့ပိုက်ဆံနဲ့ သင်ရဲ့ indie game လေးကို funding လုပ်မယ်ဆိုလဲရပါတယ်။ ဒါဆို ဒီလို professional သွားနိုင်ဖို့၊ ဘာလိုအပ်မလဲ? ဒါကို စကားတလုံးနဲ့ပြောနိုင်ပါတယ်။ Experience ပါ။ Game နဲနဲရေးတတ်တဲ့ အချိန်ကစပြီး၊ game တွေသာတခုပြီးတခု ထိုင်ရေးပေတော့ B)
တခုတော့ သတိထားဖို့လိုပါတယ်။ Game တခုရေးရင်၊ အပြီးမသတ်ဘဲ နောက်တ game ပြောင်းရေးတတ်ကြပါတယ်။ ဒါကိုတော့ ရှောင်ပါ။ Game တခုစပြီးရင်၊ ပြီးအောင်ရေးပါ။ ပြီးအောင်ရေးနိုင်ဖို့ secret ကတော့ အလွယ်ဆုံး၊ အသေးဆုံး game လေးတွေစရေးပါ။ အဆုံးသတ်နိုင်ပြီဆိုရင် နဲနဲဒီထက် ခက်တာရေးပါ။ သင်ပထမဆုံးရေးတဲ့ game က world of warcraft ဖြစ်စရာမလိုပါဘူး။ Tic-tac-toe game လေးကိုပြီးအောင်ရေးနိုင်ရင်ဘဲ၊ သင်ဟာ အောင်မြင်တဲ့ game developer တယောက်ပါ။ ကမ္ဘာပေါ်မှာ တစ် game လေးတောင် ဖြစ်ဖြစ်မြောက်မြောက် မရေးနိုင်တဲ့ game developer အရေအတွက်ကို သင်သိရင် အံ့အောသွားပါလိမ့်မယ်။
ကိုယ်ပိုင် game တခုလုပ်ဖို့၊ သင့်မှာ graphic တွေမရှိဖြစ်နေပါသလား? ကိုယ်တိုင် artist ကော၊ programmer ကောဖြစ်အောင်ကျိုးစားမနေပါနဲ့။ ဘယ်တော့မှ ဖြစ်လာမှာမဟုတ်ပါ။ သဘောသဘာ၀ချင်း သိပ်ကွာခြားနေတဲ့ အလုပ်နှစ်ခုဖြစ်နေလို့ပါ။ ဒီတော့ internet က free ရတဲ့ graphic တွေသုံးပါ။ Photoshop တော့သိဖို့လိုပါမယ်။ 3D အတွက်ဆို Poser ရှိပါတယ်။ Free ဒါမှမဟုတ် ပိုက်ဆံအနဲငယ်နဲ့ လိုချင်တဲ့ graphic တွေ၀ယ်နိုင်ပါတယ်။ Game artist ဆိုလဲ game တခုကိုအစအဆုံးရေးဖို့ ကျိုးစားမနေပါနဲ့၊ Game engine တွေရှိတယ်၊ တခြား game တခုခုကို Mod လုပ်နိုင်တယ်။ Scripting လောက်တော့သိဖို့လိုပါမယ်။
Game developer လုပ်ဖို့၊ ခုရေတွင်းတူး၊ ခုရေကြည်သောက်ချင်လို့တော့ မရပါ။ Game programming ကိုလေ့လာဖို့အနဲဆုံး ၂-၃ နှစ်လောက်အချိန်ပေးရပါမယ်။ ပြီးရင် ကိုယ်ပိုင် portfolio တွေရှိလာဖို့၊ အလုပ် experience ရှိလာဖို့၊ နောက် ၃နှစ်လောက် အချိန်ပေးရပါအုံးမယ်။ အနဲဆုံးတော့ သင် ၅ နှစ်လောက်ရင်နှီးမြုတ်နှံရပါမယ်။ ဒါကြောင့် ၀ါသနာပါရုံနဲ့မရဘဲ၊ ဇွဲရှိဖို့ သိပ်လိုပါတယ်။ တကယ်ကျွမ်းကျင်နဲ့ developer ဖြစ်ဖို့တော့ သင် ၁၀ နှစ်လောက် practice လုပ်ဖို့လိုပါမယ်။
Gmail ထဲကို Twitter နဲ့ Facebook သွင်းမယ်။
အဆင့် ၁ ။ သင့် Gmail ထဲကို ၀င်လိုက်ပါ ။
အဆင့် ၂ ။ Gmail Labs (not Google Labs) ကိုသွားပါ ။ Gmail ထဲက Setting ကို နှိပ်ပြီး Labs ကိုသွားလို့ရပါတယ် ။
အဆင့် ၃ ။ Labs ထဲရောက်ရင် အောက်ဆုံးနားလောက်အထိ Scroll ဆွဲချလိုက်ရင် “Add any gadget by URL” ဆိုတာလေးကို Enable လုပ်လိုက်ပါ ။
အဆင့် ၄ ။ ပြီးရင် Save Changes လုပ်လိုက်ပါ။
အဆင့် ၅ ။ ပြီးရင် Gmail Setting ထဲက Gadgets ကိုသွားလိုက်ပါ ။ပြီးရင် Add a gadget by its URL: မှာ “https://twittergadget.appspot.com/gadget-gmail.xml"(copy link address လုပ်ပါ ။မနှိပ်လိုက်ပါနဲ့) ပြီးရင် Paste လုပ်ပြီး Add လုပ်လိုက်ပါ ။
အဆင့် ၆ ။ ပြီးရင် inbox ကိုသွားလိုက်ပါ ။အောက်က ပုံလေးအတိုင်း မြင်ရပါလိမ့်မယ် ။
ပြီးရင်တော့ Click here ဆိုတာလေးကို နှိပ်ပြီး အောက်က ပုံအတိုင်း Username နဲ့ Password ရိုက်ပြီး Allow လုပ်လိုက်ပါ ။
အဆင့် ၇ ။ ပြီးရင် Gmail Inbox ကိုပြန်သွားပြီး Click here to reload page ကို နှိပ်လိုက်ပါ ။ ကဲအောက်က ပုံတွေလို ကိုယ်တင်ချင်တဲ့ Update တွေ Twitt တွေ တင်လို့ရပါပြီ။
ကဲအားလုံးရှင်းပါတယ်နော် ။ ကျွန်တော်နောက်ထပ် အဲလိုမျိုး Facebook ကိုဘယ်လို သွင်းမလည်းဆိုတာ ဆက်ပြောပါ့မယ်။
အဆင့် ၈ ။ Facebook ကိုသွင်းဖို့  Gmail Setting ထဲက Gadgets ကိုသွားလိုက်ပါ ။ပြီးရင် Add a gadget by its URL: မှာ “http://hosting.gmodules.com/ig/gadgets/file/104971404861070329537/facebook.xml"(copy  link address လုပ်ပါ ။မနှိပ်လိုက်ပါနဲ့) ပြီးရင် Paste လုပ်ပြီး Add လုပ်လိုက်ပါ ။
အဆင့် ၉ ။ ပြီးရင် inbox ကိုပြန်သွားပြီး အောက်က ပုံအတိုင်း လုပ်လိုက်ပါ ။ သင့် Gmail ထဲကနေ Facebook ရှိ update များကို စစ်လို့ရပါပြီ ။
ကဲ အားလုံးကျေနပ်မယ်လို့ ထင်ပါတယ် ။
Credit To >>>
http://holykaw.alltop.com/how-to-integrate-twitter-and-facebook-into-gm-0?
IOS နှင့် CISCO Router Configuration သဘောတရားများ
[/CENTER]
ဒီ IOS ဆောင်းပါးနဲ့ပတ်သက်ပြီး စကားနည်းနည်းပြောပါရစေ .. တကယ်တမ်း Main Router ကြီးတွေကို configure လုပ်ခြင်းနှင့်ပတ်သက်ပြီး ပြောရမယ်ဆိုရင် ရှူတ်ထွေးလှပါတယ်.. ဒါပေမဲ့လည်း ဒီဆောင်းပါးမှာတော့ အတတ်နိုင်ဆုံး သဘောတရား ပိုင်းများကို ပြည့်စုံအောင်တော့ ရေးပြထားပါတယ် .. လိုအပ်ချက်တွေတော့ရှိကောင်းရှိမှာပါ.. ဒီလိုရေးတာမှာလည်း အပြင်မှာ တကယ့် စက်ပစ္စည်းများကိုကိုင်တွယ်ပြီး လုပ်ဆောင်ခြင်း နှင့် အခုလို သီအိုရီသဘောတရား များနဲ့လုပ်ဆောင်ခြင်း ဟာကွာခြားလှပါတယ် .. အတွေ့အကြုံလည်း ကွာခြားပါတယ်..ဒါပေမဲ့ .. သီအိုရီသဘောတရားများကို ကျေညက်အောင် လေ့လာထားမယ်ဆိုရင် တော့ တကယ့် စက်ပစ္စည်းတွေနဲ့လုပ်ဆောင် ရတဲ့ အခါမှာအများကြီးအထောက်အကူပြုပါလိမ့်မယ် .. တကယ်တမ်းစက်ပစ္စည်းများကိုသုံးပြီး အသေးစိတ် Configure လုပ်ပြဖို့ကအခက် အခဲရှိလို့ packet tracer ကိုသုံးပြီးရှင်းပြထားခြင်းအပေါ်နားလည်နိုင်လိမ့်မယ်လို့ ထင်ပါတယ် … နောက်ပြီး ဒီဟာက လေ့လာရင်လေ့လာသလောက် ကျယ်ပြန့်ပါတယ်… အဲဒါကြောင့် စိတ်၀င်စားတယ်ဆိုရင် မိမိ ကိုယ်ကို ဆက်လက်လေ့လာဖို့လိုပါတယ်..အဲဒီ simulation လုပ်ပြတဲ့ packet tracet software ကိုပါ လေ့ကျင်နိုင်အောင် အများအဆင်ပြေနိုင်မဲ့ multiupload မှာဘဲတင်ပေးထားပါတယ်…အဆင်ပြေမယ်လို့မျှော်လင့်ပါတယ်…
Download Packet Tracer 5.0
http://www.multiupload.com/9AYWG59P0B
[/CENTER]
[CENTER]
[/CENTER]
IOS ဆိုတာ …
IOS ဆိုတာ အရှည်လိုဆိုရင် Internetworking Operating System ဖြစ်ပါတယ်.. အဓိပါ္ပယ်ကတော့ IOS ဆိုတာ Router နှင့် Switch အများစုရဲ့ Kernel ဘဲဖြစ်ပါတယ် .. Kernel ဆိုတာ Operating System ရဲ့ မရှိမဖြစ် သောအစိတ်အပိုင်း တစ်ခုဖြစ်ပြီး သူဟာ  Hardware နှင့် Interface ပြုလုပ်ခြင်း Security ပိုင်းဆိုင် ရာတို့ကို Low level နည်းဖြင့် Manage လုပ်ခြင်းဖြစ်ပါတယ်.. ရှင်းရှင်း ပြောရရင် IOS ဆိုတာ router တွေ Switch တွေမှာ အသုံးပြုဖို့အတွက် ဖန်တီးပေးထားတဲ့ Operating System တစ်မျိုးလို့ပြောရင် ရပါတယ်.. နောက်ပြီး IOS လို့ဆိုရာမှာ Router တွေ Switch တွေကို ထုတ်လုပ်တဲ့ Vendor တွေအပေါ်မူတည်ပြီး သက်ဆိုင်ရာ Operating System တွေလည်း ကွာခြားသွားပါတယ် .. ဒီဆောင်းပါးမှာ အဓိကတော့ Cisco ရဲ့ IOS အကြောင်းဘဲပြောထားပါတယ်..
IOS ရဲ့ တာ၀န်များ..
IOS ရဲ့ အဓိကတာ၀န်တွေကတော့ ..
1  Routing
2  Switching
3  Telecommunication
4  Internetworking    ဆိုတဲ့ အပိုင်းတွေကို လုပ်ဆောင်ပေးပါတယ်..
ဒီနေရာမှာ Routing , Switching and Telecommunication တွေကတော့ လူတော်တော်များများသိရှိပြီးဖြစ်ပါတယ် .. Internetworking ဆိုတာကို ပြောရရင် သီးခြားစီရှိနေပြီး မတူညီတဲ့ Network များအား ပေါင်းစပ်ချိတ်ဆက်ထားခြင်း ကို
Internetworking လို့ခေါ်ပါတယ်..
Cisco IOS ကို အသုံးပြုမယ်ဆိုရင်..
IOS ကို configure လုပ်မယ်ဆိုရင် CLI (Command Line Interface ) Mode ကနေ၀င်ရောက်လုပ်ဆောင်ရပါမယ် .. တနည်း အားဖြင့်တော့ DOS (Disk Operating System) Mode မှ တဆင့် Router Commands များကို အသုံးပြုပြီး ထိန်းချုပ်ခြင်းပါဘဲ .. Cisco က သူ့ရဲ့ IOS ကိုအသုံးပြုဖို့ရန် Administrator တွေအတွက် CLI mode ကို ဖန်တီးပေးထားပါတယ် .. ဒါပေမဲ့ ဒီဆောင်းပါးမှာတော့ Router ကို Demonstration လုပ်ပြဖို့ အတွက် CISCO ရဲ့ Packet Tracer Software ကို သုံးပြီး သဘောတရားလောက်ဘဲပြောပြထားပါတယ် .. ဘာကြောင့်လဲဆိုတော့ စက်ပိုင်းဆိုင်ရာ (hardware) အခက်အခဲများကြောင့်ဖြစ်ပါ တယ် .. ဒါပေမဲ့ .. တော်တော်များများတော့ သဘောတရားပိုင်းပြည့်စုံပါလိမ့်မယ်လို့ထင်ပါတယ်..
[CENTER][/CENTER]
[CENTER]Router Configuration လုပ်ငန်းစဉ်အချို့ကိုတွေ့ရစဉ်[/CENTER]
Packet Tracer အားလက်တွေ့အသုံးပြုခြင်း…
Packet Tracer software ကို Install လုပ်ပြီး ဖွင့် ပါမယ်..
[CENTER]
[/CENTER]
[CENTER]
ပုံ - ၁
[/CENTER]
[CENTER]
[CENTER]
ပုံ - ၂
[/CENTER]
Pcket Tracer ကို ဖွင့်ပြီးရင် ပုံ-၁ ကလို Router သင်္ကေတ ပေါ်မှာ Click and Drag လုပ်ပြီး အလယ်မှာချပေးပါ .. ပြီးရင် အဲဒီ Router သင်္ကေတ ပေါ်မှာ Double Click လုပ်လိုက်ရင် ပုံ - ၂ ပေါ်လာပြီး အဲဒီမှာ CLI Tab ကိုသွားပေးပါ ..##### လေးတွေပေါ်နေပါလိမ့်မယ် ခဏစောင့်ပြီးတာနဲ့ command mode ပေါ်လာပါလိမ့်မယ် .. အဲဒီမှာ continue with configuration diaglog? Yes/no : နေရာမှာ no (သို့) n လို့ရိုက်ပြီး Enter တစ်ချက်ပုတ်ပါ .. ပြီးရင် နောက်ထပ် Enter တစ်ချက် ထပ်ပုတ်ပါဦး ..
[CENTER]
ပုံ - ၃
[/CENTER]
Lean Concept more than Language
အဲဒီမှာ ကျွန်တော်တို့ အဓိကပြောဖြစ်တာက Concept ပေါ့။ Concept ကို ဘယ်ကနေ  သွားသင်ရမလဲ ??? emo ၊ မောင်ပြုံး ၊ လင်းဇော်ဝင်း ၊ထူးတေဇာ နောက်ပြီး  ကျွန်တော် ၊အဲမှာပြောတာလေးတွေကို စုစည်းပြီး ကိုယ့်ဘာသာကိုယ် Article  ပြန်ရေးမယ်လို့စိတ်ကူးရပြီး ပြန်ရေးဖြစ်သွားတာ။
Language ဆိုတာကတော့ Programming Language ပဲ ။ Web Developer  တစ်ယောက်ဖြစ်ချင်တယ်ပဲ ဖြစ်ဖြစ် Web Designer ဖြစ်ချင်တယ်ပဲ အရင်ဆုံး HTML ,  CSS , Javascript ဒါတော့ တတ်ထားရမယ်။
Designer တစ်ယောက် အနေနဲ့ Tool ထက်စာရင် Idea က ပိုအရေးကြီးတယ်။ နောက်ပြီး သူ့ဆိုင်ရာ နယ်ပယ်က ပြောင်းလဲမှုတွေ သိနေရမယ်။ Web  Designer ဖြစ်ချင်တယ်ဆိုပြီး Dreamweaver ကြီး လေ့လာနေလို့ အလုပ်မဖြစ်ဘူး။  အဲလိုပဲ Web Developer ဖြစ်ချင်တယ်ဆိုပြီး PHP , ASP.NET စတာတွေ လေ့လာနေတာ  အလုပ်မဟုတ်သေးဘူး။ Designer တစ်ယောက်ရဲ့အမြင် နောက်ပြီး နိုင်ငံတကာက Web  Designer တွေရဲ့ Design တွေ ၊ SamashingMag လိုမျိုး website တွေကို  အမြဲဖတ်နေဖို့ လိုတယ်။ Developer လည်း အဲလိုပဲ။ နောက်ဆုံးပေါ် နည်းပညာတွေ  ၊ API တွေ ၊ AJAX အကြောင်းတွေ နောက်ပြီး ဘယ် trend ကိုပြောင်းကုန်ပြီ Web  Analytic Statics တွေ SEO တွေ အပြင် web master tool တွေကို ပါကောင်းကောင်း  သုံးတတ်ဖို့လိုတယ်။ XML , JSON စတာတွေကို နားလည်ထားရမယ်။
အဲဒါတွေကို ဘယ်ကနေ လေ့လာမလဲ။ အများအားဖြင့် ကျောင်းနဲ့လုပ်ငန်း  အတွေ့အကြုံတွေကနေ ရနိုင်တယ်။ Concept ကို ပိုင်ရင် programming language က  အဓိက မကျတော့ဘူး။ Concept တစ်ခုလုံးက ကိုယ်လုပ်ချင်တာကို  ဘယ်လိုလုပ်ရမလဲဆိုတာကို ဆုံးဖြတ်ပေးတယ်။ Language ကတော့ ကိုယ်လုပ်ချင်တဲ့  နေရာကို ဘယ်လိုရောက်အောင်သွားရမလဲဆိုပြီး မောင်းနှင်ပေးတာပါ။ တကယ်လို့  သင်ကားပဲမောင်းတတ်ပြီး လမ်းကြောင်းတွေ မသိရင် သင် ကားမောင် ဘယ်လောက်  ကျွမ်းကျွမ်း အလကားပဲ။ အဲလိုပဲ လမ်းကြောင်းတွေ ဘယ်လောက် သိသိ ကား  ကောင်းကောင်း မမောင်းတတ်ရင် လိုရာ ခရီးကို ရောက်မှာ မဟုတ်ဘူး။ တနည်းပြောရင်  မောင်းဖို့ ကားက အဓိက မကျပါဘူး။ ကားတစီးက စမောင်းကာစ သင်နဲ့ အဆင်ပြေချင်မှ  ပြေမယ်။ သင်လမ်းကြောင်းသိတယ် အရင်တုန်းကလည်း ကားမောင်းဖူးတယ်ဆိုရင် အဲဒီ  ကားမောင်းနေရင်း အသားကျသွားမှာပါ။
ရန်ကုန်မှာလည်း ကိုရာဗီ တို့ ကိုအိမောင် တို့လို တကယ့်ကို geek ကြီးတွေ  ရှိပါတယ်။ သူတို့လည်း အမြဲ concept အဓိက ထားဖို့ ကို ပြောနေတာကို  myanmaritpro မှာ တွေ့ရမှာပါ။ ခက်တာက ရန်ကုန်မှာ  သင်တန်းတက်နေတဲ့သူတော်တော်များများက programming language ကို  ပိုစိတ်ဝင်စားတယ်။ နောက်ပြီး HTML , CSS , Javascript ကို ကျော်ပြီး  ASP.NET , PHP စတာတွေကို ကျော်သင်ချင်ကြတယ်။ Website ဆိုတာ ဘာမှန်းမသိ။  Internet ဆိုတာ အခုမှ သိဖူးပြီး ASP.NET ကို လာတက်တာကိုတော့  အံသြမဆုံးဘူးပဲ။ အရင်တုန်းက ASP.NET တက်တုန်းက အဲလိုမျိုး သင်တန်းသူ  သင်တန်းသားတွေ တွေ့ဖူးပါ့။ ကားလမ်းသိဖို့မပြောနဲ့ ကားတောင်  မမြင်ဖူးသေးပဲနဲ့ ကားမောင်းချင်တယ် အခုသင်ပေးဆိုသလို မျိုးဖြစ်နေပြီ။  ကားမောင်းရင် ကားလမ်းကို သိရမယ်။ လမ်းပြ ဆိုင်းဘုတ်တွေကို  နားလည်ဖို့လိုတယ်။ ကားအချက်ပြတာတွေကို သိဖို့လိုတယ်။ အဲလိုပဲ Web  Development ပဲ ဖြစ်ဖြစ် Design ပဲ ဖြစ်ဖြစ် Tool နဲ့ တင်မပြီးဘူး။  Language တတ်ရုံတင် မပြီးဘူး။ ဆိုင်ရာဆိုင်ရာကို အမြဲလေ့လာနေဖို့ လိုတယ်။